နေပြည်တော်ကောင်စီ၊ ကျွဲရှင်းကျေးရွာ၊ တောင်ညို – ကျွဲရှင်းလမ်းဆုံ၌ ရွှေအိုးစည် Express ချောက်ထဲကျမှုကြောင့် နှစ်ဦး အသက်ဆုံးကာ ခုနစ်ဦးနီးပါး ဒ-ဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်သည် ယနေ့ (စက်တင်ဘာ ၃)ရက် နေ့လယ်ပိုင်းက ဖြစ်ပွါးခဲ့ခြင်းဖြစ်ကာ ချေ-ာက်ထဲကျစဉ်တွင် အောက်တွင်ရှိသည့်ဆိုင်ကယ်ပြင်ဆိုင်ကို ထပ်မံဝင်တို-က်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဝင်တို-က်မှုကြောင့် ဆိုင်ကယ်ပြင်သူ ဝပ်ရှော့ဆရာနှင့် Express ပေါ်ပါ ခရီးသည်တစ်ဦး အသက်ဆုံးပါးခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
“ဆိုင်ကယ်ပြင်ဆိုင်က အထိများသွားတာ၊ ပိုင်ရှင်လင်မယားလည်း ဒ-ဏ်ရာပြင်းတယ်” ဟု ဖြစ်စဉ်ကို သိရှိသူက မျှဝေထားသည်။
ရွှေအိုးစည် Expressသည် မန္တလေးမှ နေပြည်တော်ကို ထွက်ခွါလာသော ခရီးသည်တင်ကားဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ၌ ထိခို-က်ဒ-ဏ်ရာရရှိသူများ ကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကိုပို့ဆောင်ထားကာ ဒ-ဏ်ရာရရှိသူများထဲ၌ ပြင်းထန်သူများလည်း ပါဝင်ကြောင်း သိရသည်။
