ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊ ဆိုလာပြားများ၊ ဆိုင်းဘုတ်များပြုတ်ထွက်လွင့်စင်ခြင်း၊ လျှပ်စစ်ဓာတ်တိုင်ပြိုလဲခြင်း၊ ပြိုလဲကျိုးကျသည့် သစ် ပင်သစ်ကိုင်းများကြောင့် လမ်းပိတ်ဆို့ခြင်းများဖြစ်ပေါ်လျက်ရှိ၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ၊ ဒေသခံများကဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Photo-ကိုနေမျိုး
