မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဆိုင်ကလုန်းမုန်တိုင်း မိုခါတို-က်ခ-တ်မှုကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ် သန်းပေါင်း (၃၆၀၀) ကျော်၊ ၂၀၂၄ ခုနှစ် တိုင်ဖွန်းမုန်တိုင်း ရာဂီနှင့် ဆက်စပ်ရေကြီး ရေလျှံမှုများကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း (၂၂၀၀၀) ကျော်ဆုံးရှုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
လတ်တလောကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း (၁၅၃၀၀၀) ကျော် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း (၃၄၀)ကျော် ဆုံးရှုံးခဲ့ကြောင်းလည်း ပြည်ထောင်စုဝန် ကြီးက ပြောသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးခဲ့သည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံပြုပြင်ခြင်းနှင့် Rotor Pole များ ပြုပြင်ခြင်းအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုရန်ပုံ ငွေမှငွေကျပ်သန်းပေါင်း (၄၀၀၀၀)ကျော် ကျခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ဘေးဒ-ဏ်ခံနိုင်ရည်ရှိသော အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်သကဲ့သို စွမ်းအင်ထုတ်လုပ်သိုလှောင်မှု နည်းစနစ်များ၊ လျှပ်စစ် ဓာတ်အားထုတ်လွှတ်၊ ဖြန့်ဖြူးမှုများတွင်လည်း ခေတ်မီနည်းပညာများနှင့် ဆောင်ရွက်ထားနိုင်မှသာ ဘေးအန္တရာယ်ကြောင့် ထိခို-က်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
