ရေနံ နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများ သည် အရင်းအနှီးကြီးမားပြီး စွန့်စားမှုများကာ ရင်းနှီးမြှုပ် နှံမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သည့်အပြင် အ ချိန်ကာလအတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်သည့်အတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။
၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအပေါ် သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ချမှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ကုန်ထုပ်လုပ်နိုင်မှုမှာ အဓိကဖြစ်ပြီး ကုန်ထုတ်လုပ်နိုင်ဖို့အတွက် စွမ်း အင်အရင်းအမြစ်များကို စနစ်တကျအသုံးပြုနိုင်ရန်လိုအပ်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ နှင့် ပတ်သက်သည့်စွမ်း အင်သယံဇာတများကို ထုတ်ယူသုံးစွဲကြရာမှာ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များကို စနစ်တကျစီမံခန့်ခွဲဆောင်ရွက်သွားကြရန်အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် စာချုပ်များချုပ်ဆိုဆောင်ရွ က်လျက်ရှိပြီး စာချုပ်ပါ ကတိကဝတ်များအတိုင်း လိုက်နာစေရန်အတွက်လည်း အမြဲမပြတ် စိစစ်ဆောင်ရွက်ရမည်ဖြ စ်ကြောင်းလည်း ၎င်းကဆိုသည်။
လက်ရှိချုပ်ဆိုထားသည့် စာရွက်များမှာ ခေတ်ကာလနှင့်လိုက်လျောညီထွေမှု မရှိခြင်းများ နိုင်ငံတော်အတွက် နစ်နာခြ င်းမျိုးများ စိစစ်တွေ့ရှိပါကလည်း လိုအပ်သလိုပြင်ဆင်ချုပ်ဆိုမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားခဲ့သည်။
လက်ရှိတွင် မုတ္တမကမ်းလွန်ရှိ ရဲတံခွန်၊ ရတနာနှင့် ဇောတိကစီမံကိန်းများကို ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက လုပ်ကိုင်နေပြီး ရခိုင်ကမ်းလွန်မှ ရွှေစီမံကိန်းကို တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီက ဦးဆောင်လုပ်ကိုင်နေသည်။
ကမ်းလွန် ရေနံ နှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှာ ခိုအောင်း သဘာဝဓာတ်ငွေ့ ပမာဏတွေ့ရှိသည်မှ စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သည်အထိ အနည်းဆုံး (၇) နှစ်မှ (၁၀) နှစ်အထိ အချိန်ယူရလေ့ရှိကြောင်း သိရသည်။
