ယနေ့ ဩဂုတ်လ ၁၄ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (USDP) မှ ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် “ရွေးကောက်ပွဲသည် ပြည်သူအတွက်” ဆိုသည့် ခေါင်းစဉ်ဖြင့် USDP ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကော်မတီ ဒေါ်စိုးစိုးမြင့်၊ ရခိုင့်ဦးဆောင်ပါတီဥက္ကဌ ဒေါက်တာအေးမောင်နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းကြည်တို့မှ ငြိမ်းချမ်းရေးဖြစ်စဉ်၏ ကဏ္ဍတစ်ခုဖြစ်သော ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးသုံးသပ်ချက်များကို တစ်ဦးချင်းစီ သုံးသပ်ကာ တက်ရောက်လာသော လူပုဂ္ဂိုလ်များမှ လွတ်လပ်စွာမေးမြန်းလာမှုများအပေါ် ရှင်းလင်းပြတ်သားစွာ ပြန်လည်ဖြေကြားခဲ့သည်။
