ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒစရိယ ဆရာတော်ကြီး (၁၁)ပါးအတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) မှ ယနေ့ စက်တင်ဘာ(၂၄)ရက်မနက်ပိုင်းတွင် လျှပ်စစ်ဆိုလာမီးအစုံများလှုဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆက်ကပ်လှုဒါန်းပွဲအခမ်းနားကို ရှေးဟောင်းတန်ဆောင်းတွင် ကျင်းပခဲ့ကြောင်းလည်း သိရသည်။
ထိုပြင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းအမှုဆောင်၊ အဂ္ဂမဟာသဒ္ဓမ ဇောတိကဓဇ ဦးစိုးသန်းထွန်း မိသားစုကလည်း ဘုရားဖူးပြည်သူများ စင်္ကြန်လျှောက်လှမ်းတွင် ခင်းကျင်းအသုံးပြုရန် ကျပ်(၁၀၉)သိန်းခန့်တန်ဖိုးရှိ ကော်ဇောအခင်းများနှင့် နဝကမ္မဝတ္ထုငွေများကိုလည်း လှုဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှုဒါန်းမှုအစုစုအတွက် ရွှေတိဂုံဩဝါဒါစရိယအဖွဲ့ဝင်ဆရာတော် လှရတနာဆရာတော်မှ ရေစက်ချ သာဓုအနုမောဒနာတရား ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။
