Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeInterviewsအကယ်ဒမီသက်မွန်မြင့်၏ ရင်သွေး 'အားချစ်'ကို...

အကယ်ဒမီသက်မွန်မြင့်၏ ရင်သွေး ‘အားချစ်’ကို ပြုစုထိန်းသိမ်းစောင့်ရှောက်နေသည့် မိသားစုဆရာဝန်ပါမောက္ခ ဒေါ်ကေသီထွန်းနှင့် တွေ့ဆုံခြင်း

daw-katytun

အရင်ခေတ်တုန်းကဆိုရင် သားသမီး၊ ကလေးသူငယ်လေးတွေကို အချိန်ပြည့်စောင့် ရှောက်ဖို့ အတွက် မိခင်ကိုယ်တိုင်ပဲ တာဝန် ယူ စောင့်ရှောက်ခဲ့ကြပေမယ့် မျက်မှောက်ခေတ်မှာကျတော့ ပြောင်းလဲလာတဲ့ ခေတ်ရေစီး အရွေ့အပြောင်းနဲ့အတူ မိဘတိုင်းလိုလို နှစ်ဦးစလုံးမှာ ကိုယ်စီကိုယ်စီ လုပ်ငန်းခွင်တွေထဲမှာ ဝင်ရောက် လုပ်ကိုင်နေကြရ တာမို့ မိမိတို့ သားသမီး ကလေးသူငယ်တွေအပေါ် အချိန်ပြည့် အနီးကပ်ပြုစုစောင့် ရှောက်ပေးမှုတွေ နည်းပါးလာပါတယ်။ တချို့ ကလေးသူငယ်တွေဆိုရင်မိဘဆွေမျိုး၊ နီးစပ်ရာတွေရဲ့ ထိန်းသိမ်းစောင့် ရှောက်မှုအောက် ကြီးပြင်းခဲ့ရသလို တာဝန်ပေး အပ်နှင်းထားတဲ့ကလေးထိန်းတို့ရဲ့ စောင့် ရှောက်မှု အောက်မှာ ကြီးပြင်း ခဲ့ရတာလည်းရှိပါတယ်။ ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်ဖို့ အပါ အဝင် အသက်အရွယ်အနေအထားအလိုက် ဖြစ်တတ်တဲ့ရောဂါ များနဲ့ စရိုက်လက္ခဏာတွေရော၊ ကလေးငယ် လေးတွေရဲ့ သဘော လက္ခဏာ အမူ အရာအနေ အထား လေးတွေပါ ဖြစ်တည်ရှိတဲ့ သဘောသဘာဝ အကြောင်းနဲ့ ပတ်သက်ပြီး တော့ သရုပ်ဆောင် သက်မွန်မြင့် ရဲ့သားလေး အားချစ်ကို ပြုစု စောင့်ရှောက်ပေးနေ တဲ့ မိသားစု ဆရာဝန်ကြီး ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာကေသီထွန်း FRCP, Dr Med Sc (Paed) ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

ဆရာမကြီးအနေနဲ့ မင်းသမီး သက်မွန်မြင့်ရဲ့ သားလေး အားချစ်ကို သေချာဂရုစိုက်ကုသပေးပြီး Care လုပ်ပေးတယ်လို့ သိရပါတယ်။ ဒီကလေးတွေကို ဂရုစိုက်ကုသရတဲ့ အပေါ်မှာ ဆရာမကြီးရဲ့အမြင်လေး သိချင်ပါတယ်။

အားချစ်လေးက ကျန်းမာတဲ့ ကလေးလို့ ပြောလို့ရတယ်။ အထူးသဖြင့် ချူချာလွယ်တဲ့ တစ်နှစ်အောက်အရွယ်မှာ ဒီကလေးက ကြီးကြီးမားမား နေထိုင်မကောင်းဖြစ် တာရယ်လို့ မရှိဘူးပေါ့။ တစ်ခါတလေ ဝမ်းလေးနည်းနည်းပျော့ချင်တာရှိမယ်။ နောက်ပြီးတော့ ရံဖန်ရံခါမှာ ပတ်ဝန်းကျင်က အအေးမိ၊ ချောင်းဆိုးတဲ့သူတွေ ရှိနေမယ်ဆိုရင် သူက အအေးမိ၊ ချောင်းဆိုးတာ ရှိသွားမယ်။ ဒါလေးတွေပဲ ဖြစ်တတ်တာပေါ့။ အဲဒီလို ကျန်းမာတာကလည်း ဘာအပေါ်မှာမူတည်လဲဆို တော့ အမေက အလုပ်တာဝန်များနေ သည့်တိုင်အောင် သေချာစီစဉ်ပြီး တော့ ကလေးကို သေချာဂရုစိုက် စောင့်ရှောက်ပြီး အနားမှာရှိတာ လည်းပါမယ်။ နောက်တစ်ချက်ကတော့ ကလေးကို တာဝန်ယူစောင့် ရှောက်တဲ့ ကလေးထိန်းသူရဲ့ အရည်အသွေးကလည်း အရေးကြီးတယ်။ ကလေးထိန်းရဲ့ အရည်အသွေး ကောင်းနေတယ်ဆိုရင် မိဘတွေက တန်ဖိုးထားပြီးတော့မှ တစ်ဦးမေတ္တာ တစ်ဦး အပြန်အလှန်နားလည် တန်ဖိုးထားတတ်ဖို့ကလည်း အရေး ကြီးပါတယ်။ အခုနောက်ပိုင်းမှာ တွေ့နေရတာက ချူချာလွန်းတဲ့ ကလေး၊ ဝမ်းပျက်ဝမ်းလျှောဖြစ်လွယ် တဲ့ ကလေး၊ အရေပြားပေါ်မှာ အနာ ပေါက်လွယ်တဲ့ကလေး စသည်ဖြင့် ပေါ့။ အဲဒီကလေးတွေမှာတွေ့နေ ရတာက ဘာလဲဆိုရင် မိဘတွေ ကိုယ်တိုင်က အလုပ်များတာချင်း အတူတူ သူတို့အားတဲ့အချိန် ဒါမှမဟုတ် အားနေသည့်တိုင်အောင် ၂၄ နာရီပတ်လုံး ကလေးတာဝန်တွေကို ကလေးထိန်းရဲ့ ခေါင်းပေါ်မှာပဲ တာဝန်တွေပုံချထားတတ်တယ်။ နောက်တစ်ချက်က သူတို့ရွေးချယ် လိုက်တဲ့ ကလေးထိန်းပေါ့။ သူက ကလေးပြုစုတဲ့ အတတ်ပညာကို ကြားဖူးရုံပဲဖြစ်ချင်ဖြစ်မယ်။

သူတို့ ကိုယ်တိုင် ကလေးသာသာအဆင့်ပဲ ဖြစ်ချင်ဖြစ်မယ်ပေါ့။ တစ်ခါတလေ ဘယ်လိုတွေ့ရတတ်လဲဆိုတော့ ကလေးက ဝမ်းတွေတအားပျက်တယ်။ အမေက ရုံးကပြန်လာချိန် ဆေးခန်းကို ပြေးလာတယ်။ နောက်တစ်ခုက ကလေးနေမကောင်းဖြစ်နေချိန်မှာ ကလေးထိန်းက ကလေးက သူ့အမေလက်ထဲမှာဆိုတော့ သူ့တာဝန်မဟုတ်တော့ဘူးဆိုပြီး ဖုန်းလေးပွတ်ပြီး ဖေ့စ်ဘုတ်ကြည့်နေတာမျိုးပေါ့။ အဲဒါမျိုးတွေမြင်ရရင် ကျွန်မ စိတ်ထိခိုက်မိတယ်။ တချို့ ကလေးထိန်းတွေက ကလေးထိန်းတဲ့ကိစ္စမှာ နားမလည်ဘူး။ မကျွမ်းကျင် ဘူး။ မရောက်ဖူးတဲ့ပတ်ဝန်းကျင် တစ်နေရာကို မနေ့တစ်နေ့ကမှ ရောက်လာမယ်။ လခတစ်ခုပေးထား တဲ့အတွက်ကြောင့် သူ့အနေနဲ့ သင်ရင်းလုပ်သွားမယ်။ ဒီမှာရှိတဲ့ မိသားစုက သူ့ကိုသင်ပေးသွားမှာပဲ ဆိုတဲ့စိတ်နဲ့ ဒီအလုပ်ကို လက်ခံတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ကလေး မှာက ဘာဖြစ်လဲဆိုတော့ သူစိမ်း လက်ထဲမှာ၊ ကလေးကို လုံးဝတာဝန် မယူတတ်သေးသူရဲ့ လက်ထဲမှာ ဒီကလေးကို ထားလိုက်သလိုဖြစ်သွား တယ်။ ဒါတွေက အဓိကအခက်အခဲ တွေပေါ့။ ဒီဘက်ခေတ်မှာ ကလေး ထိန်းတဲ့အလုပ်ကို လုပ်ချင်တဲ့သူ တွေလည်း တော်တော့်ကို ရှားသွားပါ တယ်။ ဒါပေမဲ့ ကလေးထိန်းကို သေချာလေးရွေးပြီး ကြိုတင်ပြင်ဆင် ဖို့ လိုပါတယ်။ မိဘတွေအနေနဲ့ ကလေးကို တကယ်ကောင်းကောင်း မွန်မွန်နဲ့ ဂရုစိုက်မယ့် ကလေးထိန်း မျိုးကို ရမယ်ဆိုရင် ဘယ်လောက် ကုန်ကျစရိတ်များပါစေ။ မိဘက တချို့အသုံးအဆောင်ကိစ္စမှာ ချွေတာသုံးပြီး ကလေးအတွက် အရေးကြီးတဲ့ တစ်နှစ်၊ နှစ်နှစ်ကာလ လေးမှာ ဒီကလေးကို ဂရုစိုက် ပြုစု စောင့်ရှောက်တဲ့သူရှိဖို့ အရေးကြီး ပါတယ်။ အားချစ်လေး ကျန်းမာ တယ်ဆိုတာက သူ့ကိုဂရုစိုက်ပေးတဲ့ သူတွေလည်းရှိမယ်။ သူ့ရဲ့မျက်နှာ လေးကလည်း ချစ်စရာကောင်း နေသလို အဖေနဲ့ အမေကိုရော လူတွေကမြင်ရင် သူတို့မိသားစုကို ချစ်ကြ၊ ခင်ကြတယ်။ အဲဒီလိုမျိုး အပေါ်မှာ စေတနာနဲ့ အပြန်အလှန် ဂရုစိုက်ကြတဲ့အတွက် ကလေးက ပိုပြီးတော့ ကျန်းမာတယ်လို့မြင်တယ်။ အမေ ဖြစ်သူကိုယ်တိုင်ကလည်း မိခင်တစ်ယောက်ပီသစွာ သူ့ကလေး ကို ဂရုစိုက်တယ်ဆိုတာက ဒီမိသားစု မှာ ပေါ်လွင်နေတယ်။ နောက် ကျွမ်း ကျင်တဲ့သူတွေကိုလည်း ရွေး ထား တယ်။ အဲဒီလို ပေါ်လွင်တဲ့ အခါမှာ ကျွန်မတို့ပြုစုစောင့်ရှောက်ရတယ်။ ဒီကလေးကို ပိုပြီးတော့ လုံခြုံစေတယ်။ ဒီလိုတော့မြင်မိပါတယ်။

ဆက်လက်ဖော်ပြပါမည်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071