Wednesday, December 17, 2025

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း...
HomeNewsLocal Newsလားရှိုးတွင် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ဖွယ်ရှိဟုဆို

လားရှိုးတွင် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ဖွယ်ရှိဟုဆို

ရှမ်း/မြောက် လားရှိုးမြို့တွင် လာမည့် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ဖွယ်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ယမန်နေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော်က လားရှိုးမြို့သို့ ဝင်ရောက်လာပြီး တပ်နေရာချထားမှုများကို စတင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ၊ လက်ရှိတွင် လားရှိုး -သိန္ဒီ သွားလမ်းပိုင်းတစ်ဖက်‌တွင် လုံခြုံရေးတာဝန်များရယူထားသည်ဟုဆိုသည်။

“ဒီလကုန်ပိုင်းလောက် တောင်ကြီးဘက်က ဌာနဆိုင်နဲ့မိသားစုတွေပြန်ဝင်လာမယ်လို့တော့ သိရတယ်။ အခုကတော့ မြို့မှာအေးဆေးပါပဲ။ တပ်(မြန်မာတပ်မတော်)ဘက်တော့ လုံခြုံရေးယူသင့်တဲ့နေရာတွေ ယူနေပါတယ်”ဟု ၎င်းက ဆိုသည်။

ယခု ဧပြီလကုန်ပိုင်းတွင် အဓိကဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ လူမှုကြီးကြပ်ရေးဦးစီး ဌာနတို့ ဦးဆုံးဝင်ရောက်လာနိုင်ဖွယ်ရှိသည်ဟုလည် ၎င်းက ဖြည့်စွက်ပြောကြားသည်။

ယမန်နေ့ နံနက်ပိုင်းအချိန်တွင် ယာဉ်အစီးရေ ရာနှင့်ချီသည့် တပ်မ‌တော်ယာဉ်တန်းမှာ လားရှိုးမြို့သို့ မြန်မာနိုင်ငံအလံနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အလံများလွှင့်ထူ၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ တပ်စခန်းနေရာအချို့တွင် အခြေချနေရာယူခြင်းများ ပြုလုပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာထုတ်ပြန်ခဲ့

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဝင်ခွင့်ရသူများစာရင်းအား သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သော www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website ဖြစ်သည့် www.dhe.gov.mm တို့တွင်ကြေညာပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071