Sunday, September 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည်...

စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်းကြောင့် ဘန်ကောက်မြို့ ငလျင်အန္တရာယ်...

​မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ပိုင်းအပိုင်းဟာ ခန့်မှန်းခြေ နှစ် ၁၀၀ လည်ပတ်မှုစက်ဝန်း ကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်တာကြောင့် အကယ်၍သာ အဲဒီကနေ အင်အားပြင်း ငလျင်လှုပ်ခတ်လာရင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့...

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့တွင် ကျင်းပသည့်...

အမြန်လမ်းရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေ ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန်သတိပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းအားပြင်ဆင်မှုများပြုလုပ်နေသဖြင့် ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးခဲ့သည်။ ကလီထော်ချောင်းကူးတံတားသည် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၆/၅ နှင့် ၆/၆ ကြားတွင်တည်ရှိပြီး လက်ရှိကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေခြင်းမှာ...
HomeNewsLocal Newsဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ကိုယ်စားလှယ်တည်းခိုရာနှင့်...

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ကိုယ်စားလှယ်တည်းခိုရာနှင့် လွှတ်တော်အနီးရှိ စားသောက်ဆိုင်များကို အထူးဂရုပြု စစ်ဆေးရန်လို

နေပြည်တော်၊ စက်တင်ဘာ ၅

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ကိုယ်စားလှယ်တည်းခိုရာနှင့် လွှတ်တော်အနီးရှိ စားသောက်ဆိုင်များ၏ အစားအသောက်နှင့် သောက်သုံးရေ သန့်ရှင်းမှုကို အထူးဂရုပြု စစ်ဆေးပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ပြောကြားလိုက်သည်။

စက်တင်ဘာ ၄ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) တွင် ပြည်ထောင်စုလွှတ်တော်နာယက က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သယ်ယူပို့ဆောင်ရေးကော်မတီအနေဖြင့် ကိုယ်စားလှယ်များ လာရောက်ရာတွင် အဆင်ပြေစေရေး ဆောင်ရွက်ထားရန်နှင့် တည်းခိုရိပ်သာနှင့် လွှတ်တော်အကြား အသွား/အပြန် သယ်ယူပို့ဆောင်ရေးကို သက်ဆိုင်ရာ ကော်မတီများနှင့် အချိန်မီ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

အလားတူ အခမ်းအနား ပြင်ဆင်ရေးကော်မတီအနေဖြင့် ခန်းမကြီးများ ပြုပြင်ထိန်းသိမ်းမှု၊ ပရဝဏ်သန့်ရှင်းရေး၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်နှင့် ရုပ်သံပိုင်းဆိုင်ရာ ကောင်းမွန်စေရေးအတွက် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်။

လာမည့် စက်တင်ဘာ ၂၁ ရက်တွင် တတိယပုံမှန်အစည်းအဝေးများကို စတင်ကျင်းပမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်အတွင်း နေပြည်တော်သို့ ရောက်ရှိသတင်းပို့ကြရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည်...

စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်းကြောင့် ဘန်ကောက်မြို့ ငလျင်အန္တရာယ် စိုးရိမ်ဖွယ်ရှိနိုင်ဟုဆို

​မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ပိုင်းအပိုင်းဟာ ခန့်မှန်းခြေ နှစ် ၁၀၀ လည်ပတ်မှုစက်ဝန်း ကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်တာကြောင့် အကယ်၍သာ အဲဒီကနေ အင်အားပြင်း ငလျင်လှုပ်ခတ်လာရင် ဘန်ကောက်မြို့အနေနဲ့ ပြင်းထန်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ထိုင်းအင်ဂျင်နီယာတွေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ ​သောကြာနေ့က ထမ်မဆတ်(Thammasat) တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ "ရာသီဥတု မသေချာမရေရာတဲ့ခေတ်မှာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်များ" ဆိုတဲ့ ဘာသာရပ်ပေါင်းစုံ ဆွေးနွေးပွဲမှာ ထိပ်တန်းသုတေသီတွေက အရင်ကလှုပ်ခဲ့တဲ့ ငလျင်တွေအပြီးမှာ ပြည်သူတွေနဲ့ စည်ပင်သာယာရေး အာဏာပိုင်တွေအနေနဲ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့တွင် ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်သည်။ အဆိုပါဖိုရမ်သို့ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ကြပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးသည် ယခုနှစ်တွင် နှစ် ၅၀ ပြည့် ရွှေရတုသက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံသည် ၂၀၁၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071