Sunday, August 2, 2026

သက်တမ်းနှစ် ၂၀ ကျော်လွန်နေသည့် မီတာများအား...

နေပြည်တော်၊ ဩဂုတ် ၂ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ လျော့နည်းပပျောက်စေရန်အတွက် စွမ်းဆောင်ရည် ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်လွန်နေသည့် မီတာများကို...

မိုးသည်းထန်စွာရွာသွန်း၍ ဟိုပုံး-လွိုင်လင်သွားကားလမ်းပေါ်ရေကျော်

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံး-လွိုင်လင်သွားကားလမ်းပေါ်သို့ ယနေ့ သြဂုတ် ၂ ရက်နံနက် ၈ နာရီခန့်မှစတင်ကာ ရေကျော်လျက်ရှိကြောင်း သိရသည်။ ဟိုပုံး-လွိုင်ကော်သွားကာလမ်း၏ ပေါင်လင်းကျေးရွာ...

​မော်လမြိုင် မုယောင်းအမှိုက်ကျင်း၌ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရန်...

မော်လမြိုင်၊ သြဂုတ်-၂ ​မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုယောင်းအမှိုက်ကျင်းဧရိယာအတွင်း ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် သဘာဝမြေဩဇာ (Waste to Compost) စက်ရုံ တည်ဆောက်ထုတ်လုပ်ရန် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသား...

လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာရှိ ရေဘေးကယ်ဆယ်ရေးစခန်းတွင် လျှပ်စစ်ဓာတ်အားများသွင်းနိုင်ရန်စီစဥ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ၏ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုး ပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၁၄)ခုအတွင်းရေဝင်ရောက်နေ၍ စာရေးကွင်းကျေးရွာ...
HomeNewsLocal Newsသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့...

သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် ဒီဇိုင်းပြိုင်ပွဲနှင့် ကာတွန်း Animation ဗီဒီယိုပြိုင်ပွဲများ ကျင်းပမည်

နေပြည်တော်၊ ဩဂုတ် ၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေး လက်ကမ်းစာစောင် ဒီဇိုင်းပြိုင်ပွဲနှင့် ကာတွန်း Animation ဗီဒီယိုပြိုင်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ကမ်းစာစောင် ဒီဇိုင်းပြိုင်ပွဲတွင် ငလျင်၊ ရေဘေးနှင့် လေပြင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအနက် ဘေးအန္တရာယ် ၃ မျိုးလုံးကိုဖြစ်စေ၊ နှစ်သက်ရာ ၁ မျိုးကိုဖြစ်စေ ရွေးချယ်ယှဉ်ပြိုင်နိုင်သည်။

ဒီဇိုင်းများ ဖန်တီးရာတွင် မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့စရိုက်များနှင့် ကိုက်ညီသည့် သရုပ်ဖော်ပုံများ ဖြစ်ရမည်ဖြစ်ပြီး ဝန်ကြီးဌာန ဝက်ဘ်ဆိုက် (https://www.moswrr.gov.mm/awareness/oamphlets) ရှိ နမူနာများကို ကြည့်ရှု၍ ဖန်တီးရမည်ဖြစ်သည်။ မူလစာစောင်များပါ အကြောင်းအရာများအပြင် အများပြည်သူအတွက် ပိုမိုသိသာထင်ရှားစေမည့် ဆက်စပ်အချက်အလက်များကိုလည်း ထပ်မံဖြည့်စွက် ရေးဆွဲနိုင်သည်။

ကာတွန်း Animation ဗီဒီယိုပြိုင်ပွဲတွင် ငလျင်၊ မုန်တိုင်း၊ ရေဘေးနှင့် အယ်လ်နီညိုဖြစ်စဉ် အသိပညာပေး ခေါင်းစဉ်များဖြင့် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ပြိုင်ပွဲဝင်များအနေဖြင့် ၄ မိနစ်စာ Animation ဗီဒီယိုကို မြန်မာဘာသာဖြင့် ဖန်တီးရမည်ဖြစ်ပြီး မည်သည့် နည်းလမ်းဖြင့်မဆို ထုတ်လုပ်ယှဉ်ပြိုင်နိုင်သည်။ သရုပ်ဆောင် ဇာတ်ကောင်များနှင့် အစီအစဉ် တင်ဆက်မှုများသည် ဇာတ်လမ်းဇာတ်ကွက်နှင့် လိုက်လျောညီထွေမှုရှိကာ မြန်မာ့ယဉ်ကျေးမှုနှင့် လူနေမှုပုံစံများကို ထင်ဟပ်ဖော်ပြနိုင်ရမည် ဖြစ်သည်။

လျှောက်လွှာများကို လက်ကမ်းစာစောင် ဒီဇိုင်းပြိုင်ပွဲအတွက် Hard Copy နှင့် Soft Copy တို့ကိုလည်းကောင်း၊ Animation ပြိုင်ပွဲအတွက် Soft Copy အား အခွေ (သို့မဟုတ်) DVD/VCD ဖြင့်လည်းကောင်း ပြင်ဆင်၍ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ပြိုင်ပွဲဝင်လျှောက်လွှာ၊ ဝန်ခံကတိပြုလွှာတို့နှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)၊ နေပြည်တော် (ဖုန်း – ၀၆၇-၃၄၀၄၆၆၈၊ အီးမေးလ် – [email protected]) သို့ စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သက်တမ်းနှစ် ၂၀ ကျော်လွန်နေသည့် မီတာများအား လဲလှယ်ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ် ၂ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ လျော့နည်းပပျောက်စေရန်အတွက် စွမ်းဆောင်ရည် ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်လွန်နေသည့် မီတာများကို လဲလှယ်ပေးခြင်း၊ မီတာအသစ် လျှောက်ထားသူများကို လျင်မြန်စွာ တပ်ဆင်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ Digital Smart Meter များအား အများပြည်သူထံ မဖြန့်ဖြူးမီ လုံခြုံရေး Seal ခတ်နှိပ်ပေးသည့် မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲ၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေသည့် AMI Control Center...

မိုးသည်းထန်စွာရွာသွန်း၍ ဟိုပုံး-လွိုင်လင်သွားကားလမ်းပေါ်ရေကျော်

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံး-လွိုင်လင်သွားကားလမ်းပေါ်သို့ ယနေ့ သြဂုတ် ၂ ရက်နံနက် ၈ နာရီခန့်မှစတင်ကာ ရေကျော်လျက်ရှိကြောင်း သိရသည်။ ဟိုပုံး-လွိုင်ကော်သွားကာလမ်း၏ ပေါင်လင်းကျေးရွာ အုပ်စု၊ ဟဲလုံကျေးရွာနှင့် နံကင်ကျေးရွာကြား မိုင်တိုင်အမှတ် ၂၁၀/၀ နှင့် ၂၁၀/၁ ကြားတွင် ကားလမ်းရေ ကျော်ခြင်းဖြစ်၍  ဟိုပုန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဒေသခံများနှင့် ခရီးသွားလာသူများအဆင် ပြေစေရေးအတွက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

​မော်လမြိုင် မုယောင်းအမှိုက်ကျင်း၌ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရန် မွန်ပြည်နယ်စည်ပင် အဆိုပြုလွှာဖိတ်ခေါ်

မော်လမြိုင်၊ သြဂုတ်-၂ ​မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုယောင်းအမှိုက်ကျင်းဧရိယာအတွင်း ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် သဘာဝမြေဩဇာ (Waste to Compost) စက်ရုံ တည်ဆောက်ထုတ်လုပ်ရန် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖိတ်ခေါ်ထားသည်။ ​အဆိုပါ လျှောက်လွှာများကို လာမည့် ဩဂုတ် (၃) ရက်မှ (၁၄) ရက်အထိ ရုံးချိန်အတွင်း ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်ပြီး၊ ဩဂုတ် (၁၉) ရက် ညနေ ၄:၃၀ နာရီ နောက်ဆုံးထား၍ မော်လမြိုင်မြို့၊ မောင်ငံရပ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071