Tuesday, December 16, 2025

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်

ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က...

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများ တရားရုံးပြင်ပတွင် ရှေ့နေအဖြစ်လုပ်ကိုင်နေခြင်းကို...

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများက အမှုသည်များထံမှ ကိုယ်စားလှယ်စာယူ၍ တရားရုံးတွင် ရှေ့နေတစ်ဦးသဖွယ် လိုက်ပါဆောင်ရွက်နေခြင်းနှင့် ရှေ့နေအဖြစ် တရားရုံးပြင်ပတွင် လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန်အတွက် ရှေ့နေများအက်ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း...

သဇင်ပန်းများ ယခင်နှစ်ထက် စျေးနှစ်ဆ မြင့်တက်လာ

ယခုရက်ပိုင်းအတွင်း စျေးကွက်အတွင်းသို့ သဇင်ပန်းများဝင်ရောက်လာပြီဖြစ်သလို ယခင်နှစ်ထက် စျေးနှစ်ဆ မြင့်တက်နေကြောင်း အလှပန်းမျိုးစုံရောင်းဝယ်သူများထံမှ သိရသည်။ ယမန်နှစ်တွင် အခက်သေးတစ်ခက်လျှင် (၃၀၀၀/၄၀၀၀) ကျပ်ရှိရာမှ ယခုအခါ (၇၀၀၀/၈၀၀၀)...
HomeNewsLocal Newsသင်္ကြန်ကာလအတွင်း ကုန်သွယ်‌​ရေးဇုန်မပိတ်သော်လည်း ကုန်သွယ်မှုနည်းမည်

သင်္ကြန်ကာလအတွင်း ကုန်သွယ်‌​ရေးဇုန်မပိတ်သော်လည်း ကုန်သွယ်မှုနည်းမည်

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မူဆယ်နယ်စပ်ဂိတ်သည် သင်္ကြန်ကာလအတွင်း ကုန်သွယ်‌​ရေးဇုန်မပိတ်သော်လည်း ပုံမှန်၏ ၁၀ ရာခိုင်နှုန်းခန့်သာကုန်သွယ်မှုပြုလုပ်နိုင်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။

“အကောက်ခွန်စစ်ဆေးတဲ့ဂိတ်တွေ၊ ကားစစ်ဆေးတဲ့ဂိတ်တွေ၊ ကုန်စည်စစ်တဲ့ဂိတ်တွေ အစရှိတဲ့ဂိတ်တွေကတော့ဖွင့်ပါတယ်။ မပိတ်ဘူး။ ဒါပေမယ့် ကုန်သည်တွေကသိပ်မလုပ်ကြတော့ဘူး။ အဲဒီကာလမှာနားကြတာများတယ်။ မြန်မာဘက်ကရော တရုတ်ဘက်ကရော ကားတွေအဝင်/အထွက်တော့ရှိပါတယ်။ နည်းတာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်ဂိတ်သည် ပုံမှန်အတိုင်းကုန်သွယ်မှုပြုလုပ်နေပြီး နေ့စဉ် အစီးရေ ၁၀၀ ကျော်ပုံမှန်ဝင်/ထွက်သွားလာနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းများအား တရုတ်ပြည်သို့တင်ပို့နေပြီး တရုတ်နိုင်ငံဖက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းခြင်းဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို ရပ်ဆိုင်းလိုက်သည်။ ကမ္ဘောဒီးယားတပ်များသည် ထိုင်းနယ်မြေအတွင်းရှိ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများသုံးကာ တို-က်ခို-က်နေသဖြင့် လိုအပ်ချက်အရ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေဒမ် ဆူရာဆန့် ကွန်ဆရီက ပြောကြားခဲ့သည်။ ယင်းသို့ ရပ်ဆိုင်းမိန့်ထုတ်ရခြင်း၏ အဓိကအကြောင်းရင်းသည် လာအိုမှတဆင့် တင်ပို့လိုက်သော လောင်စာဆီနှင့် ပစ္စည်းကိရိယာများကို စစ်ရေးကိစ္စရပ်များ အတွက်အသုံးပြုရန် ကမ္ဘောဒီးယားသို့ ပေးပို့နေကြောင်း ထောက်လှမ်းရေးသတင်းများက ဖေါ်ပြနေသောကြောင့်ဖြစ်ကြောင်း...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်

ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာ ၁၆ ရက်က အသိပေးခဲ့သည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီဟု သတင်းမှားများထုတ်လွှင့်နေခြင်းသည် မကြာမှီကျင်းပမည့် ရွေးကောက်ပွဲအားနှောင့်ယှက်လို၍ အချိန်ကိုက်လုပ်ကြံဖြန့်ဝေနေခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများ တရားရုံးပြင်ပတွင် ရှေ့နေအဖြစ်လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန် ရှေ့နေများအက်ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများက အမှုသည်များထံမှ ကိုယ်စားလှယ်စာယူ၍ တရားရုံးတွင် ရှေ့နေတစ်ဦးသဖွယ် လိုက်ပါဆောင်ရွက်နေခြင်းနှင့် ရှေ့နေအဖြစ် တရားရုံးပြင်ပတွင် လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန်အတွက် ရှေ့နေများအက်ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ခင်မေရီက ပြောသည်။ လက်ရှိ ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိင်းအစည်းအဝေး ကိုလည်း ယမန်နေ့က ကျင်းပခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုပြင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်မရှိဘဲ အမှုဆက်လက်လိုက်ပါ ဆောင်ရွက်နေခြင်းကို တားဆီးနိုင်ရန်၊ အမှုပွဲစားများအပေါ် ထိရောက်သော ပြစ်ဒ-ဏ်များ ချမှတ်နိုင်ရန်အတွက်လည်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဒေါ်ခင်မေရီက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071