Tuesday, April 7, 2026

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့အစည်းအဝေးတွင် တာဝန်အပ်နှင်းရေးအဆိုများ ဆွေးနွေးဆုံးဖြတ်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အစီအစဉ်ကို ယနေ့ ဧပြီ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် အရေးကြီးရာထူးခန့်အပ်တာဝန်ပေးရေးဆိုင်ရာ အဆိုများကို လွှတ်တော်တွင်...

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်...

ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထော င်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ရန်...

ယနေ့ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းဝေး...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ ဧပြီလ (၇) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ အစည်းဝေးတွင် နိုင်ငံတော်သမ္မအဖြစ်...

ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ရေသန့်ဘူးများကိုလည်း ထိုင်းအစိုးရ ထည့်သွင်း

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်ဖိအားများကြောင့် မလိုလားအပ်သော ဈေးနှုန်းမြင့်တက်မှုများမဖြစ်စေရန်အတွက် ပလပ်စတစ်အလုံးများနှင့်အတူ ရေသန့်ဘူးနှင့် အရသာမှုန့်တို့ကိုလည်း ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ထိုင်းအစိုးရက ထည့်သွင်းခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီး ဆူထမ်ပန်လက်မှတ်ရေးထိုးပြီး...
HomeMoviesရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင်...

ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် တာဝန်ရှိသူများအား ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များချီးမြှင့်

ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၅ ရက်နံနက်ပိုင်းက ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် တာဝန်ရှိသူများအားဂုဏ်ပြုအ ထိမ်းအမှတ်လက်ဆောင်များချီးမြှင့်ခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပရာ ရွေးကောက်တင် မြှောက်ခြင်းခံရသောသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ တက်ရောက်၍ အခမ်းအနားတက်ရောက်ပေးကြသည့် ပုဂ္ဂိုလ်များ သည် မိမိတို့တာဝန်ယူခဲ့သ ည့် (၅)နှစ်တာ အစ/အဆုံးတွင် ပေးအပ်သည့်တာဝန်များကို သစ္စာရှိရှိကျေပွန်အောင် ကြိုးစားထမ်းဆောင်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် မကြာမီရက်ပိုင်းအတွင်း၌ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင်ဆက်လက်ဆောင်ရွက်မည့် အစိုးရသစ်ကို သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့်လွှဲပြောင်းပေးနိုင်တော့မည်ဖြစ် ၍ နိုင်ငံတော်၊ အစိုးရနှင့်ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေပွန်စွာပူး ပေါင်းဆောင်ရွက်ခဲ့မှုများကို မိမိအနေဖြင့်လေးလေးစား စားအသိအမှတ်ပြုသည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများကို ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ပြည်ထောင်စုအ ဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့က ပြည်ထောင်စုအဆင့်ပု ဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များကို ရွေး ကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆော င်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မ တ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခမ်းအနားတက်ရော က်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့အစည်းအဝေးတွင် တာဝန်အပ်နှင်းရေးအဆိုများ ဆွေးနွေးဆုံးဖြတ်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အစီအစဉ်ကို ယနေ့ ဧပြီ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် အရေးကြီးရာထူးခန့်အပ်တာဝန်ပေးရေးဆိုင်ရာ အဆိုများကို လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နေရာယူကာ စတင်ဖွင့်လှစ်ခဲ့ပြီး အစည်းအဝေး အထမြောက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် တတိယနေ့ အစီအစဉ်များကို ကြေညာကာ အစည်းအဝေး မတက်ရောက်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ခွင့်ပန်ကြားချက်များကို လွှတ်တော်မှ အတည်ပြုခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတမှ အဆိုပြုတင်ပြထားသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်မည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို လွှတ်တော်သို့...

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်မှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု

ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထော င်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ရန် အဆိုပြုချက်များအား ကန့်ကွက်ချက်မရှိဘဲ အတည်ပြုခဲ့ကြောင်း သိရသ ည်။ အဆိုပါ ခန့်အပ်ရေးအဆိုပြုချက်များကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တွင် သီးခြားဆွေးနွေးသူမရှိသဖြင့် တင်ပြချက်အတိုင်း သဘောတူညီခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားသူကြီးများ ဦးရေသတ်မှတ်ခြင်းနှင့်ပတ်သက်သည့် အဆိုပြုချက်ကိုလည်း ဆွေးနွေးချက်မရှိဘဲ အတည်ပြုခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊...

ယနေ့ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းဝေး စတုတ္ထနေ့တွင် ပြည်ထောင်စုဝန်ကြီး အမည်စာရင်း လွှတ်တော်သို့တင်မည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ ဧပြီလ (၇) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ အစည်းဝေးတွင် နိုင်ငံတော်သမ္မအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးဖြတ်ခံယူခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ထိုပြင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်က သဘောတူကြောင်းကြေညာခြင်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ထို့အတူ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071