လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင်တွင် လှိုင်းအမြင့်(၁၃)ခန့်အထိ ရှိနိုင်ဟုဆို
ယခုလ မေလ (၂၃) ရက်မှစတင်၍ ဖြစ်ပေါ်လာနိုင်သည့်လေ ဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တလျှောက် ပင်လယ်ပြင်တွင် လှိုင်းအမြင့် (၁၃)ခန့်အထိ ရှိနိုင်သည်ဟု ပြင်ပမိုး လေဝသပညာရှင်ဦးဝင်းနိုင်က အသိပေး ပြောကြားထားသည်။
မေ(၂၆)ရက်၌ မိုးသက်လေပြင်းကျရောက်ကာ မြစ်ဝကျွန်းပေါ်နှင့် မွန်- တနင်္သာရီ ကမ်းရိုးတန်း၊ ရခိုင်ကမ်း ရိုးတန်းတလျှောက် ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ကြောင်းလည်း ၎င်းကဆိုသည်။
မိုးသက်လေပြင်းကျရောက်စဉ် လေပြင်လေသည် တစ်နာရီ (၄၅) မိုင်နှင့် လှိုင်းအမြင့် (၁၃) ပေအထိ ရှိနိုင်ကြောင်း သိရသည်။
အလားတူ မြန်မာ့မိုးလေဝသ(ရန်ကုန်ဌာနခွဲ)၏ ယနေ့အသိ ပေးထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းသည် လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ တောင်ပိုင်းကမ်းလွန်အနီးသို့ ရောက်ရှိနေကာ လာမည့် (၂၄) နာရီအတွင်း ပိုမိုအားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ဆိုသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ဖြင့် လွှင့်စင်လာသော အပူပျံတက်တိမ်တိုက်များကြောင့် ယနေ့မှစ၍ မေလ (၂၈) ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်ကာ နေရာကွက်၍ မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထား သည်။
