Home News Local News ရေပေးဝေသည့်ကိစ္စ စကားများရာမှ မောင်ဖြစ်သူက အစ်မအရင်းအား ပေါ-က်တူးဖြင့်ရို-က်နှက်သ-တ်ဖြ-တ်

ရေပေးဝေသည့်ကိစ္စ စကားများရာမှ မောင်ဖြစ်သူက အစ်မအရင်းအား ပေါ-က်တူးဖြင့်ရို-က်နှက်သ-တ်ဖြ-တ်

0
145

​ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ရေပေးဝေသည့်ကိစ္စဖြင့် မောင်နှမချင်းစကားများရာမှ မောင်ဖြစ်သူက အစ်မရင်းဖြစ်သူအား ပေါက်တူးဖြင့်ရို-က်နှ-က်သ-တ်ဖြ-တ်ခဲ့မှု ဧပြီ ၃၀ ရက်ည ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၊ နရွှဲချောင်ကျေးရွာနေ ဒေါ်မြဝင်း (၅၆) နှစ်သည် အိမ်ဘေးချင်းကပ်လျက်ရှိသော နေအိမ်သို့ ရေပိုက်ဖြင့်ရေပေးဝေခြင်းအား တစ်အိမ်တည်းနေ မောင်ဖြစ်သူ ကျော်ကျော်(ခ)မောင်ကျော် (၅၁) နှစ်က မကျေနပ်သဖြင့် မောင်နှမနှစ်ဦးစကားများခဲ့ကြကြောင်း သိရသည်။

စကားများစဥ်မောင်ဖြစ်သူက စိတ်မထိန်းနိုင်ဘဲ ပေါ-က်တူးနောက်စေ့ဖြင့် အစ်မဖြစ်သူ၏ဦးခေါင်းကို (၃) ချက်ခန့်ပြင်းထန်စွာရို-က်နှက်ခဲ့ရာ ဒေါ်မြဝင်းသည် ဦးခေါင်းကြေမွကွဲပြဲသည့်ဒ-ဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျော်ကျော်(ခ)မောင်ကျော်အားဖမ်းဆီးပြီးနောက် တံတားမြို့နယ်မြေရဲစခန်းက (ပ) ၆/၂၀၂၆၊ အမှုကြီးအမှတ်စဉ် (၁/၂၀၂၆)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။

​ယခုဖြစ်စဉ်သည် သာမန်ရေပေးဝေသည့်ကိစ္စလေးတစ်ခုမှစတင်ကာ အသက်ဆုံးရှုံးသည်အထိဖြစ်ပွားခဲ့ရ၍ တစ်ခဏတာဖြစ်ပေါ်လာသည့် ဒေါသစိတ်ကိုမထိန်းချုပ်နိုင်ခြင်းကြောင့် တစ်သက်စာနောင်တရမည့်ပြစ်မှုများဖြစ်ပေါ်စေနိုင်သည်။ 

ထို့ကြောင့် မိသားစုတွင်းစကားများချိန်တွင် အပြန်အလှန်နားလည်မှုပေးခြင်း၊ အကြမ်းဖက်နည်းဖြင့်ဖြေရှင်းခြင်းထက် ဆွေးနွေးညှိနှိုင်းသည့် ယဉ်ကျေးမှုတည်ဆောက်ရန်လိုအပ်ကာ အိမ်နီးချင်းများ(သို့)မိသားစုဝင်များကြား ပြင်းပြင်းထန်ထန်စကားများခြင်း၊ ရန်ဖြစ်ခြင်းများတွေ့ရှိပါက ဘေးပတ်ဝန်းကျင်မှ အချိန်မီကြားဝင်ဖျန်ဖြေပေးခြင်း(သို့)တာဝန်ရှိသူများထံအကြောင်းကြားခြင်းဖြင့် ဆိုးရွားသောနောက်ဆက်တွဲများကိုကာကွယ်နိုင်မည်ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here