Monday, May 4, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsFootballဟက်ထရစ်ဂိုးဖြင့် ရပ်တည်မှု အဆင့်...

ဟက်ထရစ်ဂိုးဖြင့် ရပ်တည်မှု အဆင့် (၂)သို့ တက်လှမ်းခဲ့သည့် YRG FC အသင်း

ယမန်နေ့ ဖေဖော်ဝါရီ (၁၆)ရက် ညနေပိုင်းအချိန်၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာဖူဆယ်လိဂ် – ၁ ပွဲစဉ်အတွင်း ဟက်ထရစ်ဂိုးအပါအဝင် သွင်းဂိုး (၉)ဂိုးသွင်းယူခဲ့သည့် YRG FC အသင်းမှာ အုပ်စုတွင်း အမှတ်ပေးဇယား အဆင့်ရပ်တည်မှု (၂)သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့က MFF Vita Max Futsal League -1 ဒုတိယ အကျော့ပွဲစဉ်များပြန်လည်စတင်ခဲ့ပြီဖြစ်ရာ ၊ ပွဲစဉ်အတွင်း YRG FC နှင့် YCDC Marga အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းလည်းဖြစ်သည်။

ပွဲစဉ်အတွင်း YRG FC အသင်းသို့အသစ် ထပ်မံရောက်ရှိလာသည့် ဘရာဇီး ကစားသမား Nathan Arnaldo က ဟက်ထရစ်ဂိုး ခြေစွမ်းပြခဲ့သည့် အပြင် ဆော်ဒီ နိုင်ငံသား ကစားသမား Samimi က သွင်းဂိုး (၂)ဂိုး ၊ ဘရာဇီးနိုင်ငံသား Tota က သွင်းဂိုး (၁)ဂိုး၊ ပြည်တွင်းကစားသမား မျိုးမြင့်စိုးက သွင်းဂိုး(၂)ဂိုး ၊ ဝေဇင်ဦးက သွင်းဂိုး (၁)ဂိုး စုစုပေါင်း (၉)ဂိုးသွင်းယူ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပြိုင်ဘက် YCDC Marga အသင်းအနေဖြင့် တစ်လုံးတည်းသော ချေပဂိုးကို သန့်ဇင်ထွန်းက ပြန်လည်သွင်းယူပေးခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် (၉)ဂိုး(၁)ဂိုး ရလဒ်ထွက်ပေါ်ခဲ့ကြသည်။

YRG FC အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူပေးခဲ့သည့် ဘရာဇီးနိုင်ငံသား Nathan Arnaldo မှာ ထိုင်းဖူဆယ် ကလပ် PORT ASM အသင်းပြောင်းရွှေ့လာသည့် ကစားသမားတစ်ဦးဖြစ်သည်။

လက်ရှိ MFF Vita Max Futsal League -1 ၏ ပွဲစဉ် (၁)မှ (၉)အထိ ရာသီဝက် ပြီးဆုံးချိန်တွင် YRG FC အနေဖြင့် ရမှတ် (၁၀)မှတ်ဖြင့် အုပ်စုတွင်း အဆင့်(၃) နေရာတွင် ရပ်တည်ရာမှ အဆင့်(၂)နေရာသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သ ည်။

VITA MAX Futsal League – 1 ပြိုင်ပွဲတွင် အသင်းပေါင်း (၁၀) သင်း ယှဉ်ပြိုင်ကစားနေကြခြင်းဖြစ်ပြီး ပြိုင်ပွဲ၏ ပထမ အကျော့ပွဲစဉ်များကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၂၉) ရက်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071