Monday, September 21, 2026

နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားသည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲ...

လားရှိုး၊ စက်တင်ဘာ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲကို ယနေ့ စက်တင်ဘာ...

ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် လူဦးရေ ၂,၇၀၀...

လေးမျက်နှာ၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်အထိ လူဦးရေ ၂,၇၀၀ ကျော်အတွက် သောက်သုံးရေ လီတာ...

ICC ကို ပိတ်ဆို့အရေးယူဖို့ ထရမ့်အစိုးရအဖွဲ့...

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်ပြီးဖြစ်တာကြောင့် မကြာခင်မှာပဲ ကြေညာဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့...

လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေး တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန်...

နေပြည်တော်၊ စက်တင်ဘာ ၂၁ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန်...
HomeCelebrities' Newsသမီးလေးက သူ့ထက်ပိုပြီး နာမည်ကြီးပါတယ်...

သမီးလေးက သူ့ထက်ပိုပြီး နာမည်ကြီးပါတယ် ဆိုတဲ့သရုပ်ဆောင်နိုင်လူ

သရုပ်ဆောင်နိုင်လူနဲ့ မချို သန္တာထိုက်တို့ရဲ့ သမီးလေးခေတ်ဆည်းဆာက ပရိသတ်တွေရဲ့ချစ် ခြင်း မေတ္တာတွေကို ရရှိထားသူပဲဖြစ်ပါတယ်။ ချစ်စဖွယ်ပုံရိပ်တွေကြောင့်ရော မိဘအပေါ် သိတတ်နားလည်တာတွေကြောင့်ပါ ပရိသတ် တွေ ကသည်းသည်းလှုပ်ချစ်ခင်နေ ကြတာ ဖြစ်ပါ တယ်။

အခုဆိုရင် ဖခင်ဖြစ်သူနိုင်လူက သမီးလေးရဲ့ ကိုယ်ပိုင် Page ကိုတောင် ဖွင့်လှစ်ပေးထားပြီး သမီး လေးရဲ့ဓာတ်ပုံတွေကို တင်ပေးနေပါတယ်။

”သူ့ကိုတော်တော်လေး ချစ်ကြတယ်။ သူ့စန်းပေါ့လေ။ လူက တစ်ခါတလေကျတော့လည်း ရုပ်ချောတာတွေ ရုပ်ဆိုးတာတွေနဲ့ သိပ် တော့ မဆိုင်ဘူး။ စန်းဇာတာနဲ့ပဲ ဆိုင်တယ်။ ကိုယ့်ထက် သူကပိုပြီးတော့ နာမည်ကြီးပါတယ်။ သူ့ကိုမွေး ပြီး မှပဲကိုယ့်ကိုလူတွေပိုသိလာတယ်။ လူတွေ လက်ခံ လာတယ်။ကိုယ့်ကြောင့် သမီးလေးကိုလူသိလာတာ မဟုတ်ပါဘူး။ သမီးလေးကြောင့် ကိုယ့်ကိုလူ တွေပိုပြီး သိသွားတာပါ” လို့ သမီးလေးနဲ့ပတ်သက်ပြီး နိုင်လူကပြောပါတယ်။

သမီးဖြစ်သူရဲ့ ဓာတ်ပုံတွေကိုတော့ ဖေ့စ်ခ်ဘွတ် မှာ တစ်ပတ်တစ်ခါလောက် တင်ပေး လေ့ရှိပြီး ဒါက လည်း ပရိသတ်တွေအနေနဲ့လည်း မြင်တွေ့ရအောင်ပါလို့ ပြောပြပါ တယ်။ ခေတ် ဆည်းဆာက အခုဆိုရင် ၂နှစ်ပြည့်တော့မှာဖြစ်ပြီး စကားတွေတောင်တတ်လာပြီလို့ နိုင်လူကဆိုပါ တယ်။

”သူက ကျွန်တော်လုပ်ပြတဲ့အိုက် တင်ကို ပြန်လုပ်ပြတတ်တယ်။ အိုက် တင်တွေကို သူကအမျိုးမျိုး လုပ်ပြ တတ်တယ်။ တီဗီကြည့်ရင် ဇာတ်ကား တွေမှာအစ်ကိုပါလာရင် ဟိုမှာ ပါ ပါးလာပြီလို့ ပြောတယ်။ တစ်ခါတ လေ သူက ဒေါသဖြစ်ရင် အစ်ကို့ကို နိုင်လူလို့ခေါ်တယ်။ ပါပါးလို့ မခေါ်တော့ဘူး။ ၂နှစ်ပဲရှိသေး ပေမယ့် သမီးအကြီးတွေထက် လူရည်ပိုလည်တယ်။ လူကဲလည်း ခတ်တတ်တယ်။ ပြီးတော့ သမီးလေး ကထူးခြားတယ်။ ကိုယ့်သားသမီးတွေ ထဲမှာ ဒီကလေးကိုပဲ အကုန်လုံးကချစ်ကြတယ်။ ဒါက သူ့ရဲ့ကံတရား သူ့ရဲ့စန်းဇာတာကြောင့်လို့ပဲ ပြောရ မှာပေါ့” လို့ သမီးလေးရဲ့ ချစ်စဖွယ်အကြောင်း အရာတွေကို နိုင်လူ ကပြောပြပါတယ်။

နိုင်လူနဲ့ မချိုသန္တာထိုက်တို့ရဲ့ အိမ်ထောင် သက်တမ်းက ၅နှစ်ပြည့် ပြီဖြစ်ပြီး ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထား ကြတာလည်းဖြစ်ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားသည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်

လားရှိုး၊ စက်တင်ဘာ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲကို ယနေ့ စက်တင်ဘာ ၂၁ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရိုးမဘဏ်က ထုတ်ပြန်ထားသည်။ ပြန်လည်ဖွင့်လှစ်သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲသည် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းထောင့်တွင် တည်ရှိသည်။ အဆိုပါဘဏ်ခွဲတွင် ငွေသွင်း၊ ငွေထုတ်ခြင်းအပါအဝင် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ယနေ့မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် လူဦးရေ ၂,၇၀၀ ကျော်အတွက် ရေလီတာ ၆၀,၀၀၀ ကျော် ဖြန့်ဖြူး

လေးမျက်နှာ၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်အထိ လူဦးရေ ၂,၇၀၀ ကျော်အတွက် သောက်သုံးရေ လီတာ ၆၀,၀၀၀ ကျော် ဖြန့်ဖြူးပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်ထားသည်။ ထို့ပြင် အိမ်ထောင်စု ၈၂ စုအတွက် ရေဘူးပျော့ (Jerry Can) ၁၆၆ ခုကိုလည်း ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။ ကျန်းမာရေးဌာန ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲ့မှ ကြက်ခြေနီဝန်ထမ်းများနှင့် လေးမျက်နှာမြို့နယ် ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များက အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်နှင့် စစ်ကုန်းကျေးရွာရှိ...

ICC ကို ပိတ်ဆို့အရေးယူဖို့ ထရမ့်အစိုးရအဖွဲ့ ပြင်ဆင်ပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များပြော

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်ပြီးဖြစ်တာကြောင့် မကြာခင်မှာပဲ ကြေညာဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ဦးက ပြောပါတယ်။ ဒါဟာ ICC အပေါ် အမေရိကန်ရဲ့ တို-က်ခိုက်မှုကို ပိုမိုပြင်းထန်လာစေမယ့် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အစ္စရေးခေါင်းဆောင်တွေအပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းတွေအပြင် အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး အရင်က စုံစမ်းစစ်ဆေးခဲ့တာတွေကိုပါ တရားရုံးအနေနဲ့ ရုပ်သိမ်းပေးဖို့ အမေရိကန် တာဝန်ရှိသူတွေဖြစ်စေချင်နေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071