Thursday, February 26, 2026

လျှို့ဝှက်လက်နက်သစ်များနှင့် ဂြိုဟ်တုဖျ-က်နည်းပညာများ ထုတ်ဖော်မည်ဟု ကင်ဂျုံအန်း...

မြောက်ကိုရီးယားနိုင်ငံသည် လာမည့် ၅ နှစ်တာကာလအတွင်း လျှို့ဝှက်လက်နက်သစ်များကို တီထွင်ထုတ်လုပ်ပြီး တပ်ဖြန့်ချထားနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံ၏အကြီးအကဲ ကင်ဂျုံအန်း က ပြောကြားလိုက်သည်။ ကိုရီးယားအလုပ်သမားပါတီ၏ (၉)...

အခမ်းအနားအစီအစဥ်(၁၈)ရပ်ဖြင့် မတ် ၂၀ ရက်တွင်စတင်ကျင်းပမည့်...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ ပထ မပုံမှန်အစည်းအဝေးအား မတ် ၂၀ ရက်တွင် အခမ်းအနားအစီအစဥ်(၁၈)ရပ်ဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျင်းပနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနေရာချထားမှု၊ အသံစနစ်များ၊ မဲပေးသည့်စနစ်များနှင့်...

မြောင်မြို့နယ် ကြက်သွန်နီစိုက်တောင်သူများ စျေးကောင်းရရန် ချိတ်ဆက်ဆောင်ရွက်ပေးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်နီ ဧက (၁၄၀၀) ကျော်အထိ နှုတ်သိမ်းပြီးဖြစ်ကြောင်း စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။ မြောင်မြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်နီကို...

မြန်မာနိုင်ငံတွင် အပျော်တမ်း ဘောလုံးလောက အဆင့်အတန်း...

မြန်မာနိုင်ငံတွင် အပျော်တမ်းဘောလုံးလောက အဆင့်အတန်း မြင့်မားလာစေရန်နှင့် အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်သို့ ကူးပြောင်းခြင်းဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။ အဆို ဆွေးနွေးပွဲအတွင်း FIFA ၏...
HomeNewsLocal Newsဝါးတရာစက်မှုဇုန်ရှိ ဖော့စက်ရုံ၌ Level...

ဝါးတရာစက်မှုဇုန်ရှိ ဖော့စက်ရုံ၌ Level 1 အဆင့်မီး လောင်မှု တစ်နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းရှိ ဖော့စက်ရုံ၌ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နံနက် ၁၁ နာရီ ၄၆ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် အ ရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းတည့် ၁၂ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် စက်ရုံရှေ့တွင်စုပုံထားသော ဖော့ဘူး၊ စက္ကူပုံးများလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပင်မစက်ရုံသို့ကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လျှို့ဝှက်လက်နက်သစ်များနှင့် ဂြိုဟ်တုဖျ-က်နည်းပညာများ ထုတ်ဖော်မည်ဟု ကင်ဂျုံအန်း ကြေညာ

မြောက်ကိုရီးယားနိုင်ငံသည် လာမည့် ၅ နှစ်တာကာလအတွင်း လျှို့ဝှက်လက်နက်သစ်များကို တီထွင်ထုတ်လုပ်ပြီး တပ်ဖြန့်ချထားနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံ၏အကြီးအကဲ ကင်ဂျုံအန်း က ပြောကြားလိုက်သည်။ ကိုရီးယားအလုပ်သမားပါတီ၏ (၉) ကြိမ်မြောက် ကွန်ဂရက်အတွင်း ကင်ဂျုံအန်းက "ပါတီဗဟိုစစ်ကော်မရှင်အနေနဲ့ ကျွန်ုပ်တို့ရဲ့ တပ်မတော်ကို လျှို့ဝှက်ပြီး ထူးခြားတဲ့ မဟာဗျူဟာမြောက် လက်နက်သစ်တွေ တပ်ဆင်ပေးနိုင်ဖို့ အဓိကရည်မှန်းချက်တွေကို ချမှတ်ထားပါတယ်။ နယ်ပယ်အသီးသီးက ကာကွယ်ရေးစီမံကိန်းအသစ်တွေကို သေချာစိစစ်ပြီး ရေရှည်စီမံကိန်းတွေကို တာဝန်ယူအတည်ပြုပေးခဲ့ပြီးဖြစ်ပါတယ်" ဟု ဆိုသည်။ မြေပြင်နှင့် ရေငုပ်သင်္ဘောများမှ ပ-စ်ခတ်နိုင်သည့် တို-က်ချင်းပ-စ် ပဲ့ထိန်းဒုံးကျည် (ICBM) စနစ်များ၊...

အခမ်းအနားအစီအစဥ်(၁၈)ရပ်ဖြင့် မတ် ၂၀ ရက်တွင်စတင်ကျင်းပမည့် ပဲခူးတိုင်းလွှတ်တော်

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ ပထ မပုံမှန်အစည်းအဝေးအား မတ် ၂၀ ရက်တွင် အခမ်းအနားအစီအစဥ်(၁၈)ရပ်ဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျင်းပနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနေရာချထားမှု၊ အသံစနစ်များ၊ မဲပေးသည့်စနစ်များနှင့် လုံခြုံရေးကင်မရာများတပ်ဆင်ထားမှု၊ သက်ဆိုင်ရာရေးရာကော်မတီများအလိုက် အစည်းအဝေးခန်းများပြင်ဆင်ထားမှုနှင့် လွှတ်တော်ကိုယ်စားလှယ်အိပ်ဆောင်များအဆင်သင့်ပြင်ဆင်ထားမှုတို့ကို ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ စတင်ရောက်ရှိချိန်မှစ၍ နေထိုင်စားသောက်ရေးအဆင်ပြေစေရန်၊ ရေမီးပြည့်စုံမှုရှိစေရေးပြင်ဆင်ထားရန်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ဆွဲစာဆောင်များ တစ်ပါတည်းဝေငှပေးထားရန်၊ မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းစသည့် လွှတ်တော်ဆိုင်ရာကိစ္စများ ရှင်းလင်းစွာသိရှိနိုင်ရေးကြိုတင်ပြင်ဆင်ထားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ် ကြက်သွန်နီစိုက်တောင်သူများ စျေးကောင်းရရန် ချိတ်ဆက်ဆောင်ရွက်ပေးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်နီ ဧက (၁၄၀၀) ကျော်အထိ နှုတ်သိမ်းပြီးဖြစ်ကြောင်း စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။ မြောင်မြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်နီကို ဧက (၁၈၀၀) ကျော် စိုက်ပျိုးထားရာ ဇန်နဝါရီလမှ စတင်နှုတ်သိမ်းခဲ့ရာ ဧက (၁၄၀၀) ကျော်နှုတ်သိမ်းပြီးနေပြီဖြစ်ရာ တစ်ဧကလျင် ကြက်သွန်နီပိသာချိန် (၄၀၀၀) ကျော်ထွက်ကြောင်းသိရသည်။ "ကြက်သွန်နီတွေ စျေးကွက်မှာ စျေးကောင်းရအောင် ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်" ဟု စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက ပြောသည်။ မြောင်မြို့နယ် ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် အရည်အသွေးကောင်း ကြက်သွန်နီများရရှိရန် GAP နည်းစနစ်သုံးစိုက်ပျိုးကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071