Monday, February 2, 2026

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု...

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည်...

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့်...

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့်...

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း...
HomeCelebrities' Newsသမီးလေးနဲ့ အကြိုက်ချင်းတူတဲ့မွေးနေ့ရှင်ခိုင်သင်းကြည်

သမီးလေးနဲ့ အကြိုက်ချင်းတူတဲ့မွေးနေ့ရှင်ခိုင်သင်းကြည်

အမြဲနုပျိုလှပပြီး ပျော်ပျော်နေ တတ်တဲ့ သရုပ်ဆောင်ခိုင်သင်းကြည် က မွေးနေ့အလှူအဖြစ် ကိုလူချော အဖွဲ့နဲ့ လူရွှင်တော်အသင်းကို အလှူ ငွေကျပ် ၁ဝ သိန်းစီကို စက်တင်ဘာ ၂၇ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပါ တယ်။ ခိုင်သင်းကြည်ကတော့ မွေး နေ့တိုင်း အလှူအတန်းတွေ လုပ်ဖြစ် နေကျပါ။ ကိုယ့်လောကသားတွေ အတွက် အမှတ်တရလေးဖြစ်အောင် လှူဒါန်းခဲ့တာဖြစ်ကြောင်းကိုတော့ …

”ကိုယ့်ရဲ့ လောကသားတွေ အချင်းချင်း လှူလိုက်တဲ့သဘောပါပဲ။ မွေးနေ့တိုင်းလည်း ရန်ကုန်မှာ မလှူ ဖြစ်တဲ့နေရာမရှိတော့ဘူး။ အမှတ် တရလေးဖြစ်အောင် လှူလိုက်တာပါ။ ကိုလူချောအဖွဲ့ဆိုရင် မခိုင်တို့မေတ္တာ သင်္ဂဟအဖွဲ့လည်း တော်တော် များများ လှူဖူးတယ်။ မခိုင် အခု လှူ လိုက်တော့လည်း သတိရပြီး လှူဖြစ် အောင်ပါ။ သက်ကြီးလူရွှင်တော်တွေ ဆိုရင် လှူဖို့ မေ့နေတာတွေရှိတယ်။ မခိုင်က အခုလှူဖြစ်တဲ့အခါမှာ လိုက် ပြီးတော့ လှူဖြစ်သွားတယ်ဆိုရင် ကိုယ်လည်း ကုသိုလ်ရပါတယ်” လို့ ပြောပါတယ်။ ခင်ပွန်းဖြစ်သူ ကိုခန့် နိုင်က နောက်ဆုံးပေါ် iPhone ကို မွေးနေ့လက်ဆောင်ပေးခဲ့သလို သမီး ဖြစ်သူ စံထိပ်ထားဦးကလည်း Pandora က လက်ဝတ်ရတနာလေးကို လက်ဆောင်ပေးခဲ့ပါတယ်။ ခင်ပွန်း နဲ့ သမီးရဲ့မွေးနေ့လက်ဆောင်နဲ့ပတ် သက်ပြီး ခိုင်သင်းကြည်က …

”မွေးနေ့လက်ဆောင်က သူ လည်း ဘာတွေပေးရမှန်း မသိဘူး။ ခေါင်းတွေ ခြောက်နေတဲ့အချိန်မှာ iPhone အသစ်ထွက်တယ်ဆိုတာနဲ့ သူ့သမီးနဲ့တိုင်ပင်ပြီး ပေးလိုက်တဲ့ သဘောပါပဲ။ ကိုယ်ကလည်း ဖုန်း အသစ်ထွက်ရင် ချက်ချင်းဝယ်မကိုင် ဘူး။ ဈေးကြီးတယ်လေ။ ရှိတဲ့ဖုန်း ကလည်း သုံးလို့ရနေတယ်။ ဘာမှ သိပ်မကွာဘူးလေ။ အခုဖုန်းက ဆင်းမ်ကတ် ၂ ကတ်ပါတယ်ဆိုတာ သူပြောမှပဲ သိတော့တယ်။ ဖုန်းတစ် လုံးပဲ ကိုင်လို့ရသွားတာပေါ့။ ထိပ် ထိပ်ကတော့ Pandoraတွေ ဝယ်ပေး နေတာပဲ။ ဆယ်ကျော်သက် ကြိုက်တဲ့ ဟာလေးတွေပေါ့။ အစ်မ လည်းကြိုက်တယ်။ ကိုယ်က အသက်ကြီးပေမယ့် အဲဒီလိုမျိုး ကြိုက်တယ်။ သမီးနဲ့အမေနဲ့ အကြိုက်တူနေတာ ပေါ့” လို့ ပြောပါ တယ်။ ကိုခန့်နိုင်နဲ့ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံက တော့ ပျော်ရွှင်တဲ့ မိသားစုဘဝလေး ကို ပိုင်ဆိုင်ထားသူ တွေပါ။

ကိုခန့်နိုင် က အနုပညာ လောကမှာ အောင်မြင် မှုတွေရရှိပြီး နာမည်ပျက်မရှိရပ် တည်နိုင်တဲ့ ဇနီးဖြစ်သူအတွက်လည်း ဂုဏ်ယူ သလို တအားလည်း ချစ်ပါ တယ်လို့ ဆိုပါတယ်။ အောင်မြင်မှု တွေထက် ဇနီးဖြစ်သူကို အခုအချိန် မှာ ဖြစ်ချင် တဲ့ဆန္ဒနဲ့ပတ်သက်ပြီး တော့လည်း…

”အမြဲတမ်းကျန်းကျန်း မာမာနဲ့ ရောဂါကင်းပြီးတော့ ကိုယ့် မိသားစု ပျော်ပျော်ရွှင်ရွှင်လေးသွား ချင်ပါ တယ်။ အခု ဒီအရွယ်က ကျန်းမာရေး ကောင်းဖို့ တည်ဆောက် ရမယ့် အရွယ် ဖြစ်လာပြီလေ”လို့ ကို ခန့်နိုင် က ပြောပါတယ်။ ခိုင်သင်းကြည်က မွေးနေ့ ညပိုင်းမှာတော့ မိသားစုတွေ နဲ့အတူ ရွှေတိဂုံဘုရားမှာ ဆီမီး ၁ဝဝဝ ကပ်လှူပူဇော်ခဲ့ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း
မင်းမင်းထွန်း

Ads Space Available


Continue reading

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု ဖားကန့်တွင်ဖြစ် ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည် အခြေခံပညာအထက်တန်း ကျောင်း(ဖားကန့်)အဆောက်အအုံနှင့် အနီးဝန်းကျင်၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် Grade-4 တွင်ပညာသင်ကြားနေသော ကလေးငယ်(၂)ဦးမှာ ဗုံးစထိမှန်ဒဏ်ရာများရရှိပြီး စာသင်ဆောင်အဆောက်အအုံများပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကျောင်း သားကလေးငယ်(၂)ဦးကို တာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များမှလည်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် အကြမ်းဖက်မှုတန်ပြန်ချေမှုန်းရေးကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများကိုဆွေးနွေး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအေးကျော်၊ တာဝန်ရှိသူ များ၊ ရုရှားနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့် ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov တို့ကရေးထိုးလဲလှယ်ခဲ့ကြသည်။ ထို့ပြင် ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov သည် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်လည်းတွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်ကြား စစ်ဘက်နည်းပညာ၊ သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071