Wednesday, December 17, 2025

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို...

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။...
HomeNewsLocal Newsလျှပ်စစ်ဓာတ်အား အပြည့်အဝထုတ်လုပ်နိုင်ရန် တည်ဆောက်ဆဲလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများကိုအမြန်ပြီးစီးအောင်ဆောင်ရွက်မည်

လျှပ်စစ်ဓာတ်အား အပြည့်အဝထုတ်လုပ်နိုင်ရန် တည်ဆောက်ဆဲလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများကိုအမြန်ပြီးစီးအောင်ဆောင်ရွက်မည်

မြန်မာနိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေးအတွက်ဖော်ဆောင်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေသည့် လျှပ်စစ်ဓာတ်အားစီမံကိန်းများနှင့်ပတ်သက်၍ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်၌ မတ် ၂၁ ရက်နံနက်ကပြုလုပ်ခဲ့သည့် အမျိုးသားစီမံကိန်းကော်မရှင်(၁/၂၀၂၃) အစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေတဲ့ ဆောင်ရွက်ဆဲရေအားလျှပ်စစ်စီမံကိန်းတွေ အမြန်ဆုံးပြီးစီးမှသာ လျှပ်စစ်လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုများကိုလည်း သတ်မှတ်ချိန်အတိုင်းပြီးမြောက်အောင်ဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား အပြည့်အဝထုတ်လုပ်နိုင်ရန် တည်ဆောက်ဆဲလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများကို အဖြစ်နိုင်ဆုံးအမြန်ပြီးစီးရေး၊ဒေသအလိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းများ ကျယ်ပြန့်စွာဆောင်ရွက်မှုတို့ဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လျှော့ချရန်ကြိုးစားရမည်ဟု မှာကြားခဲ့သည်။

“နေရောင်ခြည်စွမ်းအား၊လေစွမ်းအားသုံးလျှပ် စစ်စီမံကိန်းတွေ နည်းပညာမြင့်မားတဲ့ ကျောက်မီးသွေးသုံးဓာတ်အားပေးလုပ်ငန်းတွေ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်သွားရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

လုပ်ငန်းစီမံကိန်းများရေးဆွဲအကောင်အထည် ဖော်ရာတွင် အမြဲစောင့်ကြည့်သုံးသပ်၍ စီမံကိန်းကြောင့်ရရှိသည့် အကျိုးရလဒ်များကို ပြည်သူများအမြန်ဆုံးရရှိခံစားနိုင်စေရန် အလေးထား ဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့ပြင် လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေးနှင့်ထိရောက်သည့် စွမ်းအင်သုံးစွဲမှုစနစ်ဖြစ်စေရန် လျှပ် စစ်မော်တော်ယာဉ်တင်သွင်းမှုနှင့်သုံးစွဲမှုများကို ရှေ့ပြေးစီမံချက်အနေဖြင့် စတင်အကောင်အ ထည်ဖော်လျက်ရှိရာ စီမံချက်ရေရှည်တည်တံ့ရေး၊တိုးတက်မှုရရှိစေရေးကို ဝိုင်းဝန်းကြိုးပမ်းရမည်ဟု ဆိုသည်။

“ဒါမှသာ လောင်စာဆီသုံးစွဲမှုကို ထိရောက်စွာ လျှော့ချနိုင်ပြီး ကာဗွန်ကင်းစင်တဲ့ ပတ်ဝန်းကျင်ရောက်ရှိရေးကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ ယနေ့ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက အများပိုင်ကုမ္ပဏီ Good Brothers Co., ltd အောက်ရှိ လယ်ယာဝန်ဆောင်မူများ ဆောင်ရွက်သည့် ကုမ္ပဏီခွဲGBS( လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှု အများပိုင် ကုမ္ပဏီလီမိတက်)က ရန်ကုန်စတော့အိတ်ချိန်းရှိ PLB (Pre listing Board) တွင် မှတ်ပုံတင်ခြင်း အခမ်းအနားကျင်းပပြီး ရှယ်ယာများအား သက်သာသောဈေး...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့ ၌ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအဆင့် နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071