Wednesday, February 18, 2026

မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)ဦး ဖူးခက်မြို့၌ တွေ့ဆုံ   

ကဏ္ဍစုံ၌ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ တို့ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က ဖူးခက်မြို့တွင်တွေ့ဆုံ၍ ...

အချိန်(၈)နာရီခွဲကျော်ကြာငြှိမ်းသတ်ပြီးနောက် ဝါးတရာစက်မှုဇုန်ရှိ M-Brother အထည်ချုပ်စက်ရုံမီးငြိမ်း...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ M-Brother (Straightex Co;Ltd)၏ အထည်ချုပ်စက်ရုံတွင် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်မွန်းတည့် ၁၂...

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုဆွေးနွေး

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော်နှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် Dr. Thushara Fernando...

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးဖြစ်သူ ဦးမင်းအောင် တာဝန်မှအနားယူခွင့်ပြု

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော ဦးမင်းအောင် အားကျန်း မာရေးအရတာဝန်မှအနားယူခွင့်ပြုခဲ့ကြောင်း အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အ မှတ်၊ ၆/၂၀၂၆ ဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၈...
HomeNewsLocal Newsသတ်မှတ် စည်းမျဉ်းစည်းကမ်း မလိုက်နာဟုဆိုကာ...

သတ်မှတ် စည်းမျဉ်းစည်းကမ်း မလိုက်နာဟုဆိုကာ Money Changer နှစ်ခုကို လိုင်စင်ရုတ်သိမ်း

ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား မလိုက်နာဟုဆိုကာ Money Changer နှစ်ခုကို လိုင်စင်ရုတ်သိမ်းခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

Update Forever Co ,ltd နှင့် Ngee Boom ကို မတ်လ ၁၈ ရက်နေ့မှစတင်ကာ လိုင်စင်ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးထားခြင်းဖြစ်သ ည်။

ထို့အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၂ ကိုဖောက်ဖျက်သည့်အတွက် Ngee Myinn Phyu Co.,ltd ၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် အား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအပုဒ်မ ၃၅ (ခ) အရ ၂၀ ၂၄ ခုနှစ် မတ်လ (၁၂) ရက်မှစတင်ကာ ခြောက်လဆိုင်းငံ့ခဲ့‌ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်အသိပေးထားသည်။

ထို့အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ လိုက်နာခြင်းမရှိသည့် Thura Nay Tun (Fame Money Changer)၊ Lead Star Money Changer၊ Steber Group Money Changer နှင့် Asia Shwe Thee Money Changer လေးခုအား ဥပဒေပါအချက်များ လိုက်နာမှုရှိသည်ကို စိစစ်တွေ့ရှိခဲ့သည့်အတွ က် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် သုံးလရပ်ဆိုင်းထားကြောင်းလည်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်စေရေးအတွက် နိုင်ငံခြားငွေလဲကောင်တာများကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည့်အပြင် ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေပြီး ပြည်ပသို့သွားရောက်မည့်သူများအတွက် လိုအပ်သော အသေးသုံး နိုင်ငံ ခြားငွေကြေးများကို နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိကြောင်းလည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)ဦး ဖူးခက်မြို့၌ တွေ့ဆုံ   

ကဏ္ဍစုံ၌ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ တို့ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က ဖူးခက်မြို့တွင်တွေ့ဆုံ၍  နှစ်နိုင်ငံသီးသန့်အစည်းအ ဝေးကျင်းပခဲ့သည်။ အစည်းအဝေး၌ မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံကြား ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေးစသည့်ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာများ၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကဏ္ဍတိုးမြှင့်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တရားမဝင်နယ်စပ်ကုန်သွယ်ရေး၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်း ဝယ်မှုစသည့်...

အချိန်(၈)နာရီခွဲကျော်ကြာငြှိမ်းသတ်ပြီးနောက် ဝါးတရာစက်မှုဇုန်ရှိ M-Brother အထည်ချုပ်စက်ရုံမီးငြိမ်း (၂) ဦးသေဆုံး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ M-Brother (Straightex Co;Ltd)၏ အထည်ချုပ်စက်ရုံတွင် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ အချိန်(၈)နာရီခွဲကျော်ကြာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မီးလောင်မှုအား မွန်းတည့် ၁၂ နာ ရီ ၂၅ မိနစ်တွင် Level 1 အဆင့်၊ နေ့လည် ၁ နာရီ ၃ မိ နစ်တွင် Level 2 အဆင့်တို့ဖြင့် မီးသတ်ဌာနချုပ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၊...

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုဆွေးနွေး

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော်နှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် Dr. Thushara Fernando တို့ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် WHO ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ်  Dr. Thushara Fernando အနေဖြင့် မြန်မာနိုင်ငံ ၌ တာဝန်ထမ်းဆောင်ချိန်အတွင်း မြန်မာနိုင်ငံနှင့် WHO ကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် WHO မှဆက် လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဆွေး နွေးခဲ့ကြသည်။ WHO...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071