သီရိလင်္ကာနိုင်ငံရှိ ထောင်သားများပြည့်သိပ်ကျပ်ညပ်နေသော အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦး ေ-သဆုံးပြီး ခြောက်ဦးဒ-ဏ်ရာရရှိခဲ့သည့် အဓိကရုဏ်းများဖြစ်ပွားမှုကို ထိန်းချုပ်ရန် သြဂုတ်လ ၂ ရက်နေ့တွင် စစ်သားရာပေါင်းများစွာနှင့် ထိပ်တန်းကွန်မန်ဒိုများကို ဖြန့်ကြက်ချထားခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မြို့တော်ကိုလံဘိုအပြင်ဘက်ရှိ မဟာရာထောင်တွင် အကျဉ်းသာများသည် အဆောက်အအုံများစွာကို ဖျ-က်ဆီးခဲ့ပြီး လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒုတိယရဲချုပ် ဆန်ဂျီဝါ မီဒွာတီက ပြောကြားခဲ့သည်။
တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထိန်းသိမ်းပြီး အကျဉ်းသားများကို ၎င်းတို့အချုပ်ခန်းများသို့ ပြန်ပို့ရန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ ကွန်မန်ဒိုများကို အင်အားဖြည့်တင်းခဲ့ကြောင်း မီဒွာတီက ထောင်အပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက အကျဉ်းထောင်တွင် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ၌ အကျဉ်းသား ၁၁ ဦး ပ-စ်သ-တ်ခံခဲ့ရပြီး ၁၂၀ နီးပါး ဒ-ဏ်ရာရရှိခဲ့သည်။
ထိုဒေသတွင်ပင် ထောင့်စောင့် ၁၀ ဦးနှင့် အကျဉ်းသား ၂၁ ဦး ေ-သဆုံးခဲ့သည့် နောက်ထပ် ထောင်ဆူမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် တစ်လနီးပါးအကြာတွင် ယခု အဓိကရုဏ်းပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
မဟာရာ ထောင်ရှိ အကျဉ်းသားများသည် မီးဖိုချောင်၊ ဆေးရုံ၊ မကြာသေးမီကမှ ဆောက်လုပ်ထားသော ပြန်လည်ထူထောင်ရေးအဆောက်အအုံနှင့် အသက်မွေးဝမ်းကျောင်း သင်ကြားရေးအဆောက်အအုံများကို လုံး၀ ဖျ-က်ဆီးပစ်ခဲ့ကြောင်း မီဒွာတီက ပြောကြားခဲ့သည်။
ထိုထောင်တွင် ထားရှိနိုင်သည့် ပမာဏထက် လေးဆခန့်အရေအတွက်ဖြစ်သော အကျဉ်းသား ၄,၁၀၀ ဦးရှိပြီး ယင်းသည် နိုင်ငံရှိ ထောင်များတွင် အဖြစ်များနေသည့် ပြဿနာတစ်ခုဖြစ်သည်။
ဇူလိုင်လတွင် အာဏာပိုင်များသည် အသုံးမပြုတော့သော နိုင်ငံပိုင်အဆောက်အအုံများကို အကျဉ်းထောင်များအဖြစ် ပြောင်းလဲမည့် အစီအစဉ်များကို ကြေညာခဲ့သည်။
သီရိလင်္ကာနိုင်ငံရှိ အကျဉ်းသား လေးပုံသုံးပုံကျော်သည် ရုံးတင်စစ်ဆေးရန် စောင့်ဆိုင်းနေသော ရီမန်ယူထားသည့် အချုပ်သားများဖြစ်ကြပြီး အများစုမှာ မူးယစ်ဆေးဝါးပြစ်မှုများနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူများဖြစ်သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
