Sunday, August 9, 2026

ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ...

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင်...

လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ်(၂၃)...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အ တွက် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ယနေ့ သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက...

ရေကြီးရေလျှံမှုကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက် ပျိုးချိန်အခက်အခဲရှိပါက...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကိုစိုက်ပျိုးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ်...

AFF Hyundai Cup 2026...

AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု(ခ) နောက်ဆုံးပွဲစဉ်အဖြစ် ထိုင်းနှင့် မြန်မာတို့ ယှဥ်ပြိုင်ကြရာ ပထမပိုင်းပွဲချိန်အတွင်း ထိုင်းအ သင်းက...
HomeNewsLocal Newsရေဘေးအန္တရာယ်ကို တုံ့ပြန်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်နိုင်ရေး...

ရေဘေးအန္တရာယ်ကို တုံ့ပြန်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား

ပုသိမ်၊ ဩဂုတ် ၈

သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်ရေးအစီအမံများကိုပါ စနစ်တကျ လေ့လာဖော်ထုတ် အကောင်အထည်ဖော်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် ယနေ့ ဩဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြုလုပ်သည့် ငဝန်မြစ်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“လူသားတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲလို့မရနိုင်ပေမယ့် လူတွေရဲ့လုပ်ဆောင်ချက်တွေနဲ့ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ပါတယ်။ သဘာဝဘေးအန္တရာယ်ကို မလွဲမသွေ ရင်ဆိုင်ကြုံတွေ့လာရရင်လည်း ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဘယ်လိုအဆင့်လိုက် ဆောင်ရွက်ရမယ်ဆိုတာ သိရှိနားလည်ကြဖို့လိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ရေဘေးအန္တရာယ်များကို ရေရှည်ကာကွယ်နိုင်ရေးအတွက် မြစ်များ၊ မြစ်လက်တက်များနှင့် ချောင်းများ၏ ရေစီးရေလာနှင့် ရေဝင်ရေထွက်အခြေအနေများ၊ မြစ်ကြမ်းပြင်အမြင့် (Bed Level) ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် သုတေသနပြုမှတ်တမ်းတင်၍ လေ့လာဆန်းစစ်နေရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ယင်းသို့ လေ့လာဆန်းစစ်မှုများအပေါ်အခြေခံ၍ လိုအပ်သည့် ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းခြင်း၊ နုန်းဆယ်ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆည်မြောင်းနှင့် ရေအရင်းအမြစ်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ယင်းအခြေအနေများကို ဒေသတစ်ခုချင်းအလိုက်သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စနစ်တကျ စဉ်ဆက်မပြတ် လေ့လာသုံးသပ်စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့ပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်း ပင်လယ်ရေငန်ဝင်ရောက်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရေးကိုလည်း ရေရှည်အမြင်ဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ မြစ်အထက်ပိုင်းမှ စီးဆင်းလာသည့်ရေများ လူနေထိုင်ရာဒေသများသို့ ဝင်ရောက်မှုမရှိဘဲ သတ်မှတ်ရေလမ်းကြောင်းအတိုင်း စီးဆင်းသွားနိုင်ရေးအတွက် မြစ်ချောင်းများ၏ ရေစီးရေလာနှင့် မြစ်ကြမ်းပြင်အခြေအနေများကို စနစ်တကျ သုတေသနပြုလေ့လာရန်လိုကြောင်း ပြောကြားသည်။

“ရေငံဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ရေငံတားတာတွေ တည်ဆောက်ခြင်း၊ မြစ်ချောင်းတွေမှာ Low Head Dam တွေ တည်ဆောက်ခြင်းအားဖြင့်လည်း ရေငံဝင်ရောက်မှုကို လျှော့ချနိုင်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ယင်းလုပ်ငန်းများကို ဒေသ၏ မြေမျက်နှာသွင်ပြင်နှင့် မြေအနိမ့်အမြင့်အခြေအနေများအလိုက် အပိုင်းလိုက်စီမံဆောင်ရွက်ရန်နှင့် လိုအပ်ပါက သက်ဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့် စနစ်တကျ လေ့လာတွက်ချက်၍ အကောင်အထည်ဖော်ရန်လိုကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။

ရေဘေးကာကွယ်ရေးနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ငွေကြေးကုန်ကျမှု များပြားနိုင်သော်လည်း ရေရှည်တွင် စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်ခြင်း၊ ဒေသခံပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ တိုးတက်ခြင်းအပါအဝင် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ချိန်ဆတွက်ချက်၍ ရေရှည်အကျိုးရှိမည့် လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်ပြုလုပ်သည့် ငဝန်မြစ်ရေကာ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရှေးယခင်က ပုသိမ်မြစ်အတွင်းသို့သင်္ဘောကြီးများ ဝင်ထွက်သွားလာဆိုက်ရောက်နိုင်ခဲ့သော်လည်း ယခုအခါ Bed Level များမြင့်တက်လာ၍ သင်္ဘောကြီးများဝင်ရောက်နိုင်မှုနည်းပါးလာသည်ဟု ပြောသည်။ ထို့ပြင် ဧရာဝတီတိုင်းအတွင်းမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများကို ပုသိမ်မြစ်ကြောင်းကတစ်ဆင့် သင်္ဘောကြီးများဖြင့် သယ်ယူပို့ဆောင်နိုင်သည့်နည်းတူ ပြည်တွင်းအတွက်လိုအပ်သည့်ပစ္စည်းများကိုလည်း ပုသိမ်မြို့ဆိပ်ကမ်းမှတစ်ဆင့်ဆောင်ရွက်နိုင်သဖြင့် မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန်လိုသည်ဟု နိုင်ငံတော်သမ္မတက...

လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ်(၂၃) ဘီလီယံကျော်ရရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အ တွက် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ယနေ့ သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက ပုသိမ်မြို့တွင်ကျင်းပသည့် အလှူငွေပေးအပ်ပွဲ၌ အလှူငွေကျပ်(၂၃ ဒသမ ၃၂၄) ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ တိုင်းနှင့် ပြည်နယ်များ၊ စေတ နာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များ၏ အလှူငွေများ ပေးအပ်လှူဒါန်းမှုကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် စေတနာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များကပေးအပ်လှူဒါန်းသည့်...

ရေကြီးရေလျှံမှုကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက် ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကို စိုက်ပျိုးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကိုစိုက်ပျိုးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်ပြုလုပ်သည့် ငဝန်မြစ်ရေကာတာ တမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံမှုအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက ရေကြီးရေလျှံမှုဖြစ်ပွားသည့် ဒေ သများရှိ ပြည်သူများ၏ တစ်ကိုယ်ရည်ကျန်းမာရေးနှင့် သန့်ရှင်းသောသောက်သုံးရေများလုံလောက်စွာရရှိရန်လိုကာ ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးစိုက်ခင်းများအား စပါးသီးနှံများပြန်လည်စိုက်ပျိုးမည်ဆိုပါက အောင်ရေရရှိအောင်‌ဆောင်ရွက်ရန် မှာကြားသည်။ စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကိုစိုက်ပျိုးရန်၊ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည့်ယန္တရားများကိုကြိုတင်ရွှေ့ ပြောင်းထားရန်၊ လိုအပ်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071