ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ယမန်နေ့ အောက်တိုဘာ(၂)ရက်က ညိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲကာလရခိုင်ပြည်နယ်တွင် လုံခြုံရေးဆိုင်ရာကြီးကြပ်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရန် လုံ ခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီနှင့်ခရိုင်မြို့နယ် ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် မဲပေးစက်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းများဖွင့်လှစ်ပေးခဲ့ပြီး အများပြည်သူသိ ရှိနားလည်းပြီး ရွေးကောက်ပွဲတွင် လျင်မြန်စွာမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီက ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလ နှင့် ရွေးကောက်ပွဲ အလွန်ကာလများတွင် လုံခြုံရေးဆောင်ရွက်မည် အစီအမံများနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
