Saturday, June 27, 2026

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင်...

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန်...

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...
HomeCelebrities' Newsသားဖြစ်သူရဲ့ အနုပညာဝါသနာပိုးအကြောင်းပြောပြတဲ့ ချောရတနာ

သားဖြစ်သူရဲ့ အနုပညာဝါသနာပိုးအကြောင်းပြောပြတဲ့ ချောရတနာ

 

သရုပ်ဆောင်ချောရတနာက အခုဆိုရင်ဒုတိယမြောက် ကိုယ်ဝန်ကိုလွယ်ထားနေရပြီဖြစ်ပါတယ်။ သားလေးကလည်း အခုဆိုရင်သုံးနှစ်အရွယ်ကို ရောက်နေပြီဖြစ်ပြီး အနုပညာ ကို ဝါသနာပါတာတွေ့ရတယ်လို့ ချောရတနာကဆိုပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သားကိုပြုစုပျိုးထောင်ပုံအကြောင်း ကိုတော့ ချောရတနာက…

“သားသားက အခုဆို သုံးနှစ်နဲ့ခြောက်လရှိပါပြီ။ အခုတော့ မူကြိုလိုမျိုးကို အပျော် ထားထားပေးတယ်။ သားကသီချင်းတအားကြိုက်တယ်။ သီချင်းဖွင့်ပြီဆိုရင် မရပ်တန်းကတယ်။ ဒီအရွယ်မှာ ကလေးတိုင်းကတော့ သီချင်းကြိုက်ကြပါတယ်။ ဒါပေမယ့် သူကနည်းနည်း အိုဗာဖြစ်နေသလားလို့၊ အမကတော့ သားသားကိုကြီးလာရင် သူဘာဖြစ်ချင်သလဲ ဆိုတာကိုပဲ  ပံ့ပိုးပေးဖို့ စိတ်ကူးထားတယ်။ ပုံစံခွက်ထဲမှာ မထားချင်း ဘူး။ သူ့ဝါသနာနဲ့ ကြိုးစားမှုအပေါ်မှာပဲ  အကောင်းဆုံး ဖြည့်စည်းပေးချင်တယ်။ တအားကြီး ဖိအားမပေးပြီး ကိုယ့်ရဲ့အတ္တအတွက် ဆွဲခေါ်တာမျိုး မလုပ်ဘဲ ပေးဆပ်ပြီး ပဲ ချစ်ချင်တယ်” လို့ ပြောပြပါတယ်။

 

ချောရတနာက အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို နားလိုက်ပြီး မိသားစုကိုပဲ အချိန်ပေးဖြစ်ခဲ့ပါတယ်။ ဒီလိုသရုပ်ဆောင်ပိုင်း သိပ် မလုပ်ဖြစ်တော့တဲ့အပေါ်  ပရိသတ်တွေကို အားနာမိ တယ်ဆိုတဲ့ ချောရတနာရဲ့နောက်ပိုင်း အနုပညာလှုပ်ရှားမှု အချို့က…

“သရုပ်ဆောင်အလုပ်ကိုလည်း အစ်မတတ် နိုင်သလောက် လုပ်သွားဦးမယ်။ သားသားမွေးပြီးတော့ အစ်မဇာတ်ကားတစ်ကားရိုက်လိုက်သေးတယ်။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ ဦးခွံဆိုတဲ့ဇာတ်ကားပါ။ အဲဒီဇာတ်ကားကို ဇာတ်လမ်းကြားတာနဲ့ တအားရိုက်ချင် တော့ အစ်မရဲ့အမေကို သားသားကိုကြည့်ပေးဖို့ အကူ အညီတောင်းပြီးရိုက်ဖြစ်ခဲ့တယ်။ မိခင်မေတ္တာဖွဲ့ပုံစံ ဇာတ် လမ်းလေးကို မကြီးစိုးရယ်၊ ရွှေမှုံရယ်နဲ့တွဲပြီးသရုပ်ဆောင် ခဲ့တယ်။ အခုလိုအချိန်မှာက ဒီလိုဇာတ်ကားမျိုးရိုက်ကူးတာ ရှားသွားပြီလေ။ ဇာတ်ကား(၁ဝ)ကားရိုက်ကူးတယ်ဆိုရင် ဒရမ်မာက တစ်ကားလောက်ပဲ ရိုက်ကူးကြတော့တယ်လေ။ အစ်မလည်း အရင်ကလို အနုပညာအလုပ်တွေကို အများ ကြီးမလုပ်နိုင်တော့ပေမယ့် အခုအနည်းအကျဉ်းလောက် တော့ လုပ်ဖြစ်နေပါသေးတယ်။ Photo Shooting လေး တွေ၊ ကြော်ငြာရိုက်လေးတွေ တတ်နိုင် သလောက်လုပ်ပါ တယ်”လို့ ချောရတနာက ပြောပြပါတယ်။

  မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071