ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အိမ်သုံးဆိုလာအစုံ ၂၅၀ ကို ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ ၁၂၅ စုံ၊ နားမွမ်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၇၆ စုံ၊ဝမ်ကျောင်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၄၉ စုံ၊ စုစုပေါင်း ဆိုလာအစုံ ၂၅၀ စုံကို ထောက်ပံ့ခဲ့ပြီး အသုံးပြုပုံများကိုလည်း ရှင်းလင်းခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေပြီး အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြည်သူအတွက် ပထမရက် ၁၀၀ စီမံချက်များကို အလေးထားဆောင်ရွက်ပေးနေကြောင်း သိရသည်။
