Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomePopular Academy2017 Academyအကယ်ဒမီ ဆန်ခါတင်(၁၁) ကား...

အကယ်ဒမီ ဆန်ခါတင်(၁၁) ကား အထူးဆု (၁၁)ဆုနှင့် ပရိသတ်ပေးသည့် အကယ်ဒမီဆု

၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးနီးလာသည် နှင့်အမျှ ရင်ခုန်မှုတွေလည်း ပြင်း ထန်လာပါပြီ။ ပရိသတ်ကြီး၏ ဆန္ဒ များလည်း ပေါ်ထွက်လာပါပြီ။

ယခုနှစ်အကယ်ဒမီစာရင်းဝင် ဇာတ်ကားပေါင်း ၅၃ ကားရှိပါသည်။ တစ်နေ့နှစ်ကားနှုန်းကြည့်ရှုစိစစ်လာ ရာမှ တစ်လဝန်းကျင်တွင် ပြီးဆုံးသွားခဲ့ သည်။ ထိုဇာတ်ကားများထဲမှ ဇာတ်ကား ၁၁ ကားကို အကဲဖြတ်အမှတ်ပေးရွေး ချယ်ခဲ့ကြသည်။ တချို့က ဇာတ်ကား သုံးကားမျှ ပြန်လည်ကြည့်ရှုကြသည်။

ဒုတိယအကြိမ် ဇာတ်ကား ၁၁ ကားကို ကြည့်ရှုကြသည်။ အမှတ်ပေး စရာတွေ တွေ့ရှိလာသည်။ တတိယ အကြိမ်၊ စတုတ္တအကြိမ်ထိ ကြည့်ပါ သည်။ ဇာတ်ကားအကြိမ် ၉ဝ လောက် ကို ကြည့်ရှုပြီးမှ အမှတ်ပေးကြပါ သည်။ အကြိမ်များစွာကြည့်ကြရှုပြီး အားစိုက်ကြည့်ရလွန်းသဖြင့် အကဲ ဖြတ်အဖွဲ့ဝင် အတော်များများ မျက် လုံးထိခိုက်ခဲ့ရပါသည်။ Air con ကြောင့် အဆုတ်အအေးပတ်သူ ပတ်ကြပါသည်။ သို့သော် တာဝန် ကျေအောင် ထမ်းဆောင်ရပါမည်။ တာဝန်ကျေကြပါသည်။ ရုပ်ရှင် အစည်းအရုံးကလည်း အကဲဖြတ်များ အပေါ် အချိန်ပေးမှုအတွက်၊ တာ ဝန်ယူမှုများ ကျေပွန်ခဲ့ပါသည်။

၂ဝ၁၆ ခုနှစ် ဆုချီးမြှင့်ခဲ့စဉ်က ဆု ၂ ဆု ချန်လှပ်ခဲ့ပါသည်။ မနှစ် က ဆုချန်လှပ်ခဲ့မှုတွင် ဝမ်းနည်းစရာ ကောင်းပါသည်။ ရသင့်၍ မရပါ။ ဇာတ်ညွှန်းဆုနှင့် အမျိုးသမီးဇာတ်ပို့ ဆုတို့ကို ၅ဝ ရာခိုင်နှုန်းမကျော်၍ဟု ဆိုကာ ချန်လှပ်ထားခဲ့သည်။ သို့သော် တခြားသော ၅ဝရာခိုင်နှုန်းမကျော် သည့် ဆုအမျိုး အစား ၂ ဆုကိုတော့ မချန်လှပ်ဘဲ ပေးခဲ့ပါသည်။ ယခုနှစ် မှာတော့ ၅ဝရာခိုင်နှုန်းကို ပြင်လိုက် ကြပါသည်။ အမှတ်အများဆုံးရရှိသူ ကို ဆုချီးမြှင့်မှာဖြစ်လို ဆု ၁၁ ဆုလုံး (ချန်လှပ်ခြင်းမရှိတော့ဘဲ)ဆု အား လုံးကို ချီးမြှင့်ပါမည်။

ယခုနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပါပြီ။ယှဉ်ပြိုင်မှုပြင်းထန်သလို၊အားပြိုင်မှုကလည်းလျော့မသွားပါ။အကဲဖြတ်တို့လည်းအလွန်ခေါင်းစားခဲ့ပါသည်။ ၂ လ တာမျှ အချိန်ပေးအကဲဖြတ်ခဲ့ရသည်။

မတ်လ၂၃ရက်နေ့တွင်၂ဝ၁၇ခုနှစ်အတွက်အကယ်ဒမီဆုပေးပွဲကြီး ကျင်းပပါတော့မည်။ အကဲဖြတ်တို့ တစ်ဦးချင်းလျှို့ဝှက်အမှတ်ပေးခြင်း များကို ချိတ်ပိတ်၍ ရုပ်ရှင်အစည်းအ ရုံးသို့ အပ်နှံခဲ့ပြီးပါပြီ။ ထိုအိတ်များကို ဖွင့်ဖောက်ပြီး အမှတ်ပေါင်းရန် ပညာ ရှင် ၃ ဦးကို ရွေးချယ်ထားပြီးဖြစ်ပါ သည်။ ထိုအနုပညာရှင်ကြီး ၃ ဦးက အိတ်ဖောက်၍ ရမှတ်ပေါင်းကာ ဆုရှင်များကို ထုတ်နုတ်ပေးပါမည်။ ယခင်နှစ်က ပညာရှင် ၅ ဦးက အိတ် ဖောက်ခဲ့ပါသည်။

ယခင်နှစ်ကဆုချီးမြှင့်ရာတွင် ရွှေသား၂ ကျပ်သားဖြစ်ပြီး၊ ယခုနှစ် မှာတော့ ရွှေ ၅ ကျပ်သားချီးမြှင့်မည် ဟု အတိအလင်းကြေညာခဲ့ပါသည်။ ထူးခြားမှုမှာ တစ်သက်တာဆုချီးမြှင့် မည်ဖြစ်၍ ရွှေစင်ရုပ်ဆု ၅ ကျပ်သား အပြင်၊ သက်ရှိထင်ရှားရှိနေသည်အ ထိ တစ်လလျှင် ကျပ်၅သိန်း ချီးမြှင့် မှာဖြစ်သဖြင့် ဂုဏ်ယူစရာကောင်းနေ သည်။

ယခုရွေးချယ်ထားသည့်ဇာတ်ကားများထဲမှ ဆုများကိုထင်ကြေး မျိုးစုံပေးနေကြသည်။ တချို့က အမျိုးကိုချစ်ကြသည်။ တချို့က ကရု ဏာသက်ကြသည်။တချို့ကအားပေးကြသည်။အနုပညာရှင်တို့၏ကြိုး စားအားထုတ်မှုသည်လည်း ထင်ထင် ရှားရှား တွေ့မြင်နေရသည်။

ယခုနှစ်မှာတော့ ဆုရွေးချယ်မှု အနီးစပ်ဆုံးနှင့် မှန်ကန်မှုအားသာ လာသည်။ အကြိမ်ကြိမ်ကြည့်ရှုစိစစ် ၍ အကြိမ်ကြိမ် အစည်းအဝေးပြုလုပ် ပြီး အမှတ်ပေးစနစ်မှန်ကန်စေရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။
အားသာချက်၊ အားနည်းချက် များရှိနေပါဦးမည်။ အမှားများပြင်၍ မှန်ကန်တိကျလာစေရန် ဆောင်ရွက် ပါမည်။ လာမည့်နှစ်အတွက် ဆုပေး စနစ်အမှားများကို ပြန်လည်ပြင်ဆင် သွားရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ယခုနှစ်အတွက် ပရိသတ်၏ ထင် ကြေး၊ ဆန္ဒပြုခံရသည့် အကယ်ဒမီ ရရှိနိုင်မည့် ခန့်မှန်းစာရင်းကို တင်ပြ ပါမည်။People’s award ပရိသတ် က ချီးမြှင့်သည့်ဆုပေါ့။

ဖော်ပြပါ အကယ်ဒမီဆုရခန့်မှန်းစာရင်းသည် ပရိသတ်၊ ပြည်သူ့ထံမှ အသံများ နားထောင်စာရင်းပြု တင်ပြထားခြင်းဖြစ်ပါသည်။ ဆုရရှိ မည့်သူများသည်လည်း ထိုက်တန်စွာ ရရှိနိုင်မည်ဖြစ်သည်။

၂ဝ၁၇ ခုနှစ်အတွက် ၂ဝ၁၈ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ကျင်း ပတော့မည့် အကယ်ဒမီဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားမှ ရင်ခုန်သံများ ခြိမ့်ခြိမ့်သဲသဲကြားဆင်ရတော့မည်ဖြစ်ပေသည်။ ဆုရှင်များ အိပ်မက်လှလှ မက်နိုင်ကြပါ စေ’လို့။

ဒါရိုက်တာမောင်ဗေဒါ

Ads Space Available


Continue reading

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲများ ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို ယနေ့တွင် တစ်ပြိုင်နက်တည်း စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်တန်းသား/သူ စုစုပေါင်း (၁,၄၆၇) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာန (၂၂) ဌာနဖွင့်လှစ်ပညာသင်ကြားနေပြီးသင်တန်းသားများမှာ ၂၀၂၃ ပညာသင် နှစ်တွင် တက်ရောက်သင်ကြားနေသူများ ဖြစ်ကြောင်း သိရသည်။ စာမေးပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ စစ်ဆေးသွားမည်ဖြစ်ရာ ရေးဖြေစာမေးပွဲကို မေလ (၆)...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယနေ့ ယှဉ်ပြိုင်မည်

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ ရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရ လဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်ကို ရင်ဆိုင်ယှဉ်ပြိုင်ကစားသွားရတော့မှာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ကွာတားဖိုင်နယ် တက်ရောက်ဖို့ မျှော်လင့်ချက် နည်းပါးနေပြီ ဖြစ်ပေမဲ့၊ ဒီနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့ရင် "အကောင်းဆုံး အုပ်စုတတိယ" နေရာကို ရယူနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ဗီယက်နမ်နဲ့ မြန်မာဟာ ဒေသတွင်းမှာ အ မြဲတမ်း ပြိုင်ဘက်တွေဖြစ်တာကြောင့်...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌ အခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန်ပြင်ဆင်နေ

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊ ကျောင်းဝင်းများအတွင်း ခြုံနွယ်များ၊ အမှိုက်သရိုက်များကို လုံခြုံရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ပြုပြင်ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ " စစ်ရေးပဋိပက္ခတွေဖြစ်တဲ့အချိန်မှာ ကော့ကရိတ်မြို့ပေါ်က စာသင်ကျောင်း(၁၀)ကျောင်းလောက်ဘဲဖွင့်နိုင်တယ်။ ကျေးရွာတွေက ကလေးတွေဆိုရင် သူတို့စစ်ရှောင်နေရတဲ့နေရာဒေသတွေမှာ ပြည်နယ်အစိုးရကစစ်ဘေးရှောင်ကျောင်းသားတွေ ကျောင်းတက်နိုင်အောင်သက်ဆိုင်ရာပညာရေးဌာနနဲ့ချိတ်ဆက်ထားပေးတယ်။ အဲ့ဒီမှာတက်ကြရတယ်"ဟု ကော့ကရိတ်မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်က ပြော သည်။ ထို့ပြင် ကော့ကရိတ်မြို့နယ်တွင် ပြန်လည်ဝင်ရောက်နေထိုင်သူများပြားလာခြင်း၊ ဆရာ၊ ဆရာမများအား အခြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071