Wednesday, December 17, 2025

ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့်ASPGB က...

ရန်ကုန်စတော့အိပ်ချိန်း၏ Pre Listing Board (PLB) စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ASPGB (G.B.S Agricultural Service Public Company...

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း...

ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့်...

ရုပ်ရှင်နှင့် ပတ်သက်သည့် လုပ်ငန်းအမျိုးအစား (၆)...

ရှပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ်...

နေပြည်တော်တွင် စည်ပင်အခွန်အခများကို Digital Payment...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံလျက်ရှိသည့် ပစ္စည်းခွန်အပါအဝင် အဆောက်အဦး စစ်ဆေးခနှင့် ရေဖိုးရေခများကို Bank များ၏ Digital Payment များဖြင့် ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ပေးဆောင်နိုင်ရန်အတွက်...
HomeNewsLocal Newsသံဃာ့ဝိနည်းနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင်မှုများကြောင့်...

သံဃာ့ဝိနည်းနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင်မှုများကြောင့် ဝေဖန်ခံခဲ့ရသည့် ရွှေကိုယ်တော် ဆရာတော်အား သံဃာမဟာနာယကအဖွဲ့ ခေါ်ယူသတိပေး

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံခဲ့သည့် ရုပ်သံဖိုင်တစ်ခုတွင် သံဃာ့ဝိနည်းနှင့် ကိုက်ညီမှုမရှိသည့် ဝတ်စားဆင်ယင်မှုများလုပ်ဆောင်ထားသည့် ရွှေကိုယ်တော် အမည်ရှိ ဆရာတော်အား နေပြည်တော် တပ်ကုန်းမြို့နယ် သံဃာ့မဟာနာယက အဖွဲ့က ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေကိုယ်တော် အမည်ရ ဆရာတော်သည် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ရေအေးရွာကျောင်းတိုက်မှ ဆရာတော်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆရာတော်သည် နေပြည်တော်၊တပ်ကုန်းမြို့နယ်မှ ရွာတစ်ရွာတွင် ပြုလုပ်သည့် ရဟန်းခံ၊ ရှင်ပြု၊ ကျောင်းရေစက်ချပွဲသို့ ကြွရောက်ခဲ့ခြင်းဖြစ်ပြီး ရွှေလက်စွပ်၊ဟန်းချိန်းများဝတ်ဆင်ထားကာ ပန်းကုံးများပါဆွဲ၍ ကြွရောက်လာသည့် ပရိသတ်များ၏ အကြည်ညိုခံနေသည့် ရုပ်သံဖိုင်တစ်ခု မတ်လ (၁၄) ရက်က လူမှုကွန်ရက်တွင် ပျံ့နှံခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်သံဖိုင်ပျံ့နှံ့ခဲ့သည့်နောက် ပြည်သူအများစုက ရဟန်းသံဃာတို့ စောင့်ထိန်းလိုက်ရမည့် ဝိနည်း သိက္ခပုဒ်တို့နှင့် မညီညွတ်စွာ ပြုမူနေထိုင်သည့်အပေါ် ပြစ်တင်ဝေဖန်မှုများ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယမန်နေ့ မတ်လ (၁၉) ရက်တွင် နေပြည်တော် တပ်ကုန်းမြို့နယ် သံဃာ့မဟာနာ ယကအဖွဲ့မှ အဆိုပါ ရွှေ‌ကိုယ်တော်အမည်ရ ဆရာတော်အား ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ခေါ်ယူ သတိပေးခဲ့သည့်အတွက် ရွှေကိုယ်တော် အမည်ရှိ အဆိုပါ ဆရာတော်မှ နောက်နောင်ထိုသို့ မနေထိုင်တော့ပါကြောင်း ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ပြီး ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့်ASPGB က ယနေ့တွင် အစုရှယ်ယာများ စတင်ရောင်းချ

ရန်ကုန်စတော့အိပ်ချိန်း၏ Pre Listing Board (PLB) စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ASPGB (G.B.S Agricultural Service Public Company Limited) အနေဖြင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း၏ စျေးကွက်ပေါ်တွင် အစုရှယ်ယာများစတင်ရောင်းချပေးသွားမည်ဖြစ်သည်။ ဂျီဘီအက် (စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ASPGB) ၏ မှတ်ပုံတင်မည့်နေ့ရက်ရှိ အခြေခံစျေးနှုန်း၊ အမြင့်ဆုံး/အနိမ့်ဆုံးစျေးနှုန်း သတ်မှတ်ချက်နှင့် တစ်ချက်ခုန်စျေးနှုန်း တို့မှာ အောက်ပါအတိုင်း ဖြစ်သည်။ အခြေခံစျေးနှုန်းအနေဖြင့် ကျပ် ၁၀,၀၀၀ ဖြစ်ပြီး...

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးမည်

ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၄) ဘဏ်တို့မှ ထုတ်ချေးပေးလျက်ရှိသည်။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက...

ရုပ်ရှင်နှင့် ပတ်သက်သည့် လုပ်ငန်းအမျိုးအစား (၆) မျိုးကို လိုင်စင်လျှောက်ပြီးမှ လုပ်ကိုင်ရန်အသိပေး

ရှပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ပြီးဖြစ်ခြင်းကြောင့် ရုပ်ရှင်လုပ်ငန်းအမျိုးအစား (၈) မျိုးအပြင် နောက်ထပ် လုပ်ငန်းလိုင်စင်လျှောက်ထားပြီးမှ လုပ်ကိုင်ဆောင်ရွက်ရမည် လုပ်ငန်းအမျိုးအစား (၆) မျိုးကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ရုပ်ရှင်သင်တန်းကျောင်းဖွင့်လှစ်ခြင်း၊ ရုပ်ရှင်ရိုက်ကူးရေးသုံးပစ္စည်းများဌားရမ်းခြင်း၊ ရုပ်ရှင်ထုတ်လုပ်ရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းကိုင်ခြင်း၊ ရုပ်ရှင်စတူဒီယို (studio) တည်ထောင်လုပ်ကိုင်ခြင်း၊ ရုပ်ရှင်ကား အရုပ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071