Friday, September 18, 2026

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...
HomeInterviewsလူမှုကွန်ရက်ကနေ မိန်းကလေးများကို နှောင့်ယှက်ခြင်းရပ်

လူမှုကွန်ရက်ကနေ မိန်းကလေးများကို နှောင့်ယှက်ခြင်းရပ်


နေနေ (Miss)

အခုနောက်ပိုင်း လူမှုကွန်ရက် ပေါ်မှာ နှောင့်ယှက်ခံရတာတွေ ကြောင့် မိန်းကလေးတွေအနေနဲ့ တအားကို စိတ်အနှောင့်အယှက် ဖြစ် စရာတွေ အများကြီးကြုံနေရပါတယ်။ သမီးတို့လို တက်သစ်စမော်ဒယ်လ် တွေအနေနဲ့ လုံးဝအဆင်မပြေတာ တွေက သိက္ခာပိုင်းကိုလုံးဝထိခိုက်စေ တဲ့စာတွေပါ။ သမီးတို့ကအလုပ် သဘောအရပုံတွေ ရိုက်ရတယ်၊ ပုံ တွေပို့ရတာတွေရှိပါတယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ တချို့မသမာ တဲ့သူတွေက တိုးတက်နေတဲ့နည်း ပညာတွေကိုအသုံးပြုပြီး ခြိမ်းခြောက် တာတွေကို ပတ်ဝန်းကျင်မှာ ခဏ ခဏမြင်တွေ့နေရတယ်။

သမီးတို့လို အနုပညာရှင်မျိုးတွေ အနေနဲ့ဒီကိစ္စတွေက လုံးဝကိုအ နှောင့်အယှက်ဖြစ်စေပါတယ်။ ဘာ လို့လဲဆိုရင်ရှင်းတာ က နောက်မှလေ အရင်ဆုံးက ကိုယ် တိုင်လူမှုကွန်ရက် ပေါ်မှာ ဦးကျိုးသွားပြီမို့လို့ပါ။

အဲဒါကြောင့် Facebook မှာ ဆိုရင် Security တွေကို သေချာ ထားသင့်တယ်လို့ ထင်ပါတယ်။ မိန်း ကလေးတွေ အနေနဲ့ Chat Box မှာ ပုံတွေပို့တာမျိုးနဲ့ကိုယ့် Account ရဲ့ Security ကို သေချာဂရုစိုက်ကြဖို့ အကြုံပြုချင်ပါတယ်။ လူမှုကွန်ရက်ကို အသုံးပြုကြတဲ့ မိန်းကလေးတွေ အား လုံးအနှောင့်အယှက်ရန်မှ ကင်းဝေး ကြပါစေရှင့်။

 

မေသူကျော်(အဆိုတော်)

လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ မိန်းကလေးတွေရဲ့ ကိုယ်ကျင့် တရားတွေကို ထိပါးစော်ကားတဲ့ စကားတွေပြောတာတွေရှိတယ်။ အဲ ဒီအခါမှာ မိန်းကလေးတစ်ယောက် အတွက် အများကြီးထိခိုက်နစ်နာမှု တွေဖြစ်ပါတယ်။ အဲဒီလိုနှောင့်ယှက် တဲ့လူတွေကိုလည်း ထိထိရောက် ရောက်ပြစ်ဒဏ်တွေပေးသင့်တယ်လို့ မြင်ပါတယ်။ လူတိုင်းမှာ တာဝန်ရှိ ပါတယ်။ အမျိုးသမီးတွေကို ပုတ် ခတ်တာမျိုး၊ အမျိုးသမီးတွေရဲ့ ဣေâန္ဒကို ထိခိုက်တာမျိုး၊ အနှောင့် အယှက်မပေးဘဲနဲ့ ဘာသာမတူတာပဲ ဖြစ်ဖြစ် အယူဝါဒမတူတာပဲဖြစ်ဖြစ် သမီးတို့တွေက ငြိမ်းငြိမ်းချမ်းချမ်း လေးပေါင်းစည်းမယ်ဆိုရင် ဒါက အ ဆင်ပြေသွားမှာပါ။ အမျိုးသမီးတွေ အနေနဲ့လည်း လူမှုကွန်ရက်ကို အသုံးပြုတဲ့အခါမှာ အကျိုးရှိတာမျိုး တွေ အသုံးပြုစေချင်ပါတယ်။ ကိုယ့် Account ရဲ့ Security ကို ဂရုစိုက် ပြီးအကျိုးရှိရှိ အသုံးပြုမယ်ဆိုရင် တော့ ဒီလိုအရာမျိုးဖြစ်ဖို့က ရာခိုင် နှုန်းနည်းမယ်လို့ထင်ပါတယ်။

 

ခေးလရောင်(သရုပ်ဆောင်)

မိန်းကလေးတွေကို လူမှုကွန် ရက်ပေါ်မှာ နှောင့်ယှက်နေတယ်ဆို တာ တကယ်ကိုမလုပ်သင့်တဲ့ကိစ္စပါ။ ဒါကိုခေးကိုယ်တိုင်လည်း Facebook သုံးရင်းနဲ့ သိက္ခာကျအောင် နှောင့်ယှက်တာမျိုးတွေကို ကြုံဖူး တယ်။ Facebook ပေါ်က နှောင့် ယှက်ခံရတဲ့ မိန်းကလေးတွေကို ပြော ချင်တာက အဲဒီလိုကြုံရမယ်ဆိုရင် တော့ အရင်ဆုံးလုပ်နိုင်တာက Block တာပဲ။ သူတို့ကို့ပြန်ပြီးတုံ့ပြန်မယ် ဆိုရင်တော့ သူတို့ကအစကတည်းက အသိဥာဏ်မရှိလို့ ဒါမျိုးလုပ်တာ။ Block လိုက်တာအကောင်းဆုံးပဲ။ အစောကြီးကတည်းက ကိုယ့် Facebook မှာ နာမည်အမှန်၊ ပုံအမှန် လည်းမဟုတ်တဲ့ Account တွေဆို ရင် လက်မခံသင့်ဘူး။ သေချာလေး ရွေးပြီးလက်ခံသင့်တယ်ပေါ့။ အစက တည်းကကိုယ့်ဘက်က အဲဒီလိုကာ ကွယ်တာလေးတွေလည်း လုပ်ထားသင့် တယ်။ ပြီးတော့ ဥပဒေကြောင်းအရ ဆိုရင်တော့ တအားအလုပ်တွေရှုပ် မယ်ပေါ့။ ဒီကိစ္စတစ်ခုအတွက်နဲ့ အ ရှည်ကြီးတွေ အများကြီးလုပ်ရမယ် ဆိုတော့ ပထမဆုံးအရင်ဆုံးလုပ်နိုင် တဲ့ အလုပ်လေးတွေလုပ်ပြီးကာကွယ် ထားတာကောင်းတယ်လို့ထင်တယ်။

 

ဝိုင်းဒဏ္ဍာရီရွှေမင်း(အဆိုတော်)

Facebook မှာ တချို့မိန်းက လေးတွေဘာကြုံရလဲဆိုတော့ Facebook Account အတုတွေကနေ ဘယ်သူမှန်းမသိတဲ့သူတွေက မိန်း ကလေးတွေရဲ့ ဣေâန္ဒကိုထိပါးစော် ကားတဲ့ပုံတွေစာတွေနဲ့ အနှောင့်အ ယှက်ပေးတာတွေ အခုအချိန်မှာ တ အားကြုံလာရပါတယ်။ ဝိုင်းတို့ ကိုယ် တွေ့ပတ်ဝန်းကျင်မှာ ကြုံလာကြပါ တယ်။ ဝိုင်းကို တမင်တကာကြီး ချက် ဘောက်ကနေလာပြီး ကိုယ်ကျင့် သိက္ခာထိပါးအောင်ပြောတာမျိုးတော့ မကြုံဖူးပါဘူး။ ဒါပေမဲ့ Comment ကနေလာမန့်တာမျိုးတော့ ကြုံဖူးပါ တယ်။ တချို့ကျတော့ ပုံတင်လိုက်ရင် ရိုင်းရိုင်းစိုင်းစိုင်းလာမန့်ကြတယ်။ သိလည်း မသိဘဲနဲ့ပေါ့နော်။ ဒါကျ တော့ မန့်တဲ့သူရဲ့ ကိုယ်ကျင့်တရားနဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ဆိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်ကနေ အဲဒီလိုစော်ကား ခံရတဲ့ မိန်းကလေးတွေအနေနဲ့ ဥပ ဒေကြောင်းအရ ထိထိရောက်ရောက် ဆောင်ရွက်သင့်ပါတယ်။ ကျိတ်ဖြေ ရှင်းရင်တစ်ဖက်က ကျူးလွန်သူတွေ အတွက် ပိုအခွင့်အရေးပေးသလို ဖြစ်နိုင်ပါတယ်ရှင့်။ ဒီအချိန်မှာက ကြောက်နေလို့မဖြစ်ဘူး။ ရှက်နေလို့ မဖြစ်ဘူး။ ဘာလို့ဆို အမျိုးသားအ များစုက ဒီအချက်နဲ့ပဲ အနိုင်ယူနေ ကြတာဆိုတော့ ဒါရှက်စရာမဟုတ်ပါ ဘူး။ အဲဒီလိုဆိုရင်တော့ ဥပဒေအရ အရေးယူသင့်ပါတယ်။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌ ခမ်းနားစွာကျင်းပ

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။ အဆိုပါပွဲတော်သို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့် ယာဉ်/ယန္တရား ၈ စီး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ် စုစုပေါင်း ၉၂ ဒသမ ၆၉၉၅ တန်၊ ယာဉ်/ယန္တရား ရှစ်စီးနှင့် သက်ဆိုင်သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ထုတ်လုပ်မှုနှင့် သစ်တောသယံဇာတများ တရားမဝင် ထုတ်ယူသုံးစွဲမှုများကို တားဆီးဖော်ထုတ်နိုင်ရေးအတွက် ပြည်သူအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း (၁,၀၀၀) လှူဒါန်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတ ဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဥပဿကာအဖြစ်ဆောင်ရွက်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးထံ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကဂုဏ်ပြုလွှာပြန်လည်ဆပ်ကပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့က သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းဆပ်ကပ်ပြီး သီတဂူမျက်စိအလှူတော်အတွက်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071