Tuesday, December 16, 2025

ကမ္ဘောဒီးယားသို့‌ရေနံနှင့် စစ်လက်နက်မပို့နိုင်ရန် ထိုင်းပင်လယ်ကွေ့ကို ပိတ်ဆို့မည်ဟုဆို

လက်ရှိဖြစ်ပွားနေသော ရန်လိုတို-က်ခိုက်မှုများအတွင်း ထိုင်းပင်လယ်ကွေ့မှတဆင့် ကမ္ဘောဒီးယားသို့ ရေနံနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ဖြည့်တင်းမှုကို ပိတ်ဆို့ရန် ထိုင်းဘုရင့်တပ်မတော်က နိုင်ငံတော်လုံခြုံရေးကောင်စီ (အင်န်အက်စ်စီ) သို့ အဆိုပြုခဲ့သည်။ တနင်္ဂနွေနေ့က...

ဘာလင်ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ယူကရိန်းတို့ “များစွာတိုးတက်မှု”...

အမေရိကန် ပြည်ထောင်စုနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များသည် ဂျာမနီနိုင်ငံ၏မြို့တော် ဘာလင်၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအတွင်း "များစွာတိုးတက်မှု" ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က...

အပ-စ်မရပ်လျှင်ထိုင်းနှင့်ကမ္ဘောဒီးယားကို အခွန်တိုးကောက်မည်–ထရမ့်ပ်

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အနေဖြင့် စစ်ပွဲကိုမရပ်ပါက ၎င်းတို့နှစ်နိုင်ငံကို အခွန်အသစ်များ ချမှတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့သည်။ သောကြာနေ့က ဝေါစထရိဂျာနယ်နှင့် ထရမ့်ပ်၏ အင်တာဗျူးကို အခြေခံ၍...

ထိုင်း၊ မလေးရှား ရေပိုင်နက်ထဲသို့ ပင်လယ်ရေကြောင်းဖြင့်...

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှား၊ ထိုင်း ရေပိုင်နက်ထဲသို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ်(၁၃၃)ဘီလီယံတန်ဖိုးရှိ အိုက်စ်-မက်သ်အဖက်တမ်င်း ( ၁ဒဿမ၅၈တန်) နှင့်...
HomeNewsLocal Newsလင်ချန်းနှင့်ချင်းရွှေဟော်မြိုတို့အကြား လာမည့်နှစ်တွင် ရထားလမ်းတည်ဆောက်ရန်...

လင်ချန်းနှင့်ချင်းရွှေဟော်မြိုတို့အကြား လာမည့်နှစ်တွင် ရထားလမ်းတည်ဆောက်ရန် မျှော်မှန်းထား

မြန်မာနိုင်ငံနှင့်ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရန်အတွက် လင်ချန်းနှင့်ချင်းရွှေဟော်မြိုတို့အကြား ရထားလမ်းတည်ဆောက်ရန် ယူနန်ပြည်နယ်ရှိ ဆိုင်ရာဝန်ကြီးဌာနကို တိုက်တွန်းလျက်ရှိပြီး လာမည့်နှစ်တွင် စတင်တည်ဆောက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း လင်ချန်းမြို့၊ လင်ချန်းမြူနီစပယ် ပြည်သူ့အစိုးရအဖွဲ့ မြို့တော်ဝန် Mr. Du Jianhui ကပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (လင်ချန်း) နှင့် မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့်၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လင်ချန်းမြို့၊ လင်ချန်းမြူနီစပယ် ပြည်သူ့အစိုးရအဖွဲ့ မြိုတော်ဝန် Mr. Du Jianhui ဦးဆောင်သည့် ကိုယ်စားလှယ် (၇) ဦးတို့ တွေ့ဆုံသည့်ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် လင်ချန်းခရိုင်ကြား ကုန်သွယ်မှုပမာဏ တော်တော်များများရှိကြောင်း၊ ယင်းအပြင် နယ်စပ်ဂိတ်ပေါက်များတွင် အခြေခံအဆောက်အအုံများ အဆင့်မြင့်တင်လျက်ရှိပြီး နိုင်ငံတကာကုန်သွယ်မှုဇုန် တည်ဆောက်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ချင်းရွှေဟော်နယ်စပ်တွင် Free Trade Zone စတင်ဆောင်ရွက်လျက်ရှိပြီး အခြေခံလိုအပ်ချက်များ ပြီးစီးနှင့်ပြီးဖြစ်၍ လာရောက်လည်ပတ် လေ့လာစေလိုကြောင်း ၎င်းကပြောကြားခဲ့သည်။

လင်ချန်းမြို့သည် ယူနန်ပြည်နယ်၏ အနောက်တောင်အရပ်တွင်တည်ရှိပြီး ဧရိယာအားဖြင့် (၂.၄) သိန်း ကီလိုမီတာ ကျယ်ဝန်းကာ ယခင်နှစ် GDP မှာ တရုတ်ယွမ်ငွေ သိန်းတစ်သောင်းရှိပြီး ယူနန်ပြည်နယ်၏ ဖွံဖြိုးတိုးတက်မှုတွင် နံပါတ် (၈) နေရာတွင်ရှိသော မြို့လည်းဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ပုံမှန်ကုန်သွယ်ရေးအပြင် နယ်စပ်ကုန်သွယ်ရေးပါရှိကြောင်း၊ ကိုဗစ် ၁၉ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုများ အကြောင်းအမျိုးမျိုးဖြင့် လျော့ကျသွားရာမှ ယခုအခါတွင် နယ်စပ်မှ တဆင့် ကုန်သွယ်မှုပြန်လည်တိုးမြှင့်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ ကုန်သွယ်မှုချော့မွေ့စေရေးနှင့် ငွေပေးချေမှု ဘဏ်စနစ်ပေါ်မှ ယွမ်/ကျပ် တိုက်ရိုက်ပေးချေမှုတို့ကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ရန် အသင်းချုပ်ဘက်မှ တတ်နိုင်သမျှ ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ချင်းရွှေဟော်နယ်စပ် Free Trade Zone ဆောင်ရွက်ဆဲအခြေအနေများ၊ (၄) ကြိမ်မြောက် ကျင်းပသွားမည့် လင်ချန်းမြန်မာ ကုန်စည်ပြပွဲ၊ Transit Trade ကိစ္စ၊ ယွမ်/ကျပ် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ Border Pass ထုတ်ပေးနိုင်ရေးကိစ္စနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အသင်းချုပ်ဖက်မှ ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများဖြစ်ကြသော
ဦးကျော်ဒေဝ၊ ဦးရဲမြင့်​အောင်၊ ဘဏ္ဍာရေးမှူး ဦးလှဦး၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးလှမြင့်ရွှေ၊ တွဲဖက်အကျိုးဆောင်စာရင်းစစ် ဦးအောင်ကြည်စိုး၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဌေးနှင့် IR Advisor ဦးတင့်ဆွေတို့တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားသို့‌ရေနံနှင့် စစ်လက်နက်မပို့နိုင်ရန် ထိုင်းပင်လယ်ကွေ့ကို ပိတ်ဆို့မည်ဟုဆို

လက်ရှိဖြစ်ပွားနေသော ရန်လိုတို-က်ခိုက်မှုများအတွင်း ထိုင်းပင်လယ်ကွေ့မှတဆင့် ကမ္ဘောဒီးယားသို့ ရေနံနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ဖြည့်တင်းမှုကို ပိတ်ဆို့ရန် ထိုင်းဘုရင့်တပ်မတော်က နိုင်ငံတော်လုံခြုံရေးကောင်စီ (အင်န်အက်စ်စီ) သို့ အဆိုပြုခဲ့သည်။ တနင်္ဂနွေနေ့က အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့သော လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲများထံမှ အရေးပေါ်တင်ပြစာတွင် ကမ္ဘောဒီးယားသို့ ပို့မည့်ရေနံနှင့် စစ်ပွဲဆိုင်ရာထောက်ပံ့ရေးပစ္စည်းများကို ပင်လယ်ကွေ့တွင် ပိတ်ဆို့ဟန့်တားရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက အင်န်အက်စ်စီသို့ ချက်ချင်းအဆိုပြုချက်တင်ရန် တောင်းဆိုထားခဲ့သည်။ အဆိုပြုချက်အရ ထိုင်းရေပိုင်နက်မှ ကမ္ဘောဒီးယားသို့ ထွက်ခွာလာသော ကူးသန်းရောင်းဝယ်ရေးသင်္ဘောများနှင့် ငါးဖမ်းသင်္ဘောများအပါအဝင် သင်္ဘောအမျိုးမျိုးဖြင့် သယ်ဆောင်လာသော ရေနံနှင့် စစ်ပွဲဆိုင်ရာထောက်ပံ့ရေးပစ္စည်းများကို ကြားဖြတ်ပိတ်ဆို့ရန် အင်န်အက်စ်စီက ထိုင်းရေကြောင်း ဥပဒေစိုးမိုးရေးဌာန...

ဘာလင်ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ယူကရိန်းတို့ “များစွာတိုးတက်မှု” ရရှိခဲ့ကြောင်း အမေရိကန် အထူးသံတမန် ပြောကြား

အမေရိကန် ပြည်ထောင်စုနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များသည် ဂျာမနီနိုင်ငံ၏မြို့တော် ဘာလင်၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအတွင်း "များစွာတိုးတက်မှု" ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က ပြောကြားသည်။ "ကိုယ်စားလှယ်များဟာ ငြိမ်းချမ်းရေးအတွက် အချက် ၂၀ ပါ အစီအစဉ်၊ စီးပွားရေးအစီအစဉ်တွေနဲ့ အခြားအရာတွေနဲ့ပတ်သက်ပြီး နက်နက်နဲနဲ ဆွေးနွေးခဲ့ကြပါတယ်" ဟု ဝစ်ကော့ဖ်က သူ၏ X လူမှုကွန်ရက် အကောင့်တွင် ပြောကြားခဲ့သည်။ "များစွာတိုးတက်မှုတွေရရှိခဲ့ပြီး မနက်ဖြန်မနက်မှာ သူတို့ထပ်မံတွေ့ဆုံကြမှာပါ" ဟုလည်း ဆိုသည်။ ယူကရိန်း၌ ဖြစ်ပွားနေသော ပဋိပက္ခကိုဖြေရှင်းရန်အတွက် အမေရိကန်-ယူကရိန်းဆွေးနွေးပွဲများကို ဘာလင်မြို့ရှိ...

အပ-စ်မရပ်လျှင်ထိုင်းနှင့်ကမ္ဘောဒီးယားကို အခွန်တိုးကောက်မည်–ထရမ့်ပ်

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အနေဖြင့် စစ်ပွဲကိုမရပ်ပါက ၎င်းတို့နှစ်နိုင်ငံကို အခွန်အသစ်များ ချမှတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့သည်။ သောကြာနေ့က ဝေါစထရိဂျာနယ်နှင့် ထရမ့်ပ်၏ အင်တာဗျူးကို အခြေခံ၍ ယခုသတင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ “ကမ္ဘောဒီးယားနဲ့ ထိုင်းအကြား တကျော့ပြန်ဖြစ်လာတဲ့ ပဋိပက္ခကိုဖြေရှင်းဖို့အတွက် အခွန်တိုးကောက်သွားမယ်လို့ ပြီးခဲ့တဲ့ ၁၀ မိနစ်လောက်ကပဲ ငါခြိမ်းခြောက်ခဲ့တယ်” ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။ “မင်းတို့ စစ်ပွဲကို မရပ်ဘူးဆိုရင် ရထားတဲ့ကုန်သွယ်ရေးသဘောတူညီချက်ကို ရပ်ပစ်ရုံမကဘဲ မင်းတို့နိုင်ငံကို ငါက အခွန်လည်းတိုးကောက်မယ်။ ငါလုပ်သလို ဘယ်သူမှ ဒါမျိုးမလုပ်နိုင်ဘူး” ဟု နှစ်နိုင်ငံခေါင်းဆောင်များကို သူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071