Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeArticlesဝမ်းပျက်ဝမ်းလျော အစာအဆိပ်သင့်နိုင်ခြေရှိမရှိ လမ်းဘေးဆိုင်တွေမှာ...

ဝမ်းပျက်ဝမ်းလျော အစာအဆိပ်သင့်နိုင်ခြေရှိမရှိ လမ်းဘေးဆိုင်တွေမှာ သတိပြုရမယ့် အချက်ရှစ်ချက်

လမ်းဘေးကစားသောက်ဆိုင်ဟာ ဈေးသက်သာပြီး မြန်မာလူမျိုးနဲ့ ခံတွင်းတွေ့လို့ လမ်းကြိုလမ်းကြား နေရာတိုင်းမှာ အလွယ်တကူ ဝယ် ယူစားသောက်နိုင်တဲ့ဆိုင်တွေ များပြားနေတာဖြစ်ပါတယ်။ ဒါပေမယ့် လည်း လမ်းဘေးစားသောက်ဆိုင်ကအစားအစားတွေဟာ ဈေးသက် သာပြီး စားကောင်းတယ်ဆိုတိုင်း ကိုယ့်ဝမ်းနဲ့တည့်ချင်မှတည့်ပါလိမ့် မယ်။ မတော်ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့အပြင် ကံဆိုးရင် အစာ အ ဆိပ် သင့်လည်းဖြစ်နိုင်လို့ စားသောက်ဆိုင်ထဲမဝင်ထိုင်ခင် သတိပြု သင့်တဲ့ အချက်လေးများကို ဖော်ပြပေးမှာဖြစ်ပါတယ်။

၁။ လမ်းဘေးစားသောက်ဆိုင်များဟာ အစားအသောက်ကို လက်တ လောချက်ပြုတ် ကြော်လှော် ထားတဲ့အစားအစာရောင်း ချတဲ့ဆိုင်မျိုးဖြစ် ရပါမယ်။ ကြိုတင်ပြင်ဆင်ထားခြင်းရှိရင်လည်း အထားခံတဲ့ အသီးအ ရွက်နဲ့သစ်သီးများသာဖြစ်သင့်ပြီး အဲ့ဒိ အသီးအရွက်များကို လည်းအ ပူပေးထားခြင်းမျိုးမဖြစ် ရပါဘူး။

၂။ အသား၊ အသားလုံး၊ ခေါက်ဆွဲဖတ်နဲ့ ဖက်ထုတ်တို့လို့ အစရှိတဲ့ အစားအစာများကို ပြုတ်ထားပြီး ပန်းကန်ထဲထည့်ကာကြိုတင်ပြင် ဆင်ထားခြင်းမျိုး မပြုလုပ်ရပါဘူး။ စားခါနီးမှ ကျက်အောင်ပြုလုပ် ရမှာဖြစ်ပါတယ်။

၃။ စားရန်အသင့်ချက်ပြုတ်ကြော်လှော်ပြီး ရောင်းချတဲ့အသင့်စား ထမင်း ဟင်းဆိုင်များ အနေနဲ့ အစားအသောက်ဟင်းလျာများကို ၂ ကနေ ၄နာ ရီကြားတစ်ခါ ပြန်နွေးသင့်ပါတယ်။ ဒါမှ ဝမ်းပျက် ဝမ်းလျှောဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို မကြီးထွားလာစေမှာဖြစ်ပါတယ်။

၄။ အစားအသောက်ရောင်းချတဲ့ဆိုင်များဟာ သန့်ရှင်းပြီး ရောဂါဖြစ် ပွားစေတဲ့ ကြွက်၊ ပိုးဟပ် ၊ယင်ကောင် အစရှိတာတွေနဲ့ ကင်းရှင်းရ မှာဖြစ်ပြီး အခြားအိမ်မွေးတိရစ္ဆာန်လည်းမရှိရမှာဖြစ်ပြီး အနီးအနားမှာ အမှိုက်ပုံလိုမျိုး စွန့်ပစ်ပစ္စည်းတွေ ရှိမနေရပါဘူး။ အခြားအိမ်မွေး တိရိ စ္ဆာန်လည်း အစားအသောက်အနီးအနားကို ခေါ်ဆောင်မလာသင့် ပါဘူး။

၅။ အစားအစာကိုင်တွယ်ချက်ပြုတ်သူဟာ ခေါင်းဆောင်း နဲ့ ရှေ့ဖုံးခါး စည်းကို ဝတ်ဆင်ထားရမှာဖြစ်ပြီး လက်သည်းတိုတိုညှပ်ကာ လက်အိပ် စွပ် ထားရပါမယ်။ တူ၊ ဇွန်း၊ ညှပ် အစရှိတာတွေသုံးပြီး အစားအသောက် ကို ကိုင်တွယ်ရမှာဖြစ်ပါတယ်။ လက်နဲ့တိုက်ရိုက် အစားအသောက်တွေ ကိုကိုင်တွယ်ခြင်းမျိုး မပြုလုပ်ရပါ။

၆။ အစားအစာချက်ပြုတ်သူနဲ့ အစားအသောက်လာချပေးသူတွေမှာ အနာတစ်ခုခု ဖြစ်နေ၊ ပေါက်နေခဲ့မယ်ဆိုရင် အဲ့ဒီအနာတရများကို ပလာစတာနဲ့ပတ်စေပြီးမှသာ ချက်ပြုတ်ကိုင်တွယ်စေသင့်ပါတယ်။

၇။ အစားအသောက်ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ဇွန်း၊ ယောက်မ၊ ပန်း ကန်၊ တူ အပြင် ထိုင်ခုံ၊ ရေခွက်အပါအဝင် သန့်ရှင်းနေရမှာဖြစ်ပြီး ကြေး(ဂျီး) တက်နေခြင်း မရှိရပဲ မကောင်းတဲ့ အနံ့အသက်များနဲ့ ကင်းဝေနေရစေပါမယ်။

၈။ အစားအသောက် အသုံးအဆောင်ပစ္စည်း၊ ပန်းကန်ခွက်ယောက် တွေကို မြေပြင်နဲ့အထက် ၆၀စင်တီမီတာအမြင့်မှာ ထားရပါမယ်။

ဒါ့အပြင် ပူပြင်းတဲ့ရာသီဥတုမှာ အစားအသောက်တွေဟာ အလွယ်တကူပျက်စီးပုတ်သိုးလွယ်စေပါတယ်။

အစားအသောက်ပါဆယ်ဝယ်လာလို့ ချက်ချင်း မစားဖြစ်သေးရင်(သို့) စားမကုန်တာဆိုရင် အစားအသောက်ကိုဆူပွက်အောင် ပြန်လည် အပူ ပေးပြီးမှ အအေးခံကာ ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။

ဒီနည်းဟာ တစ်ရက်ကနေနှစ်ရက်အထိ အထားခံပါတယ်။ တစ်ကယ်လို့များ အစားအစားရဲ့ပုံပန်း သဏ္ဍန်ပြောင်းလဲသွားရင် ဥပမာ အမြုပ်ထနေ တာနဲ့ အနံအသက်မကောင်းဘူးဆိုရင်တော့ အဲဒိ အစားအစာကို လုံးဝ မစားသင့်ပါဘူးဆိုတာ အကြံပြုလိုက်ပါတယ်။

Ref:sanook

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ သံရုံးသို့ စာရွက်စာ တမ်းအထောက်အထားဆိုင်ရာများလာရောက်ပြုလုပ်နေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နှုတ်ဆက်အားပေးစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြပြီး လုပ်ငန်းများဆောင်ရွက်နေကြခြင်းဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သည့်အခက်အခဲပင်ဖြစ်စေ သံရုံး၊ စစ်သံရုံးများသို့ အချိန်မရွေးအကူအညီတောင်းခံကြရန်၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်း ကမ်းများနှင့်အညီဖြစ်စေရေးအတွက် စနစ်တကျနေ ထိုင်လုပ်ကိုင်ကြရန် ပြောကြားသည်။ " မြန်မာနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ အခွင့်အ ရေးတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံအချင်းချင်းဆက်ဆံရာမှာ သံတမန်ဆက်ဆံရေးက များစွာအရေးပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာခွဲခြားမရနိုင်သည့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကြား၊ တပ်မတော်နှစ်ရပ်ကြားတွေမှာ ခိုင်မာတဲ့ချစ်ကြည်ရေးနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေရှိခဲ့တယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ နိုင်ငံတော်တွင် လက်နက်ကိုင်အကြမ်းဖက်မှုများကြုံ...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ ဆွေးနွေးပြောဆို

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းအမျိုးသားလွှတ်တော်အားကြည့်ရှုလေ့လာစဥ် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌမှ ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘ ဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်ကာ လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်ဆံမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောဆိုသည်။ ထို့အတူ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071