Home News Local News ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်း

ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်း

0
81

နေပြည်တော်၊ ဩဂုတ် ၁၅

ရေဘေးသင့်ဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများနှင့် ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ်သိန်း ၇၁၀ကို မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းက ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် အလှူရှင်ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆေးနှင့်ဆေးပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လှူဒါန်းပစ္စည်းများနှင့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။

ထို့နောက် အလှူရှင်ကုမ္ပဏီများမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here