
“ဒုဋ္ဌဝတီကိုလွန်၍” (The Mistery of Burma) ရုပ်ရှင်ဇာတ်ကားအတွက် နမူနာပြသချက်ကို လွန်ခဲ့တဲ့တစ်ပတ်က အွန်လိုင်းမှာ ပြသခဲ့တဲ့အခါ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်ခဲ့တာတွေ့ရပါတယ်။ “အက်ရှင်ရိုက်ချက်တွေ ကောင်းတယ်”၊ “ဒါမှပရိသတ်ကြည့်ချင်တဲ့ မြန်မာဇာတ်ကား” စတဲ့ဝေဖန်ချက်တွေနဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ဇာတ်ကားမှာ အဓိကသရုပ်ဆောင်မင်းသမီးအဖြစ်ပါဝင်ခဲ့တဲ့ အဆိုတော် အမွန်းကို ဇာတ်ကားနဲ့ပတ်သ်ပြီး မေးမြန်းဖြစ်တဲ့အခါ …
” အက်ရှင်ဇာတ်ကားဆိုတော့ သူတို့လည်း အချိန်သေသေချာချာလေး ယူနေတယ်ထင်တယ်။ ရုပ်ရှင် ဇာတ်ကားကြီးကတော့ သိတဲ့အတိုင်း Edit ပိုင်းကလည်း ထင်တာထက် ပိုကြာတတ်သလို ရုံတင်ဖို့ကိစ္စတွေ မှာလည်း စောင့်ဆိုင်းရတဲ့အပိုင်းတွေ ရှိပါတယ်။ အမွန်းလည်းရင်ခုန်တယ်။ ပရိသတ်တွေကိုလည်း အမြန်ကြည့် စေချင်ပါပြီ” လို့ သူမကပြောပါတယ်။ ဒီဇာတ်ကားက အမွန်းရဲ့ ပထမဦးဆုံးဇာတ်ကားလည်း ဖြစ်သလို၊ ပရိသတ်စိတ်ဝင်စားမှုလည်း ရှိတာကြောင့် နောက်ထပ် ဇာတ်ကားတွေ ရိုက်ကူးဖို့ အစီအစဉ် ရှိ၊ မရှိ မေးတဲ့အခါ ” သွားဖြစ်မှာ။ အမွန်းရဲ့ အမ်ဘမ်လေးပြီးတဲ့အခါ သရုပ်ဆောင်ဘက်သွားဖို့ အစီအစဉ်ရှိပါတယ်” လို့ အမွန်းက ပြောပါတယ်။ ဒါဆို အမွန်းရဲ့တတိယ အယ်ဘမ်က ဘယ်ကာလလောက်ထွက်ဖို့မှန်း ထားသလဲဆိုတော့ ..
” အမွန်းကတော့ ဖြစ်နိုင်လို့ရှိရင် ဒီမေလကုန် ဇွန်လလောက်ကို အသံအပြီးသတ်သွင်းချင်တာပေါ့ နော်။ အဲဒီနောက်ပိုင်းကျရင်တော့ Mixing ပိုင်းတွေလာမယ်။ ဒါပေမဲ့ စီးရီးခွေတစ်ခုက ပြောရတာ ခဲယဉ်းတယ်။ တစ်ခါတလေကျလို့ရှိရင် ကိုယ်မှန်းထားတာထက် စောပြီးထွက်လာတတ်သလို၊ တစ်ခါတလေကျလို့ ရှိရင်လည်း အမွန်းထင်တဲ့ Target ကို မရောက်ဘူး ပေါ့နော်။ အဲဒီတော့ အမွန်းအနေနဲ့ အခုလော လောဆယ် ပြောဖို့ စောနေသေးတယ်လို့ပဲ ပြောရမယ်” လို့သူမကပြောပြခဲ့ ပါတယ်။
မျိုးမောင်
