Wednesday, December 17, 2025

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို...

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။...
HomeNewsLocal Newsသင်္ကြန်ကာလအတွင်း ရွှေဈေးကျလာနိုင်ဟု ခန့်မှန်းသော်လည်း...

သင်္ကြန်ကာလအတွင်း ရွှေဈေးကျလာနိုင်ဟု ခန့်မှန်းသော်လည်း လက်ရှိတွင် တစ်ကျပ်သား (၂၉) သိန်း အောက်သို့ ပြန်မဆင်းသေး

ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ အရောင်းအဝယ်အေးနေသော်လည်း ပြင်ပရွှေဈေးနှုန်းမှာ (၂၉) သိန်းကျပ်အထက်တွင်သာ ဆက်လက်ရပ်တည်နေကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။

ယခုလ လလယ်ပိုင်းက စတင်ကာ ကမ္ဘာ့ရွှေဈေးလှုပ်ခတ်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းပါ လိုက်တက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အခေါက်ရွှေတစ်ကျပ်သားလျင်(၂၉)သိန်းကျပ် အထက်ဖြင့်သာ ဆက်လက်ရောင်းဝယ်နေကြဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းအ‌နေဖြင့် တစ်အောင်စလျင် ၂၉၉၈ ဒေါ်လာအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ပြည်တွင်းရှိ အခေါက်ရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သားလျင် ၂၉၇၀၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်မှုများ ရှိခဲ့သော်လည်း ဈေးကွက်အတွင်း၌ အရောင်းအဝယ် အေးသည့်အခြေအနေတွင်သာ ရှိနေကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် ၁၉၆၀ ဒေါ်လာအထိ ပြန်လည်ကျဆင်းလာပြီး ပြည်တွင်း ရွှေဈေးနှုန်းအနေဖြင့် အခေါက်‌ရွှေတစ်ကျပ်သားလျင် ၂၉၂၀၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မကြာမီ ရက်ပိုင်းအတွင်း မြန်မာရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလ ကျရောက်တော့မည်ဖြစ်သည့် အတွက် ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းဆက်လက်ကျဆင်းလာနိုင်သော်လည်း အရောင်းအဝယ်မှာ ဆက်လက်အေးနေနိုင်ကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူအချို့က သုံးသပ်ကြသည်။

” သင်္ကြန်ကာလလည်း နီးပြီဆိုတော့ ရွှေဈေးကတော့ နည်းနည်းပါးပါးတော့ ကျလောက်တယ်ပေါ့။ ဒါပေမဲ့ အရောင်းအဝယ်ပိုင်းကတော့ အခြေအနေတွေ အရပ်ရပ်ကြောင့် ဆက်ပြီး အေးနေဦးမယ့် သဘောရှိပါတယ်။ ပုံမှန်အခြေအနေမျိုးပေါ့ ” ဟု ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းနေပြီး ထပ်မံ၍ ကျလာနိုင်သေးသည့်အတွက် သင်္ကြန်ကာလတွင် မြန်မာ့ရွှေဈေးပါ အကျဘက်သို့ ဦးတည်လာနိုင်ကြောင်း ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကလည်း သုံးသပ်သည်။

” ကမ္ဘာ့ဈေးကတော့ နည်းနည်း ပြန်ကျလာပြီပေါ့ကွာ။ ဆက်ပြီးတော့လည်း ကျနိုင်သေးတယ် ။ ဆက်ကျနိုင်သေးတယ်ဆိုရင်တော့ ပြည်တွင်းရွှေဈေးကလည်း ဒီသင်္ကြန်ဆိုရင်တော့ အကျထဲ ရောက်သွားနိုင်တာပေါ့ ” ဟု ဦးမျိုးမြင့်က ပြောသည်။

ယနေ့ မတ်လ (၃၀) ရက် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျင် ၂၃၀၉၁၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၉၆၀ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ ယနေ့ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက အများပိုင်ကုမ္ပဏီ Good Brothers Co., ltd အောက်ရှိ လယ်ယာဝန်ဆောင်မူများ ဆောင်ရွက်သည့် ကုမ္ပဏီခွဲGBS( လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှု အများပိုင် ကုမ္ပဏီလီမိတက်)က ရန်ကုန်စတော့အိတ်ချိန်းရှိ PLB (Pre listing Board) တွင် မှတ်ပုံတင်ခြင်း အခမ်းအနားကျင်းပပြီး ရှယ်ယာများအား သက်သာသောဈေး...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့ ၌ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအဆင့် နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071