ပေကျင်း
ဟိမဝန္တာဒေသတစ်လျှောက် ဖြစ်ပွားခဲ့သည့် ရေခဲမြစ်ပြိုကျမှုနှင့် မြေပြိုမှုများအပြီး နီပေါ-တရုတ် နယ်စပ်၏ တိဘက်ဘက်ခြမ်းတွင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး ပျေ-ာက်ဆုံးနေကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်သည်။
ပျေ-ာက်ဆုံးနေသည့် နိုင်ငံခြားသားများအနက် နီပေါနိုင်ငံသား ၁၀၄ ဦးဖြင့် အများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသား ၄၉ ဦး၊ လတ်ဗီးယားနိုင်ငံသား ၃၃ ဦး၊ အမေရိကန်နိုင်ငံသား ၁၈ ဦးနှင့် ဗြိတိန်နိုင်ငံသား ၁၅ ဦးတို့ ပါဝင်ကြောင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ပျေ-ာက်ဆုံးနေသူများနှင့်ပတ်သက်၍ ပေကျင်းရှိ သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများထံ အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ဆိုသည်။
ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် ရေခဲမြစ်ပြိုကျမှုကြောင့် ဟိမဝန္တာတောင်တန်းရှိ မြစ်ကြောင်းများတစ်လျှောက် ရေခဲတုံးများ၊ ကျောက်တုံးများ၊ ရွှံ့နွံနှင့် အပျ-က်အစီးများ အရှိန်ပြင်းစွာ စီးဆင်းခဲ့ပြီးနောက် တရုတ်ဘက်က ပျေ-ာက်ဆုံးနေသည့် နိုင်ငံခြားသားများ၏ နိုင်ငံအလိုက်စာရင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စနေနေ့ညပိုင်းအထိ တိဘက်ဒေသ Gyirong ကောင်တီတွင် လူ ၁၆ ဦး သေဆုံးပြီး ၅၄၆ ဦး ပျေ-ာက်ဆုံးနေကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ထားသည်။
နီပေါဘက်တွင်မူ အနည်းဆုံး လူ ၆၇၅ ဦး ေ-သဆုံးပြီး ၂,၄၉၈ ဦး ပျောက်ဆုံးနေကာ လူ ၇,၅၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း နီပေါဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေစဉ် ထရီရှုလီမြစ်ရေသည် နာရီပိုင်းအတွင်း ပြန်လည်မြင့်တက်လာသဖြင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိနေပြီး ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များ သတိထားဆောင်ရွက်နေရသည်။
တရုတ်နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးလုပ်သား ၂,၁၀၀ ကျော်ကို စုစည်းထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အနည်းဆုံး ယွမ်သန်း ၂၂၀ (အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၇ သန်းခန့်) ခွဲဝေထားသည်။
ထို့ပြင် နီပေါနိုင်ငံသို့ အရေးပေါ်ငွေသားအကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ထားသည့်အပြင် ဂြိုဟ်တုနှင့် ရေအရင်းအမြစ်ဆိုင်ရာ အချက်အလက်များ၊ ဥမင်လိုဏ်ခေါင်းကယ်ဆယ်ရေးကျွမ်းကျင်သူများကိုပါ ပံ့ပိုးပေးထားကြောင်း တရုတ်နိုင်ငံပိုင် CCTV က ဖော်ပြသည်။
Ref: ANTARA
