Saturday, August 1, 2026

တာချီလိတ်၌ မြစ်ရေကျစပြုသော်လည်း နောက်ထပ် ၁၂...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်ပိုင်းက မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ငယ်အချို့ ရေမြုပ်သည်အထိ စိုးရိမ်ဖွယ်...

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းရေး လွှတ်တော်က IPU...

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်ဘက်မှလည်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ (IPU) နှင့် ချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက...

Sky Villa Condo ပြိုကျမှုနှင့်...

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေးမြို့ရှိ Sky Villa Condo ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးပြီး လူ‌ေ-သဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးကုမ္ပဏီ...

သီလဝါအထူးစီးပွားရေးဇုန်၌ ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး...

သီလဝါအထူးစီးပွားရေးဇုန်အတွင်း Thilawa Property Development Limited (TPD) မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း...
HomeNewsLocal Newsလူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ဖော်ဆောင်၍...

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ဖော်ဆောင်၍ ၂၀၃၀ ပြည့်နှစ်တွင် ပျမ်းမျှမျှော်မှန်းသက်တမ်း ၇၅ နှစ်မှ ၈၀ နှစ်အထိ မြှင့်တင်မည်

နေပြည်တော်၊ ဩဂုတ် ၁

“လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ခံယူချက်နှင့်အညီ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ကာ မြို့ပြ၊ ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံသားများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းကို ၇၅ နှစ်မှ ၈၀ နှစ်အကြားအထိ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံသားအားလုံး ပညာရည်မြင့်မားရေးနှင့်အတူ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးသည်လည်း အခြေခံကျသည့် အချက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အစိုးရအနေဖြင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး မြို့ပြနှင့် ကျေးလက်မကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် Universal Health Coverage (UHC) ရရှိခံစားနိုင်ရေးကို ဦးတည်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မွေးဖွားစဉ်မျှော်မှန်းသက်တမ်းသည် ၂၀၀၀ ပြည့်နှစ် မြန်မာ့ကျန်းမာရေးမျှော်မှန်းချက် နှစ် ၃၀ နှစ်ရှည်စီမံကိန်း စတင်ချိန်တွင် အသက် ၆၀ မှ ၆၄ နှစ်အကြားရှိခဲ့ရာမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၆၆ ဒသမ ၈ နှစ်နှင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ၆၉ နှစ်အထိ တိုးတက်လာခဲ့ကြောင်း မိန့်ခွန်းတွင် ဖော်ပြထားသည်။ ယင်းအခြေအနေမှ ၂၀၃၀ ပြည့်နှစ်တွင် ၇၅ နှစ်မှ ၈၀ နှစ်အကြားအထိ တိုးမြှင့်နိုင်ရေး မျှော်မှန်းဆောင်ရွက်နေကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်ခိုင်မာရေးအတွက် ကျွမ်းကျင်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၁၅ ကျောင်းကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပြီး ကျန်ရှိသည့် သူနာပြုနှင့် သားဖွားနှီးနွှယ်သင်တန်းကျောင်း ၂၇ ကျောင်းကိုလည်း ဖွဲ့စည်းပုံတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သူနာပြုများ၏ ဂုဏ်သိက္ခာနှင့် တာဝန်ထမ်းဆောင်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ရာထူးအဆင့်အလိုက် လစာတိုးမြှင့်ခြင်းနှင့် ထပ်ဆောင်းချီးမြှင့်ငွေများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစ၍ ခံစားခွင့်ပြုထားသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆရာဝန်သစ် ၁၂၀၀ ခန့်နှင့် သူနာပြုသစ် ၂၆၀၀ ခန့် ထပ်မံခန့်အပ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည်။

အစိုးရသစ်၏ ရက်ပေါင်း ၁၀၀ စီမံချက်အတွင်း မြို့နယ် ၅၀ တွင် ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ဒုတိယမြို့နယ်ကျန်းမာရေးဦးစီးမှူးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်းနှင့် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တစ်နှစ်အတွင်း ပြည်သူတစ်သိန်းအထိ နှလုံးရောဂါအန္တရာယ် အကဲဖြတ်စစ်ဆေးခြင်းနှင့် လိုအပ်သည့် ဆေးကုသမှုပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် ပျက်စီးခဲ့သည့် ဆေးရုံ၊ ဆေးပေးခန်းနှင့် ကျန်းမာရေးအဆောက်အအုံများကိုလည်း ဦးစားပေးပြန်လည်ထူထောင်လျက်ရှိပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများကိုပါ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ကျန်းမာရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုတင် ၂၀၀ ဆံ့ဆေးရုံများကို ကုတင် ၃၀၀ ဆံ့ဆေးရုံများအဖြစ် အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ ဖြည့်တင်းခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ၂၄ နာရီ အသင့်တာဝန်ထမ်းဆောင်နိုင်ရေး ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

အစိုးရ၏ ကျန်းမာရေးအသုံးစရိတ်သည် ၂၀၀၀ ပြည့်နှစ်တွင် စုစုပေါင်းအစိုးရအသုံးစရိတ်၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာရှိခဲ့ရာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၂ ဒသမ ၇၇ ရာခိုင်နှုန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၂ ဒသမ ၇၉ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ သွားရောက်ဆေးကုသမှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေးနှင့် ပြည်ပရောက် မြန်မာဆေးပညာရှင်များ၏ ကျွမ်းကျင်မှုကို ပြည်တွင်း၌ ပြန်လည်အသုံးချနိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ဆေးရုံကြီးများ တည်ဆောက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုရင်းနှီးမြှုပ်နှံကြရန်လည်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားသည်။

ပုံစာ- အမျိုးသား ကင်ဆာရောဂါကုသရေးဌာန

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်၌ မြစ်ရေကျစပြုသော်လည်း နောက်ထပ် ၁၂ နာရီအတွင်း ရေပြန်တက်နိုင်၍ သတိပေးထား၊ နှစ်စဉ်ကြုံတွေ့နေရသည့် ရှမ်းအရှေ့ ရေဘေးအတွက် ရေရှည်အဖြေများ လိုအပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်ပိုင်းက မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ငယ်အချို့ ရေမြုပ်သည်အထိ စိုးရိမ်ဖွယ် ဖြစ်ပွားခဲ့သော်လည်း မွန်းလွဲပိုင်းမှစ၍ ရေပြန်လည် ကျဆင်းလာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ သို့သော်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ) ရှိ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေဆဲဖြစ်ပြီး နောက်ထပ် (၁၂) နာရီအတွင်း အနည်းငယ် ပြန်လည်တက်လာနိုင်ကြောင်း ခန့်မှန်းထားသဖြင့် ချောင်းအနီးနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများအနေဖြင့် ဆက်လက် သတိပြုရန်...

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းရေး လွှတ်တော်က IPU နှင့် ချိတ်ဆက်ဆောင်ရွက်နေဟု ဦးခင်ရီ ပြော

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်ဘက်မှလည်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ (IPU) နှင့် ချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။ ဦးခင်ရီက မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတွင် ပါဝင်ရန် ကိုယ်တိုင်ရွေးချယ်ခဲ့သည့်အတွက် ယင်းအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ အစိုးရပိုင်းက သံတမန်ရေးရာနည်းလမ်းများဖြင့် ဆောင်ရွက်နေသကဲ့သို့ လွှတ်တော်ပိုင်းမှလည်း IPU နှင့် ချိတ်ဆက်ကာ တတ်နိုင်သမျှ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အပေါ် လွှတ်တော်အတွင်း အဆိုတင်သွင်းဆွေးနွေးရာတွင် ထောက်ခံသူနှင့် ကန့်ကွက်သူများ...

Sky Villa Condo ပြိုကျမှုနှင့် ဆက်စပ်၍ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုကို အမည်မည်းစာရင်းသွင်း

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေးမြို့ရှိ Sky Villa Condo ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးပြီး လူ‌ေ-သဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အမည်မည်းစာရင်း (Blacklist) သွင်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကုမ္ပဏီ၃ ခုနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများကို ၂၀၂၆ ခုနှစ် ဇွန် ၁၉ ရက်မှ စတင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အမည်မည်းစာရင်း ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြောင်းကြားချက်အရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071