Thursday, July 30, 2026

ငလျင်အန္တရာယ် လက်တွေ့လေ့ကျင့်သင်ယူနိုင်မည့် Earthquake Bootcamp...

ရန်ကုန်၊ ဇူလိုင် ၃၀ ငလျင်ဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် အရေးပေါ်အခြေအနေများတွင် မှန်ကန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ Earthquake Bootcamp 2026 ကို မြန်မာနိုင်ငံ...

ဗဟိုဘဏ်က CMP ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ...

ရန်ကုန်၊ ဇူလိုင် ၃၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ သုံးသိန်းကျော်(၃၀၄,၄၂၆.၄၃ )ကို CMP ကုမ္ပဏီများသို့ ပြန်လည်ရောင်းချပေးခဲ့ကြောင်း...

မြန်မာ-တရုတ် ညီအစ်မတက္ကသိုလ်များ ထူထောင်ရေး၊ ပညာတော်သင်ဆုများ...

နေပြည်တော်၊ ဇူလိုင် ၃၀ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားသို့ တက်ရောက်နေသည့်...

ကလေးသူငယ်များကို မူးယစ်ဆေးဝါးတို-က်ကျွေးကာ အမြတ်ထုတ်၍ Telegram...

ရန်ကုန်၊ ဇူလိုင် ၃၀ ကလေးသူငယ်များကို ဆေးဝါးများတို-က်ကျွေး၍ အသိစိတ်ကင်းမဲ့နေချိန်တွင် လိ-င်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ပြုလုပ်ကာ ဗီဒီယိုများကို Telegram မှတစ်ဆင့် ငွေကြေးအကျိုးအမြတ်ရယူ ရောင်းချခဲ့သူကို...
HomeMoviesသရက်သီးစိုက်ပျိုးရေး နည်းပညာသင်တန်း အခမဲ့လျှောက်လွှာခေါ်ယူ

သရက်သီးစိုက်ပျိုးရေး နည်းပညာသင်တန်း အခမဲ့လျှောက်လွှာခေါ်ယူ

မန္တလေး၊ ဇူလိုင် ၃၀
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) နှင့် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး (DHCC) တို့ ပူးပေါင်းဖွင့်လှစ်မည့် သရက်သီးစိုက်ပျိုးရေး နည်းပညာသင်တန်းအတွက် လျှောက်လွှာများ စတင်ခေါ်ယူနေကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းကြေး အခမဲ့ဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ် ၃ ရက်မှ ၄ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ MRCCI ရုံး (ရတနာပုံစူပါစင်တာ စတုတ္ထထပ်) တွင် ကျင်းပမည်ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့် ရရှိသူများအနေဖြင့် သင်တန်းကာလတစ်လျှောက် အချိန်ပြည့် တက်ရောက်ရမည် ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများသည် သတ်မှတ်လျှောက်လွှာပုံစံကို ဖြည့်စွက်၍ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် ညနေ ၂ နာရီ နောက်ဆုံးထားကာ MRCCI ရုံးသို့ ပေးပို့လျှောက်ထားရမည် ဖြစ်ပြီး သင်တန်းဆရာများက စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။
သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MRCCI ဖုန်းနံပါတ် ၀၉-၄၂၀၀၈၉၄၉၀၊ ၀၉-၂၀၅၁၀၆၃ နှင့် ၀၂-၄၀၆၉၃၁၁ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်အန္တရာယ် လက်တွေ့လေ့ကျင့်သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကို ဩဂုတ်လအတွင်း ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၃၀ ငလျင်ဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် အရေးပေါ်အခြေအနေများတွင် မှန်ကန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ Earthquake Bootcamp 2026 ကို မြန်မာနိုင်ငံ ငလျင်ကော်မတီက ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Bootcamp ကို ဩဂုတ် ၈ ရက်၊ ၁၅ ရက်၊ ၂၂ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံ ငလျင်ကော်မတီ (မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်) ၌ ကျင်းပမည်ဖြစ်သည်။ သင်တန်းတွင် ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံအသိပညာများ၊ ဘေးအန္တရာယ်လျော့ပါးရေး...

ဗဟိုဘဏ်က CMP ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ သုံးသိန်းကျော် ရောင်းချ

ရန်ကုန်၊ ဇူလိုင် ၃၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ သုံးသိန်းကျော်(၃၀၄,၄၂၆.၄၃ )ကို CMP ကုမ္ပဏီများသို့ ပြန်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် FX Trading တွင် သွင်းကုန်ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ရာ ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍမှ ၁၇ ရာခိုင်နှုန်း၊ စက်သုံးဆီကဏ္ဍမှ ၁၆ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာကဏ္ဍမှ ၁၄ ရာခိုင်နှုန်း၊ တိရစ္ဆာန်အစာကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးကုန်စည်ကဏ္ဍမှ ၁၀ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၉ ရာခိုင်နှုန်း၊...

မြန်မာ-တရုတ် ညီအစ်မတက္ကသိုလ်များ ထူထောင်ရေး၊ ပညာတော်သင်ဆုများ တိုးမြှင့်ရေးနှင့် AI၊ ဒီဂျစ်တယ်ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၃၀ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားသို့ တက်ရောက်နေသည့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တရုတ်ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ren Youqun နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ပညာရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် အဆင့်မြင့်ပညာရေးနှင့် ဒီဂျစ်တယ်နည်းပညာအခြေပြု သင်ကြားရေး၊ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာရပ်အသီးသီးအတွက် ပညာတော်သင်ဆုများ တိုးမြှင့်ပေးအပ်ရေး၊ မြန်မာနှင့် တရုတ်တက္ကသိုလ်များအကြား ညီအစ်မတက္ကသိုလ်များ ထူထောင်ရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071