ဆိုင်ကယ်ဖြင့် အလုပ်မှပြန်လာသော လူငယ်တစ်ဦးသည် ထိုင်းနိုင်ငံ ဘန်နာ-ထရက်လမ်းမကြီးပေါ်ရှိ အလယ်တွင်ရှိသော ကြီးမားသည့် ချိုင့်ခွက်ကိုမမြင်ဘဲ ပြု-တ်ကျခဲ့သည်။ ထိုသို့ ပြု-တ်ကျမှုကြောင့် ဆိုင်ကယ်မှာ လုံးဝပျ-က်စီးသွားခဲ့ပြီး ဆိုင်ကယ်မောင်းသူမှာလည်း ပြင်းထန်စွာဒ-ဏ်ရာရရှိခဲ့သည်။
ဆိုင်ကယ်စီးရင်း ချိုင့်ခွက်ထဲ ပြု-တ်ကျ၍ ပြင်းထန်စွာဒ-ဏ်ရာရရှိခဲ့သော မစ္စတာ ဆက်ဒါ (အသက် ၂၄ နှစ်) ၏ ဖခင်ဖြစ်သူ မစ္စတာ ဆတ်ချရိုအင် (အသက် ၄၅ နှစ်) သည် အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ခဲ့ပြီး တာဝန်ရှိသူများထံ တာဝန်ယူပေးရန် တောင်းဆိုခဲ့သည်။ တာဝန်ရှိအဖွဲ့အစည်းမှ ကိုယ်စားလှယ်တစ်ဦးက လျော်ကြေးနှင့် အကူအညီများအကြောင်းဆွေးနွေးရန်အတွက် ဆက်သွယ်ရန် အချက်အလက်များကို ရယူခဲ့သည်။
မစ္စတာ ဆတ်ချရိုအင်က သူ၏သားသည် အလုပ်ပြီး၍ ဆိုင်ကယ်စီးပြီး အိမ်ပြန်လာချိန်တွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကြောင်း လမ်း၏ အစပိုင်းတွင် အန္တရာယ်သတိပေး ကန်တော့များ ချထားခြင်းမရှိသေးသောကြောင့် ၎င်း၏သားသည် ချိုင့်ခွက်ကို မမြင်ခဲ့ဘဲ ပြု-တ်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူ၏သားသည် ရင်ဘတ်တွင် အရိုးကျိုးသွားသည်ဟု သံသယရှိသဖြင့် လက်ရှိတွင် ဓာတ်မှန်ရို-က်နေကြောင်းကိုလည်း မစ္စတာ ဆတ်ချရိုအင်ကထပ်လောင်းပြောကြားခဲ့သည်။
သက်ပ်ရတနာလမ်း သို့မဟုတ် ဘန်နာ-ထရက်လမ်းပေါ်ရှိ ကီလိုမီတာ ၆+၈၀၀ တွင် လမ်းကျွံကျမှုကြောင့် ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်နေခြင်းဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာတွင် အသွားအလာလုပ်နေသည့် ယာဉ်မောင်းများကို သတိပေးရန်အတွက် ယာဉ်ကြောထိန်း ကန်တော့ပုံများ ချထားသည်။ ချိုင့်ခွက်သည် အကျယ် ၁.၂ မီတာခန့်ရှိပြီး အနက် ၂ မီတာကျော်ရှိသည်။ ၎င်းချိုင့်ခွက်သည် Metropolitan Electricity Authority (MEA) မှ လျှပ်စစ်သွယ်တန်းရာ မြေအောက်လမ်း၏ ဘေးတွင်တည်ရှိသည်။ အာဏာပိုင်များ၊ MEA မှ အင်ဂျင်နီယာများ၊ အဝေးပြေးလမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ကြပြီး ပြင်ဆင်မှုများစီစဉ်ရန်အတွက် နယ်နိမိတ်သတ်မှတ်ခဲ့သည်။
Ref: khaosod
