ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းအတွက် ကူညီကယ်ဆယ်ခြင်းများလုပ် ဆောင်ပေးလျက်ရှိသည့် ကယ်ဆယ်ရေးလာရောက်သူ များကို စက်သုံးဆီများအခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။
လူမူကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကူ ညီကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အ တွက် စက်သုံးဆီများကို ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အနီးကပ်ကွပ်ကဲ၍ စက်သုံးဆီများအား အခမဲ့လှူဒါန်းလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ သြဂုတ် ၂ ရက်တွင် ဓာတ်ဆီ (၁၅၈)ဂါလံ၊ ဒီဇယ်(၅၃)ဂါလံကို အခမဲ့ပေးဝေခဲ့ကာဆက်လက်ပေးဝေလှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
