Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesလူ့ဘဝလွန်မြောက် ဘဝသစ် နယ်ပယ်ရောက်မင်းသွေးသို့...

လူ့ဘဝလွန်မြောက် ဘဝသစ် နယ်ပယ်ရောက်မင်းသွေးသို့ . . .


လူ့ဘဝကို ရောက်ကြပြီး ခွဲခွာ လို့ နှုတ်ဆက်ကြတဲ့အချိန်တွေဟာ အပင်ပန်းဆုံးတွေထဲမှာ ပါတယ်။ ကိုယ်မျှဝေချင်တဲ့ ကုသိုလ်လှိုင်းတွေ ကို ဘဝတစ်ပါးပြောင်းသွားတဲ့သူဆီ ရောက်အောင် အာရုံစိုက်အလုပ်လုပ် ရချိန်မှာ သွားနှင့်သူနဲ့ ပတ်သက်တဲ့ အတိတ်အာရုံတွေက ဒရာမာလာ ခင်းလေ့ရှိတော့ ကုသိုလ်မျှတဲ့ စိတ် က ကြည်လင်အားကောင်းမှု နည်း တတ်တယ်။ အဲဒီလို လွန်ဆွဲရတဲ့စိတ် တွေနဲ့ သံဝေဂတွေ ပွားရတာ အလွန် ပင်ပန်းလှပါတယ်။

မင်းသွေးဆုံးပြီး နောက်နေ့ မနက် သူတို့အိမ်ရောက်တော့ အရီး က သူ့သားငယ်လေးအတွက် မယုံ ကြည်နိုင်သေးဘူးဖြစ်နေတယ်။ အိပ် ခန်းထဲက ပက်လက်ကုလားထိုင်မှာ ငိုလိုက်၊ မှေးခနဲဖြစ်လိုက်နဲ့ ညီလေး ငယ်လေးရယ်လို့ ရေရွတ်လိုက်နဲ့ နုံး ချည့်စွာလှဲလို့။ ”ညီလေးငယ်က စင် ကာပူက ပြန်ရောက်တာနဲ့ အဓိဋ္ဌာန် (၃)လဝင်မယ်ပြောနေတာ။ သူမသွား ခင်ကလည်း ဘုရားခန်းမှာ လုပ်နေ ကျ ဝတ်တွေ မပျက်အောင် ကြိုးစား ရှာတာ”လို့ ငိုရင်း သူ့ကိုယ်သူ ဖြေ ပြောပြောနေရတဲ့ အရီးမျက်နှာဟာ နီရဲရောင်ကိုင်းနေပါတယ်။ သတင်း မေးတစ်ယောက်ဝင်လာရင် တစ်ခါငို ဖြစ်နေတာနဲ့ပဲ အရီးနားကို ဧည့်သည် မလွှတ်ရဲကြတော့။ မွန်မွန် (သက်မွန် မြင့်)က အရီးအတွက် ဖျော်ရည်၊ သောက်ရေတွေ ပြင်ဆင်တိုက်ကျွေး၊ သုသု (ပိုင်ဖြိုးသု) ကလည်း သွေး ပေါင်တိုင်းပေး၊ အားသွင်းဆေးတွေ သွင်းပေးနဲ့ အရီးကို ဝိုင်းပြီး ပြုစုပေး ကြတယ်။ သွေးပေါင်တိုင်းတဲ့ စက်ကို လည်း သရုပ်ဆောင် ကိုနေမျိုးအောင် ရဲ့ ဇနီးက သူတို့ကားထဲမှာ ဆောင် ထားတဲ့ စက်ကို အပြေးအလွှားယူ ပေးရှာတယ်။ အရီးကို ကြည့်ပြီး အား လုံးက ပိုခံစားကြရတယ်။ စကားလုံး တွေ ထွက်မလာကြပေမယ့် အားလုံး ရဲ့ ရင်ထဲမှာ နှစ်သိမ့်စကားတွေ တိတ်တဆိတ်ပြောနေကြပါတယ်။

နေတိုးကတော့ အနုပညာ အသိုင်းအဝိုင်းက လာမေးကြတဲ့ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေကို အိမ်ဝင်ဝင်ချင်း ဧည့်ခန်းမှာ ဧည့်ခံ ရင်း လုပ်ရမယ့်ကိစ္စတွေကို တိုင်ပင် ကာ စီမံပေးနေတယ်။ နေတိုးကတော့ နဂိုကတည်းက တည်ငြိမ်သူမို့ အရာ ရာကို တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်း သွားနိုင်အောင် သတိထား ကြိုးစား နေပုံပါပဲ။ မင်းသွေးဘောလုံးကန်တဲ့ စီစီတီဗီကို ကြည့်တဲ့အခါမှာ ညီလေး ငယ်က အားနည်းနေတာလည်းပါ တယ်။ သူ ခရီးတွေစိပ်တာကြောင့် အရမ်းပင်ပန်းနေတယ်လို့ ကျွန်မကို ပြောပြနေတယ်။

မင်းသွေးတို့ အဖေဦးအောင် သန်းကလည်း ရခိုင်က မိတ်ဆွေတွေ ကို အိမ်အဝင်ဘယ်ဘက်ခန်းက ဧည့်ခန်းမှာ ရှင်းပြပြောပြနဲ့ ဧည့်ခံပြီး တော့ သင်္ဃန်းကျွန်း စံပြဆေးရုံရင်ခွဲ ရုံမှာ စာရွက်စာတမ်းကိစ္စတွေကို ကိုဝေဠုကျော်၊ ကိုသားညီတို့နဲ့အတူ သွားလုပ်ကြတယ်။ ပတ္တမြားကေခိုင် တို့ စည်ဖြိုးတို့ မသစ်တို့ကလည်း မင်းသွေး ခရီးအတွက် ဝိုင်းပြင်ဆင် ပေးကြတယ်။ အိမ်မှာလည်း ဧည့် သည်တွေများတာကြောင့် ဦးအောင် သန်းက စံပြဆေးရုံက ပြန်လာနေ ပြီလို့ ကျွန်မဆီ ဖုန်းဆက်တော့ အဲဒါ ဆို ကျွန်မ ရင်ခွဲရုံသွားစောင့်ပြီး ရေဝေးကို လိုက်ပို့လိုက်မယ်ဆိုပြီး ညီလေးငယ် (မင်းသွေး)ရှိတဲ့ဆီ သွား တယ်။

ညီလေးငယ်နဲ့ ဘယ်လိုစခင်ခဲ့ တာလဲဆိုတာကို လမ်းတစ်လျှောက် မှာ စဉ်းစားတာ မပေါ်တော့ဘူး။ လွန်ခဲ့တဲ့ ၈ နှစ်လောက် စသိကတည်း က ဘာသာရေးကိစ္စတွေ ပရဟိတ တွေနဲ့ပဲ ပိုပတ်သက်ဖြစ်တာများ တယ်။ သူနဲ့အတူ ကိုယ်တို့တစ်တွေ တရားအတူ ထိုင်ကြတာ၊ ဆရာတော် တွေရဲ့ အဆုံးအမကို နာယူကြတာ၊ လှူဒါန်းစရာတွေ တိုင်ပင်ကြတာတွေ ပဲ တန်းစီပေါ်လာလို့ သူ့အတွက် စိတ်တော့သိပ်မပူမိဘူး။ သူက ငယ် ပေမယ့် သံသရာပြတ်ကြောင်းကို အလွန်စိတ်ဝင်စားတဲ့သူ။ ဆရာတော် တွေရဲ့ မြတ်နိုးခြင်း၊ ချီးမြှောက်ခြင်း တွေကို ခံရလောက်အောင် တကယ် လည်း အားထုတ်ကြိုးစားသူလေး။

ရင်ခွဲရုံရောက်တော့ ပရိသတ် တွေက စင်္ကြံလမ်းတစ်လျှောက် အတော်များနေပြီ။ သူ့ကို နှုတ်ဆက် ချင်ရှာမှာပေါ့။ ကိုဝေနဲ့ ကိုသားညီ တို့ကို စောင့်ရင်း ကျွန်မတို့ ရတနာ (၃) ပါးရဲ့ ဂုဏ်တော်တွေကို ပူဇော် ဖြစ်ကြတယ်။ ရင်ခွဲရုံ တံခါးဝရှေ့မှာ လည်း ဗုဒ္ဓÓဏ်တော် (၆) ပါးကို ဓမ္မ စေတီ တည်ပေးဖြစ်တယ်။ မင်းသွေး နဲ့တကွ အဲဒီ အနီးအနားရှိကြသူတွေ ကို ကုသိုလ်သေချာမျှတယ်။ မင်း သွေးတို့နဲ့ အဓိဋ္ဌာန်တွေ အတူလုပ် ဖက်ဖြစ်တဲ့ အဆိုတော်မမ (မေစစ် အေး) တို့ ညီအစ်မတွေကလည်း တရားတွေ ရွတ်ဖတ်ပူဇော်ရင်း သူတို့ တွေ ကိုယ်စီကိုင်ပြီး တီးတဲ့ခေါင်း လောင်းလေးတွေကို တီးရင်း ကုသိုလ်မျှကြတယ်။ မင်းသွေးလည်း ကုသိုလ်အဓိဋ္ဌာန်ပြီး တိုင်းတီးတဲ့ အဲဒီလိုခေါင်းလောင်းလေး ရှိတယ်။ သူတို့တွေ လုပ်လေ့ရှိတဲ့ သင်္ကေတကို မင်းသွေးဆိုတဲ့ ဝိညာဉ်က ခံစားနိုင်ပါ သေးရဲ့လား။ ခံစားနိုင်ပါစေလို့ ဆု တောင်းပါတယ်။ ညီလေးငယ် သက်ရှိ ထင်ရှားရှိစဉ်က လုပ်ခဲ့ဖူးတဲ့ ကုသိုလ် လှိုင်းတွေရဲ့ သတ္တိက သူ့ကို ပြန်စောင့် ရှောက်နေကြမယ်ထင်ပါတယ်။

ပရိသတ်ကလည်း ငြိမ်သက်စွာ နဲ့ ကုသိုလ်တို့ကို အာရုံပြုပေးရင်း မင်းသွေးကို ကုသိုလ်မျှပေးကြပါ တယ်။ မင်းသွေးရဲ့ We Love တွေ ဖြစ်တဲ့ ‘မင်းသွေးနဲ့ ဆွေမျိုးတစ်သိုက်’ အုပ်စုကလည်း သူတို့ချစ်တဲ့ မင်း သွေးကို ရင်ခွဲရုံမှာ လာစောင့်ပြီး ရေ ဝေးအထိ လိုက်ပို့ခဲ့ကြတယ်။ ရေ ဝေးမှာ တာဝန်ကျတဲ့ စည်ပင်က ဝန် ထမ်းတွေကလည်း ဂရုတစိုက် လုပ် ကိုင်ပေးကြပါတယ်။ မင်းသွေးရဲ့ ရုပ် ခန္ဓာကို တင်ဆောင်လာတဲ့ နိဗ္ဗာန် ယာဉ်မှာ ကိုဝေဠုကျော်က ကိုယ်တိုင် မောင်းရင်း ကုသိုလ်ယူတယ်။ ရေ ဝေးရဲ့ ရုံးခန်းရှေ့မှာ မင်းသွေးကို အပ်ကြတော့ သူ့မျက်နှာကို ခဏလှပ် ပြရတယ်။ လူက သိပ်မများတဲ့အတွက် ‘မင်းသွေးနဲ့ ဆွေမျိုးတစ်သိုက်’က အဖွဲ့ဝင်တွေ ကြည့်ခွင့်ရပြီး မျက်ရည် တွေနဲ့ ဆို့နင့်နေကြတာပေါ့။ ညီလေး ငယ်ရဲ့ မျက်နှာက ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ ချောလျက်ပါပဲ။

ညီလေးငယ်က ခရီးက ပြန် ရောက်ရင် အဓိဋ္ဌာန် (၃) လ ဝင်ချင် တာ အခုမဝင်နိုင်တော့ဘူးပေါ့။ ကျန် ရစ်တဲ့ ကျွန်မတို့က ကုသိုလ်လုပ်ခွင့် ရှိတဲ့ ရုပ်နာမ်အစုရှိသူတွေ၊ နေရတဲ့ အချိန်အတွင်းမှာ မေတ္တာဓာတ်တွေ ထွက်နေအောင် လုပ်ဆောင်ဖို့ အခွင့် အရေးသေချာပေါက်ရှိသူတွေ။ ညီ လေးငယ်ကိစ္စတွေနဲ့ တစ်နေကုန် ပြီး တဲ့ ညဘက်မှာ ပဋ္ဌာန်းရွတ်တော့ ပို ဆင်ခြင်မိတယ်။ ပဋ္ဌာန်းစာအုပ်ကို ကြည့်တယ်၊ ဖတ်တယ်၊ ရွတ်တယ်၊ ထွက်သွားတဲ့ အသံလှိုင်းမှာရော ခုန် နေတဲ့ နှလုံးက ထွက်တဲ့ လှိုင်းတွေမှာ ရော မေတ္တာလှိုင်းတွေ ပါသွားအောင် ဘယ်လောက် အားထုတ်နိုင်မလဲ။ အတွေးမပါတဲ့ တစ်ချက်သိ တစ်ချက် ရှု အလုပ်တွေ ဘယ်လောက်လုပ်နိုင် မလဲ။ ဒီအလေ့အကျင့်တွေ ဘယ် လောက်ထုံထားနိုင်မလဲဆိုတာဟာ ဘဝအတွက် စိန်ခေါ်မှုတွေပါလား။

မင်းသွေးရယ် …နင်ဟာ ငါ့ အတွက် ကမ္မဋ္ဌာန်းပြတဲ့သူအဖြစ် ကူ ညီပါရမီဖြည့်သွားမယ့် သူလို့ ငါ မထင်ခဲ့ဘူး။ နင်ပေးတဲ့ သံဝေဂတွေ ကပဲ နင့်ရဲ့ ပရိသတ်အပေါ် ကျေးဇူး ဆပ်ခြင်းတွေများလားကွယ်။

မင်းသွေးရေ … အေးငြိမ်း ရာဖြစ်သော၊ လွတ်မြောက်ရာဖြစ် သော၊ သေခြင်းကင်းရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့သူဖြစ် ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ငွေသော်တာ

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071