Friday, December 5, 2025

ဆီးဂိမ်းပြိုင်ပွဲ၌ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းကို ကြိုးစား...

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့နှင့် ယခုဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံထိပ်တိုက်တွေ့ဆုံမည်ဖြစ်ရာ ကြိုးစားပြီး ရင်ဆိုင်သွားမည်ဟု နည်းပြချုပ် ကူရိုဆာခီက ပြောသည်။ ဒီဇင်ဘာ (၄)ရက် ၊မွန်းလွဲ...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ်သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့ ဂျိုးဘိုင်ဒင်ရဲ့...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ် သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့...

စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် (၄၀၀)ကျော်...

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင်...
HomePopular Academyအကယ်ဒမီ ဆုရနိုင်သူများစာရင်းတွင် (၁)...

အကယ်ဒမီ ဆုရနိုင်သူများစာရင်းတွင် (၁) ပြေးနေသည့် “လူသားအသည်းနှလုံး စိုင်းစိုင်း”

မကြာသေးမီ လပိုင်းအတွင်းက ထွက်ခဲ့သည့် ” လူသားအသည်းနှလုံးနှင့် ကျွန်တော်” သီချင်းနှင့် ပရိသတ်များ၏ အားပေးမှုကို သိမ်းပိုက်လိုက်ပြန်သည့် အဆိုတော် ၊ သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ စိုင်းစိုင်းခမ်းလှိုင်သည် ယနေ့ည ကျင်းပမည့် အကယ်ဒမီ ဆုပေးပွဲတွင်လည်း အကယ်ဒီဆု ချီးမြှင့်ခြင်း ခံရနိုင်ကြောင်း ထင်ကြေးပေးခံနေရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် နေပြည်တော် ၊ MICC (1) ၌ ၂၀၂၄ ခုနှစ် အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီချီးမြှင့်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင် ပါဝင်သရုပ်ဆောင်ထားသည့် “ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့ရင်” ဇာတ်ကားမှာ အကယ်ဒမီ ဆန်ကာတင်စာရင်းတွင် ပါဝင်နေခြင်း ဖြစ်သည်။

“ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်” ဇာတ်ကားကို ဒါရိုက်တာ ကောင်းဇံက ဖန်တီပုံဖော်ထားပြီး စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုန်ရွှေရည် ၊ မင်းသူ ၊ ခင်ဇာခြည်ကျော် ၊ မင်းဦး ၊ ခင်မို့မို့အေး ၊ထူးခြား ၊ ဆင်မ ၊ ဇော်မှိုင်း ၊ ဂရိတ်ချမ်း ၊ ကျော်ထက် ၊ ဇူဇူးဈာန် စသည့် ဝါရင့်သရုပ်ဆောင်များ ပါဝင်အားဖြည့်ထားသည့် ဇာတ်ကားဖြစ်သည်။

စိုင်းစိုင်းခမ်းလှိုင်သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ရုံတင်ပြသခဲ့သည့် “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားခြင်းဖြစ်သည်။

အကယ်၍ ယခုနှစ်တွင်ပါ ထပ်မံရရှိမည်ဆိုပါက နှစ်‌ထပ်ကွမ်း အကောင်းဆုံ ဇာတ်ဆောင် အကယ်ဒမီဆုရှင်အဖြစ် မှတ်တိုင်စိုက်ထူနိုင်မည့်အပြင် သူ၏ ထုတ်လုပ်ရေးက ရရှိထားသည့် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုနှင့်ပါဆိုလျင် အကယ်ဒမီ (၃) ဆုကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာမည်လည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်က ရုံတင်ပြသခဲ့သည့် “ပိတောက်ကတဲ့ ဂီတ”ဇာတ်ကားမှာ အဆိုပါနှစ်အတွက် အကောင်းဆုံးထူးချွန်ဆုများအနေဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ၊
အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး နောက်ခံတေးဂီတဆုနှင့် အကောင်းဆုံး ဒါရိုက်တာဆုစသဖြင့် စုစုပေါင်း အကယ်ဒမီ (၄)ဆုရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းပြိုင်ပွဲ၌ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းကို ကြိုးစား ရင်ဆိုင်မည်ဟု နည်းပြချုပ် ကူရိုဆာခီ ပြော

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့နှင့် ယခုဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံထိပ်တိုက်တွေ့ဆုံမည်ဖြစ်ရာ ကြိုးစားပြီး ရင်ဆိုင်သွားမည်ဟု နည်းပြချုပ် ကူရိုဆာခီက ပြောသည်။ ဒီဇင်ဘာ (၄)ရက် ၊မွန်းလွဲ (၂) နာရီအချိန်က ချင်းမိုင်အားကစားကွင်း၌ ကျင်းပခဲ့သည့် ဆီးဂိမ်းစ် ၂၀၂၅ အမျိုး သားဘောလုံးပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ "ပြိုင်ဘက်အသင်းတွေကို ကျွန်တော်တို့ လေးစားမှုနဲ့ ယှဉ်ပြိုင်မှာပါ။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား အသင်းတွေက တောင့်တင်းပြီး တကယ်ကောင်းတဲ့ အသင်းတွေဆိုတာ သူတို့နဲ့တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ မြင်ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ဆီမီးဖိုင်နယ်တက်တဲ့...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ်သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့ ဂျိုးဘိုင်ဒင်ရဲ့ CAFE လို့ ခေါ်တဲ့ ကော်ပိုရိတ် ပျမ်းမျှလောင်စာဆီ ချွေတာရေး စံနှုန်းတွေကို တရားဝင် ရပ်စဲလိုက်ပါတယ်" ဟု အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပ်က ပြောကြားခဲ့သည်။ ခရီးသည်တင်ကားများနှင့် အပေါ့စားထရပ်ကားများအတွက် ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံး၏ ပျမ်းမျှဆီစားသက်သာမှုသည် ၂၀၃၁ ခုနှစ်ထုတ် မိုဒယ်နှစ်တွင် တစ်ဂါလံလျှင် ၃၄.၅ မိုင်၊ ဘိုင်ဒင်...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ် သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့ ဂျိုးဘိုင်ဒင် ရဲ့ CAFE လို့ ခေါ်တဲ့ ကော်ပိုရိတ် ပျမ်းမျှလောင်စာဆီ ချွေတာရေး စံနှုန်းတွေကို တရားဝင် ရပ်စဲလိုက်ပါတယ်" ဟု အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပ် က ပြောကြားခဲ့သည်။ ခရီးသည်တင်ကားများနှင့် အပေါ့စားထရပ်ကားများအတွက် ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံး၏ ပျမ်းမျှဆီစားသက်သာမှုသည် ၂၀၃၁ ခုနှစ်ထုတ် မိုဒယ်နှစ်တွင် တစ်ဂါလံလျှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071