Tuesday, February 3, 2026

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့်...

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့်...

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း...

ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ် နှင့် ဗီဇာဝန်ဆော...

အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပရှိအမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်းယူထားသော နိုင်ငံကူးလ က်မှတ် (passport)နှင့် ဗီဇာ (visa) ဝန်ဆောင်မှုများကို အ ခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြ...
HomeMoviesအကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ...

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု ဖားကန့်တွင်ဖြစ် ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည် အခြေခံပညာအထက်တန်း ကျောင်း(ဖားကန့်)အဆောက်အအုံနှင့် အနီးဝန်းကျင်၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် Grade-4 တွင်ပညာသင်ကြားနေသော ကလေးငယ်(၂)ဦးမှာ ဗုံးစထိမှန်ဒဏ်ရာများရရှိပြီး စာသင်ဆောင်အဆောက်အအုံများပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကျောင်း သားကလေးငယ်(၂)ဦးကို တာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များမှလည်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် အကြမ်းဖက်မှုတန်ပြန်ချေမှုန်းရေးကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများကိုဆွေးနွေး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအေးကျော်၊ တာဝန်ရှိသူ များ၊ ရုရှားနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့် ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov တို့ကရေးထိုးလဲလှယ်ခဲ့ကြသည်။ ထို့ပြင် ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov သည် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်လည်းတွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်ကြား စစ်ဘက်နည်းပညာ၊ သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း ပြည်နယ်၊ တာချီလိတ်မြို့သို့လာရောက်၍  မြန်မာ- ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာခဲ့ကြောင်း သိရသည်။ အိန္ဒိယသံအမတ်ကြီးသည် တာချီလိတ်မြို့၊ တာလော့ဈေးနှင့် ရွှေနန်းတော်ကုန်တိုက်၊ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားတွင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကူသန်းသွားလာမှုများ၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားတွင် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ မိုင်းဖုန်းဆရာတော်ကြီး၏ သာသနာ့နယ်မြေမှ ဗုဒ္ဓဂါယာဘုရားအားဖူးမြှော်ကြည်ညိုပြီး မဲခေါင်အပြည်ပြည်ဆိုင်ရာမြစ်တွင်းဆိပ်ကမ်း(ဝမ်ပုံ)ကိုလည်းကြည့်ရှုလေ့လာကာ တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း)တွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။ Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071