ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၈ မိနစ်ခန့်က ဆိုင််ခန်းမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက် ၊ ကျန်စစ်သားလမ်းမပေါ်တွင် ဆိုင်ခန်းမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၃ နာရီ ၄၆ မိနစ်၌မီးငြိမ်းသွားခဲ့၍ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူ များကစစ်ဆေးခဲ့ကြကြောင်း သိရသည်။
