Wednesday, December 17, 2025

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း...
HomeNewsLocal Newsရွေးကောက်ပွဲမဖြစ်စေရန် ပြည်တွင်း/ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များရှိလာနိုင်

ရွေးကောက်ပွဲမဖြစ်စေရန် ပြည်တွင်း/ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များရှိလာနိုင်

မကြာမှီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမဖြစ်မြောက်စေရန် ပြည်တွင်း/ပြည်ပမှ
အဖျက်အမှောင့်လုပ်ရပ်များရှိလာနိုင်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ သြဂုတ် ၁၂ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင် ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် ပြောသည်။

” ရွေးကောက်ပွဲဖြစ်မြောက်မှုမရှိစေဖို့ ပြည်တွင်း၊ ပြည်ပက အဖျက်အမှောင့်လုပ်ရပ်တွေလုပ်ဆောင်လာမယ့်သူတွေ၊ အဖွဲ့အစည်းတွေလည်း ရှိနိုင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအောင်မြင်မှုမရှိစေဖို့ကို နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်လာနိုင်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် ပြည်ပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်အပေါ် ထောက်ခံအားပေးသည့်၊ အပြုသဘောဆောင်သည့် နိုင်ငံများရှိသကဲ့သို့ ရွေးကောက်ပွဲအပေါ် စောဒကတက်သည့်နိုင်ငံများလည်းရှိနိုင်မည်ဖြစ်ရာ ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေးဆောင်ရွက်ရမည်ဟု ပြောသည်။

နိုင်ငံရေးပါတီများမဲစည်းရုံးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးရန်၊ ပါတီရုံးဖွင့်ခွင့်များရရှိရေး၊ ပါတီဝင်ခွင့်ရှိသူများ ပါတီဝင်ခွင့်ရရှိရေးတို့ကိုဆောင်ရွက်ပေးရန်၊ ပါတီ ၂ ပါတီ၊ ၃ ပါတီထပ်၍ ပါတီဝင်များ ဖောင်းပွမှုမရှိစေရေးအတွက်စိစစ်ကြပ်မတ်ရန်လည်း ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်များကိုလည်း စနစ်တကျစိစစ်ကြပ်မတ်ရန်၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးချိန်တွင် ၎င်းတို့၏ လုံခြုံရေးအတွက်စီစဉ်ဆောင်ရွက်ပေးရန်၊ သတ်မှတ်ထားသည့် အချိန်ကာလအ တွင်း သက်ဆိုင်ရာမြို့နယ်များအလိုက် ဆန္ဒမဲပေးနိုင်ရေးအတွက် လုံခြုံရေးအရ အာမခံချက်ရှိအောင်ဆောင်ရွက်ရန်တို့ကိုလည်း ပြောကြားခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မဲမသမာမှုမရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို ငွေကြေးအကုန်အကျခံ၍ ဆောင်ရွက်ထားသည်ဟုလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာထုတ်ပြန်ခဲ့

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဝင်ခွင့်ရသူများစာရင်းအား သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သော www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website ဖြစ်သည့် www.dhe.gov.mm တို့တွင်ကြေညာပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071