လာအိုနိုင်ငံ၏ (၁၀) ကြိမ်မြောက် အမျိုးသားလွှတ်တော်နှင့် (၅) ကြိမ်မြောက် ပြည်နယ်ပြည်သူ့ကောင်စီ ရွေးကောက်ပွဲများအတွက် ပြင်ဆင်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
ဖေဖော်ဝါရီလ ၂၂ ရက် နေ့ တွင် ကျင်းပမည့် ဆန္ဒမဲပေးပွဲသည် ချောမွေ့မှုရှိစေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ဥပဒေနှင့်အညီဖြစ်စေရန်အတွက် ဗဟိုနှင့် ဒေသန္တရရွေးကောက်ပွဲကော်မတီများက ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြကြောင်းသိရသည်။
ပြည်နယ်အသီးသီးတွင်လည်း ရွေးကောက်ပွဲပြင်ဆင်မှုများမှာ အားကောင်းလျက်ရှိပြီး ဆာဗန်နာခတ် ပြည်နယ်တွင် ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လုပ်ငန်းတိုးတက်မှုများအပေါ် သုံးသပ်ခြင်းများပြုလုပ်ပီး မဲပေးပိုင်ခွင့်ရှိသူများအကြား နိုင်ငံရေးအသိများနိုးကြားမှုရှိလာစေရန် အလေးထားဆောင်ရွက်ခဲ့ကြသည်။
အာဏာပိုင်များအနေဖြင့် မဲစာရင်းပြုစုခြင်းလုပ်ငန်းများကို အချိန်မီနှင့် တိကျစွာ အပြီးသတ်ရန် တိုက်တွန်းထားပြီး၊ ဒေသခံများ တက်ကြွစွာပါဝင်လာစေရန်အတွက် နိုင်ငံတော်၏ လမ်းညွှန်ချက်များကို ဒေသအလိုက် စရိုက်လက္ခဏာများနှင့် ပေါင်းစပ်ကာ ဆန်းသစ်သောနည်းလမ်းများဖြင့် လူထုထံသို့ ဖြန့်ဝေပေးရန် တိုက်တွန်းခဲ့သည်။
တစ်ချိန်တည်းမှာပင် နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်များကို ပါတီဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ သိရှိစေရန်အတွက် ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Ref: ရှင်းဟွာ
