သီရိလင်္ကာနိုင်ငံတွင် နှစ်များစွာအတွင်း အဆိုးဆုံး ထောင်တွင်းအဓိကရုဏ်းဖြစ်ပွားမှုကြောင့် လူ ၂၆ ဦးထက်မနည်း ေ-သဆုံးခဲ့ကာ ၁၀၀ ကျော် ဒ-ဏ်ရာရရှိခဲ့သည်။
မြို့တော်ကိုလံဘို၏ မြောက်ဘက် ၂၂ မိုင်အကွာရှိ နီဂွမ်ဘိုအကျဉ်းထောင်တွင် တနင်္ဂနွေနေ့မှစ၍ ပြိုင်ဘက် အကျဉ်းသားအုပ်စုများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး တနင်္လာနေ့တွင် ပိုမိုဆိုးရွားသွားခဲ့ကြောင်း ဒေသခံမီဒီယာများနှင့် ရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။
နှစ်ကြီးအကျဉ်းသားများနှင့် ယာယီထိန်းသိမ်းခံထားရသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် တနင်္ဂနွေနေ့တွင် အကျဉ်းသားနှစ်ဦး ေ-သဆုံးခဲ့သည်။
ပဋိပက္ခအခြေအနေ ပိုဆိုးလာသော တနင်္လာနေ့တွင် ထောင်အရာရှိ ခြောက်ဦး အပါအဝင် လူ ၂၃ ဦး ေ-သဆုံးခဲ့သည်။
‘အကျဉ်းသားတွေကို မနက်စာကျွေးနေချိန်မှာ ရန်ပွဲဖြစ်ခဲ့တာပါ” ဟု အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချာမီကာ ဂါဂျာနာယက်က အကျဉ်းထောင်အနီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အကြမ်းဖက်ခိုက်ရန်ဖြစ်ပွားမှု၏ အကြောင်းရင်းသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက်စပ်နေသည်ဟု ဂါဂျာနာယက်က ထုတ်ဖော်ပြောဆိုသော်လည်း အသေးစိတ်အချက်အလက်များကို မပြောကြားခဲ့ဘဲ စုံစမ်းစစ်ဆေးမှုစတင်နေကြောင်း ဆိုခဲ့သည်။
ဆေးရုံသည် ရုပ်အလောင်း ၂၃ လောင်းကို လက်ခံရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရ အကျဉ်းသားများနှင့် အစောင့် စုစုပေါင်း ၁၀၀ ကျော်ကိုလည်း ဆေးရုံတင်ထားကြောင်း နီဂွမ်ဘိုဆေးရုံ၏ ညွှန်ကြားရေးမှူး ပွတ်ရှ်ပါ ဂမ်လက်က ပြောကြားခဲ့သည်။
“တချို့က သေနတ်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားကြတယ်။ ပိုပြင်းတဲ့ ဒဏ်ရာရရှိသူတွေထဲက ၁၈ ဦးကိုတော့ ကိုလံဘို နိုင်ငံတော်ဆေးရုံကို လွှဲပေးခဲ့ပါတယ်” ဟု ဂမ်လက်က ပြောကြားခဲ့သည်။
ဆူပူအုံကြွမှုသတင်း ပျံ့နှံ့သွားခဲ့မှုကြောင့် အနီးရှိ အကျဉ်းထောင်မှ အမျိုးသမီးအကျဉ်းသားများသည် ၎င်းတို့ထောင်အဆောက်အအုံ အမိုးပေါ်သို့တက်ကာ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
သီရိလင်္ကာလေတပ်က ရဟတ်ယာဉ်တစ်စင်းနှင့် ဒရုန်များကို လွှတ်ကာ အကျဉ်းထောင်ကို စောင့်ကြည့်စေခဲ့သည်။
“ရဲတပ်ဖွဲ့ကို အကူအညီပေးဖို့ စစ်တပ်ကို တောင်းဆိုထားပေမယ့် ဒီအချိန်မှာတော့ သူတို့ကို အသင့်အနေအထားမှာပဲ ထားရှိပါတယ်” ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပမ ဝါရူနာ ဂါမက်ဂျ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
Ref: အယ်ဂျာဇီးယား
