ရွှေစီမံကိန်းတွင်ကြံ့ခိုင်ရေးစစ်ဆေးပြုပြင်မှုများ ၂လခန့် လုပ်ဆောင်မည်ဖြစ်သည်။ထိုပြုပြင်နေသည့် ဧရိယာ၏ (၄) ကီလိုမီတာ ပတ်လည်အတွင်း ဖြတ်သန်းခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ စက်တင်ဘာ (၄) ရက်တွင် ထုတ်ပြန်သတိပေးထားသည်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myan mar E&P) သည် ရွှေစီမံကိန်းရှိ ပြန်လည်စစ်ဆေးပြုပြင်သည့် ဧရိယာတွင် ရွှေပရောဂျက် ရေအောက်စစ်ဆေးခြင်းလုပ်ငန်းစဥ်လုပ်ငန်းများအား MV, PTSC TIEN PHONG သင်္ဘောကြီး ဖြင့် လာမည့် အောက်တို ဘာလ (၇) ရက် မှ နိုဝင်ဘာလ (၃၀)ရက်အထိ ဧရိယာ (၃) ခုခွဲ၍ဆောင်ရွက်မည်ဖြစ်သည်။
ထို့ကြောင့် လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရန်အတွက် အဆိုပါ တည်နေရာများမှ (၄)ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာထားကာ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချ ရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ အသိပေးထားကြောင်းသိရသည်။
