ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် “ဝ”အမျိုးသားပါတီမှ ဦးအမ်ဇော်လတ် ရွေးချယ်ခံခဲ့ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယနေ့ ဇန်နဝါရီ ၂ ရက်က ကြေညာချက်အမှတ်(၂ /၂၀၂၆)ဖြင့် ထုတ်ပြန်ခဲ့သည်။
ဦးအမ်ဇော်လတ်သည် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ် တော်(မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်အ မှတ်(၁)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှမ်းပြည်နယ်ကော်မရှင်အဖွဲ့ခွဲမှ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၁ (က)နှင့်အညီထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
