Sunday, April 12, 2026

ကမ္ဘောဒီးယားတွင် တရုတ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖွင့်      

ကမ္ဘောဒီးယားနိုင်ငံ ကော့ကွန်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားလိုင်းအတွက် “အစိမ်းရောင် ပါဝါဘဏ်” အဖြစ် ဆောင်ရွက်ရန် ဒီဇိုင်းထုတ်ထားသော ဒေါ်လာ ၁ ဘီလျံတန် Upper Tatay...

အီရန်နှင့်ဆွေးနွေးပွဲသဘောတူညီချက်မရဘဲ ယူအက်စ်အဖွဲ့ ပြည်တော်ပြန်

အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင်...

ကမ္ဘောဒီးယားနှင့် နယ်စပ်ဆွေးနွေးပွဲအတွက် ထိုင်း အသင့်မဖြစ်သေး

 ပြည်တွင်းလုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးသောကြောင့် ဧပြီလ ၁၇ ရက် နေ့မှ ၂၅ ရက် နေ့အထိ ကျင်းပရန် စီစဉ်ထားသော ထိုင်း-ကမ္ဘောဒီးယား ပူးတွဲနယ်နိမိတ်ကော်မရှင်(ဂျေဘီစီ)...
HomeNewsLocal Newsဝန်ကြီးများရုံးသည် ရှေးဟောင်းသမိုင်းဝင်အ ဆောက်အဦးဖြစ်၍...

ဝန်ကြီးများရုံးသည် ရှေးဟောင်းသမိုင်းဝင်အ ဆောက်အဦးဖြစ်၍ မူလလက်ရာအတိုင်းစဉ်ဆက်မပြတ်ထိန်းသိမ်းဆောင်ရွက်ရမည်

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များလုပ်ကြံခံခဲ့ရသည့် ရန်ကုန်မြို့၏ အထင်ကရနေရာဖြစ်သော ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)၌ ခင်းကျင်းပြသထားရှိမှုများနှင့် ပြုပြင်ထိန်းသိမ်းထားရှိမှုများကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်းအထောက်အထား စာရွက်စာတမ်းများနှင့် ဓာတ်ပုံများထိန်းသိမ်းထားရှိမှုနှင့် လွှတ်တော်ခန်းမထိန်းသိမ်းထားရှိမှုတို့ကိုကြည့်ရှုပြီး သမိုင်းကြောင်းကိုဖော်ပြလျက်ရှိသည့် ဓာတ်ပုံများနှင့် စာရွက်စာတမ်းများအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ကြည်လင်ပြတ်သားမှုရှိအောင်ဆောင်ရွက်ပြီးခင်းကျင်းပြသရန် မှာကြားသည်။

ဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများအား အညွှန်းဖော်ပြရာတွင် ရေးထုံးသတ်ပုံများစနစ်ကျမှန်ကန်မှုရှိရန်နှင့် လွယ်ကူရှင်းလင်းစွာဖတ်ရှုနား လည်နိုင်ရေးဆောင်ရွက်ရန်၊ ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရာတွင် ယခင်ခေတ်ကအသုံးပြုခဲ့သည့် ပုံစံများအတိုင်းဖြစ်စေရေးဆောင်ရွက်ရန် မှာကြသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဝန်ကြီးများရုံးအဆောက်အဦးအတွင်းရှိ ဗိုလ်ချုပ်ရုံးခန်းနှင့် အစည်းအဝေးခန်းမအတွင်း ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များလုပ်ကြံခံရမှုအားပြသထားမှု၊ ဓာတ်ပုံပြခန်းအတွင်း သမိုင်းဝင်ဓာတ်ပုံများပြသထားမှု၊ သမိုင်းဝင်အထောက်အထားများပြခန်းအတွင်းခင်းကျင်းပြသထားမှုနှင့် အဆောက်အဦးထိန်းသိမ်းထားမှုတို့အားကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမအတွင်း၌ ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ် များလုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်းရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသရန် မှာကြားသည်။

သမိုင်းအထောက်အထားဓာတ်ပုံများအား ပုံစာအ ညွှန်းတပ်၍ဖော်ပြရန်၊ သမိုင်းအထောက်အထား ဓာတ်ပုံများအားထပ်မံပြုစု၍ခင်းကျင်းပြသရန်၊ ရှေးဟောင်းသမိုင်းဝင်အဆောက်အဦးဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ရန်၊ ထိုခေတ်တွင်မှီခဲ့သည့် သတင်းစာ ဆရာကြီးများ၊ စာရေးဆရာများအားလိုက်လံမေးမြန်း၍ တစ်ပုံစံတည်းဖြစ်အောင်ဆောင်ရွက်ရန်၊ အဆောက်အဦး၏ အချို့နေရာများ၌ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်ထိန်းသိမ်းနိုင်ရေးအတွက် ပညာရှင်များဖြင့် စနစ်တကျသုတေသနပြု ဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦးသို့သွားရောက်၍ ရုံးခန်းများ၊ စာကြည့်တိုက်၊ တရားခွင်များနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ် တော်ပြတိုက်တို့အတွင်းကြည့်ရှုစစ်ဆေးပြီး ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အဆောက်အဦးသည် ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်၍ မူလလက်ရာမပျက်ယွင်းစေပဲ ထိန်းသိမ်းဆောင်ရွက်ရန်၊ ယခုအဆောက်အဦးသည် ပြည်ပခရီးသွားများကိုစွဲဆောင်နိုင်သည့် ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်၍ အဆောက်အဦးရေရှည်ကောင်းမွန်ကြံ့ ခိုင်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားတွင် တရုတ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖွင့်      

ကမ္ဘောဒီးယားနိုင်ငံ ကော့ကွန်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားလိုင်းအတွက် “အစိမ်းရောင် ပါဝါဘဏ်” အဖြစ် ဆောင်ရွက်ရန် ဒီဇိုင်းထုတ်ထားသော ဒေါ်လာ ၁ ဘီလျံတန် Upper Tatay ရေအားလျှပ်စစ်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနှင့် တရုတ်အရာရှိများ တက်ရောက်ခဲ့ကြသည်။    အရှေ့တောင်အာရှနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပုံစံသို့ ပြောင်းလဲရန် အသင့်ဖြစ်နေသော တရုတ်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၏ ပထမဆုံး ဂစ်ဂါဝပ်အဆင့်ရှိ ရေအားလျှပ်စစ်စက်ရုံတည်ဆောက်မှု တရားဝင်စတင်လိုက်ပြီဖြစ်သည်။ အနောက်တောင်ပိုင်း ကော့ကွန်းပြည်နယ်တွင် တည်ရှိသော အထက်တာတေး စီမံကိန်းသည် နိုင်ငံ၏ ကြီးထွားလာသော အစိမ်းရောင်စွမ်းအင်အခြေခံအဆောက်အအုံတွင် ဒေါ်လာ ၁ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံမှုကို...

အီရန်နှင့်ဆွေးနွေးပွဲသဘောတူညီချက်မရဘဲ ယူအက်စ်အဖွဲ့ ပြည်တော်ပြန်

အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ဆွေးနွေးပွဲတွင် အားနည်းချက်များကို ဗန့်စ်က ကိုးကားပြောဆိုခဲ့ပြီး အီရန်သည် နျူကလီးယားလက်နက်များ တည်ဆောက်ရေးကိစ္စအပါအဝင် အမေရိကန်၏ စည်းကမ်းသတ်မှတ်ချက်များကို လက်မခံကြောင်း ပြောကြားခဲ့သည်။          “သတင်းဆိုးကတော့ ကျွန်တော်တို့ သဘောတူညီချက် မရသေးဘူးဆိုတာပါပဲ။ ဒါက အမေရိကန်ပြည်ထောင်စုအတွက် သတင်းဆိုးဆိုတာထက် အီရန်အတွက် ပိုပြီး သတင်းဆိုးဖြစ်မယ်လို့ ထင်ပါတယ်” ဟု ဗန့်စ်က ပြောကြားခဲ့သည်။     “ဒါကြောင့် သဘောတူညီချက်မရဘဲ ကျွန်တော်တို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071