Tuesday, May 26, 2026

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို လာမည့် ဇွန် ၉ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်က လက်မှတ်ရေးထိုး၍ ကြေညာချက်အမှတ်(၁/၂၀၂၆)ဖြင့် ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...

ပဲခူးတိုင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ပဲခူးတိုင်းအတွင်းရှိ အခြေခံပညာစာသင်ကျောင်း(၄,၆၇၁)ကျောင်းကိုဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အစိုးရကျောင်းအနေဖြင့် အခြေခံပညာအထက်တန်း ကျောင်း(၅၀၀)ကျောင်း၊ အလယ်တန်းကျောင်း (၂,၁၅၉)ကျောင်း၊ မူလတန်းကျောင်း(၁,၈၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေဖြင့် အခြေ ခံပညာအလယ်တန်းကျောင်း(၆၇)ကျောင်း၊...

မုံရွာမြို့နယ်၌ အခြေခံပညာစာသင်ကျောင်း(၁၀၁) ကျောင်းအပြင် ကိုယ်ပိုင်ကျောင်းနှင့်...

လာမည့် ဇွန် ၁ ရက်မှစတင်မည့် ၂၀၂၆ -၂၀၂၇ ပညာ သင်နှစ်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၌ အခြေခံပ ညာစာသင်ကျောင်း(၁၀၁)ကျောင်းအပြင် ကိုယ်ပိုင်...

ကချင်ပြည်နယ် ခရီးသွားကဏ္ဍ အရှိန်မြင့်တက်၊ ၅...

ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ဟိုတယ်အသစ် ၂၂ လုံး၊ တည်းခိုရိပ်သာအသစ် ၂၃ လုံးနှင့် ခရီးသွားလှည့်လည်ရေးကုမ္ပဏီအသစ် ၄၆ ခုတို့အား လိုင်စင်အသစ်များ...
HomeInternationalဟော်မုဇ်သို့ ရေတပ်သင်္ဘောများ မလွှတ်ပါ--သြစတြေးလျ

ဟော်မုဇ်သို့ ရေတပ်သင်္ဘောများ မလွှတ်ပါ–သြစတြေးလျ

ကင်န်ဘာရာ၊ မတ်လ ၁၆ ရက်

ဟော်မုဇ်ရေလက်ကြားရှိ ရေနံတင်သင်္ဘောများကို အကာအကွယ်ပေးရန်အတွက် သြစတြေးလျအနေဖြင့် ရေတပ်သင်္ဘောများကို စေလွှတ်မည်မဟုတ်ကြောင်း ဝါရင့်အစိုးရဝန်ကြီးတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံသည် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ပေါ်ပေါက်လာသည့် “စီးပွားရေး အကျပ်အတည်း” အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားပြီး ဒေသတွင်းသို့ စစ်သင်္ဘောစေလွှတ်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်၏ အစိုးရအဖွဲ့ဝင်ဖြစ်သူ အခြေခံအဆောက်အဦ၊ သယ်ယူပို့ဆောင်ရေး၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသန္တရအစိုးရဝန်ကြီး ကတ်သရင်းကင်း က အေဘီစီ ရေဒီယိုသို့ ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် အနည်းဆုံး သိုလှောင်ထားရမည့် စက်သုံးဆီပမာဏ သတ်မှတ်ချက်ကို လျှော့ချပေးခြင်းနှင့် ကန့်သတ်ချက်ထက်ပိုသော ဆာလဖာပါဝင်သည့် စက်သုံးဆီများကို အသုံးပြုနိုင်ရန် စံချိန်စံညွှန်းများကို ယာယီပြင်ဆင်ပေးခဲ့ပြီးနောက်၊ တနင်္လာနေ့အထိ သြစတြေးလျတွင် ဓာတ်ဆီ ၃၇ ရက်စာ၊ ဒီဇယ် ၃၀ ရက်စာနှင့် လေယာဉ်ဆီ ၂၉ ရက်စာ သိုလှောင်ထားရှိကြောင်း ဝန်ကြီးကင်းက ဆိုသည်။

“အရှေ့အလယ်ပိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ကျွန်မတို့နိုင်ငံမှာ ကောင်းကောင်းပြင်ဆင်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ဖက်ဒရယ်အစိုးရသည် စနေနေ့တွင် နိုင်ငံသားများအနေဖြင့် ဘာရိန်း၊ အီရန်၊ အီရတ်၊ အစ္စရေး၊ ကူဝိတ်၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ကာတာ၊ ဆီးရီးယား၊ ယီမင်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံများကို ဖြတ်သန်းသွားလာခြင်း မပြုရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ယခင်ကတည်းက စမတ်ဒရာဘယ်လာ ဝန်ဆောင်မှုမှတစ်ဆင့် အဆိုပါနိုင်ငံများအားလုံးသို့ ခရီးမသွားရန် သတိပေးထားသော်လည်း၊ စနေနေ့တွင်မူ သြစတြေးလျနိုင်ငံသားများအနေဖြင့် လေဆိပ်မှ ထွက်ခွာရန် အစီအစဉ်မရှိလျှင်ပင် အဆိုပါနိုင်ငံများကို ခရီးတစ်ထောက် ဖြတ်သန်းခြင်း မပြုလုပ်သင့်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ပဋိပက္ခများသည် ပိုမိုအရှိန်မြင့်လာနိုင်ဖွယ်ရှိပြီး လေကြောင်းခရီးစဉ်များမှာ ရုတ်တရက် ပြောင်းလဲခြင်း သို့မဟုတ် ရပ်တန့်ခြင်းများ ရှိနိုင်ကြောင်းလည်း ဖော်ပြထားသည်။

Ref: ရှင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို ဇွန် ၉ ရက်၌ကျင်းပမည်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို လာမည့် ဇွန် ၉ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်က လက်မှတ်ရေးထိုး၍ ကြေညာချက်အမှတ်(၁/၂၀၂၆)ဖြင့် ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄ နှင့် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ တို့အရ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်ဖွဲ့စည်းခဲ့သည့် ကော်မတီအသီးသီးက သက်ဆိုင်ရာ ကော်မတီအလိုက်အစည်းအဝေးများပြုလုပ်လျက်ရှိသည်။

ပဲခူးတိုင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံ ပညာစာသင်ကျောင်း(၄,၆၇၁)ကျောင်းဖွင့်လှစ်မည်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ပဲခူးတိုင်းအတွင်းရှိ အခြေခံပညာစာသင်ကျောင်း(၄,၆၇၁)ကျောင်းကိုဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အစိုးရကျောင်းအနေဖြင့် အခြေခံပညာအထက်တန်း ကျောင်း(၅၀၀)ကျောင်း၊ အလယ်တန်းကျောင်း (၂,၁၅၉)ကျောင်း၊ မူလတန်းကျောင်း(၁,၈၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေဖြင့် အခြေ ခံပညာအလယ်တန်းကျောင်း(၆၇)ကျောင်း၊ မူလတန်းကျောင်း(၅)ကျောင်း၊ ပုဂ္ဂလိကကျောင်းအနေဖြင့် အ ခြေခံပညာအထက်တန်းကျောင်း(၈၇)ကျောင်း၊ အ လယ်တန်း(၁၆)ကျောင်းနှင့် မူလတန်း(၁၄)ကျောင်းတို့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခြေခံပညာကျောင်းများ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ မေ ၂၆ ရက်နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။ တိုင်းဝန်ကြီးချုပ်က ကျောင်းအပ်နှံပေးခြင်းသည် သား သမီးများ၏ ဘဝတစ်သက်တာအတွက် အကောင်းဆုံးလက်ဆောင်တစ်ခုပေးခြင်းဖြစ်ပြီး...

မုံရွာမြို့နယ်၌ အခြေခံပညာစာသင်ကျောင်း(၁၀၁) ကျောင်းအပြင် ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်းများဖွင့်လှစ်မည်

လာမည့် ဇွန် ၁ ရက်မှစတင်မည့် ၂၀၂၆ -၂၀၂၇ ပညာ သင်နှစ်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၌ အခြေခံပ ညာစာသင်ကျောင်း(၁၀၁)ကျောင်းအပြင် ကိုယ်ပိုင် ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ အထက်တန်းကျောင်း(၁၃)ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)(၉)ကျောင်း၊ အလယ်တန်းကျောင်း(၂) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁၀)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း (၅၀)ကျောင်းတို့အပြင် ကိုယ်ပိုင်ကျောင်း(၁၉)ကျောင်း ၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံခြင်းကို မေ ၂၅ ရက်မှစတင်ပြုလုပ်လျက်ရှိပြီး နိုင်ငံတော်အစိုးရကအခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပစ္စည်းများကို ကျောင်းသား/သူများအားပေးအပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071