Wednesday, May 13, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeCelebrities' Newsလူငယ်တွေကို Motivation ဖြစ်စေချင်လို့...

လူငယ်တွေကို Motivation ဖြစ်စေချင်လို့ သူ့ဘဝရဲ့ အနာကျင်ဆုံး အစိတ်အပိုင်းတွေကို ဖွင့်ချပြခဲ့တဲ့ J.Fire

သီချင်းလေးနာမည်က ‘ကောက်ရိုးလေးတစ်မျှင်’ သီချင်းနားထောင်ပြီးတဲ့သူတိုင်း ခံစားချက်လေးတွေရသွားကြမှာပါ။ ‘အောင်မြင် မှာ မအောင်မြင်မှာမတွေးပါ။ ငါမသိမ်ငယ်ဘူး။ စိတ်ဓာတ်မကျလို၊ သြော်…နောင်တစ်ချိန်မှာ ပြန်လည်ကာဟားမှာ ငါအံကြိတ်ပြီး ပြုံးထားဆဲပါ’တဲ့။ ‘မန္တလေး တပင်ရွှေထီး’ အယ်ဘမ်ထွက်ရှိထားတဲ့ ဟစ်ဟော့ပ်အဆိုတော် J.Fire ရဲ့ သီချင်းသစ် တစ်ပုဒ်ပါ။ အဆိုတော် မဖြစ်ခင် အရက်ဆိုင်မှာ စာပွဲထိုးဝင်ရောက်လုပ်ကိုင်တဲ့အကြောင်းတွေ၊ ဆိုက်ကားနင်းခဲ့ရတဲ့အကြောင်းတွေ၊ စက်လှေတစ်စင်းနဲ့ စုန်ဆန်ဆင်းခဲ့ရတဲ့အကြောင်းတွေ၊ အမျိုးစုံလို့ပါပဲ။ သူဘာကြောင့် ဒီလိုမျိုးတွေကို ပရိသတ်ကို ချပြခဲ့တာလဲ။ သူ့မှာ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ အဲဒီအကြောင်းကိုတော့ J.Fire က…

”အရင်က ကျွန်တော်မပြော ပြဘူးဆိုတာ ကျွန်တော်ကိုယ်တိုင်ကိုက ငယ်ရွယ်တဲ့အခါမှာ ရှက်တာ။ အဲဒီလိုတွေလုပ်ခဲ့ရတာကို ပြန်ပြောပြတဲ့အခါမှာ ရှက်စရာကောင်းတယ်လို့ကို ကျွန်တော်ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော် ဒီလိုမျိုးအခွေထွက်ပြီးတော့ နေရာလေးတစ်နေရာရရှိလာတဲ့အခါမှာ ပြင်ပကလူတွေနဲ့ ထပ်တွေ့ရတဲ့ အခါမှာ သူတို့တွေအားလုံးလည်း ဒီလိုဘဝတွေကနေလာခဲ့ကြတာကို တွေ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော် နားလည်သွားပြီးတော့မှ သေချာတယ် ငါ့ဘဝကိုကြည့်ပြီး လူငယ်တွေ Motivation ဖြစ်ကို ဖြစ်ရမယ်။ အဲဒီစိတ် ဝင်လာတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော် အဲဒီသီချင်းကိုဖန်တီးတယ်။ အဲဒီ သီချင်းကို ကျွန်တော် ရေးတဲ့အခါမှာ ကျွန်တော် ၃ရက်လောက်ကြာတယ်။ ၃ ရက်စလုံးငိုပြီးရေးရတာ။ ပြီးတော့ အဲဒီသီချင်းကို နောက်တစ်ခေါက်လည်း ထပ်ပြီးမရေးချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလွန်နာကျင်ရလွန်းလို့ဗျ။ Life တစ်ခုလုံးကို ပြန်ထုဆစ်ပြီး အနာကျင်ဆုံးအစိတ်အပိုင်းတွေကို ပြန်ရေးရတာဖြစ်တဲ့အတွက် တအားလည်း နာကျင်ရတယ်။ သေချာတယ်။ နားထောင်ရတဲ့သူတိုင်း လုံးဝ Motivation ဖြစ်ပြီးတော့ ပြောင်းလဲလာလိမ့်မယ် လို့ ကျွန်တော်ထင်တယ်ဗျ” လို့ သူကပြောပြခဲ့ပါတယ်။ ‘ကောက်ရိုးလေးတစ်မျှင်’ သီချင်းထဲမှာလိုပေါ့။ ‘ခင်ဗျားတို့ ဒီသီချင်းလေးကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ ရုန်းကန်နေရတဲ့ အခြေခံ လူတန်းစားလေးတွေကို ဖွင့်ပြပြီးတော့ J.Fire လည်း သူတို့ထဲကတစ်ယောက်ပါပဲလို့၊ အားလုံးကြိုးစားကြပါလို့ ပြောပေးပါလားဗျ’ ဆိုတဲ့ အတိုင်းပါပဲ။ သူ့ဘဝရပ်တည်မှု၊ သူ့ဆန္ဒ၊ သူ့ယုံကြည်ချက် များ ထပ်တူကျနေတာ မြင်တွေ့ခဲ့ရပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071